တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အရပ်သား ၁၄၀ ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ကာလအတွင်း ပြည်သူ၁၄၀ ကျော်ဖမ်းဆီးခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တောင်ကြီး မြို့ပေါ်တွင် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညဘက်ပေါ်တာဆွဲဖမ်းဆီးခံရမှုများ ပိုများပြားလာကြောင်း မြို့ခံများထံမှ သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးခံရသူများမှာ စဝ်စံထွန်းရပ်ကွက်တွင် (၁၀) ဦး၊ ညောင်ဖြူစခန်း (၁၂)ဦး၊ ရတနာသီရိတွင် (၁၅)ဦး၊ ချမ်းမြရပ်ကွက် (၁၀)ဦး၊ ရွှေတောင်ရပ်ကွက် (၂၀)ဦး၊ စိန်ပန်းရပ်ကွက် (၁၆) ဦး၊ကံသာရပ်ကွက် (၁၄)ဦး၊ ကျောင်းကြီးစုတွင် (၂၃)ဦး၊ မင်္ဂလာဦးတွင် (၁၀)ဦးနှင့် ဘုရားဖြူရပ်ကွက်တွင် (၁၆)ဦး တို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း TGI SRမှ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

အရင်နှစ်တန်ဆောင်တိုင်ပွဲတော်

ဖမ်းဆီးခံရသူ အများစုမှာ ဆေးသမားများဖြစ်ပြီး ဖမ်းဆီးရမိသူများကို စစ်မှုထမ်းတပ်သားအဖြစ် အသုံးပြုနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ တန်ဆောင်တိုင် မတိုင်ခင်ကတည်းက ပေါ်တာဆွဲနေတာ။ ညဘက်ဆို အပြင်တောင်မထွက်ရဲဘူး။ ဖမ်းခံရတဲ့သူ အများစုက ဆေးသမားတွေ။ သူတို့က ငွေနဲ့ တောင်မရွေးခိုင်းတော့ဘူး။ တပ်သားအနေ့နဲ့ စုဆောင်းတာ ဖြစ်မယ်။အိမ် အထိတော့ဝင်မဆွဲဘူး။လမ်းသွားလမ်းလာတွေကိုဆွဲတာ။” ဟု မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ပေါ်တာဆွဲမှုကြောင့် အမျိုးသားများအနေဖြင့် ညဘက်အပြင်ထွက်ချိန် သတိရှိသင့်ကြောင်းနှင့် မလိုအပ်ဘဲ အပြင်မထွက်ရန် တိုက်တွန်းပြောဆိုထားသည်။

“အခုတလော ရေအေးကွင်း ရပ်ကွက်နဲ့ ဝါးပြားလမ်းဆုံမှာ အခုပိုဖမ်းနေတယ်။ တန်ဆောင်တိုင် အတွင်းတုန်းကလည်း အဖမ်းခံရတာတွေလည်းကြားတယ်။ မလိုအပ်ဘဒ အပြင်မထွက်တာ အကောင်းဆုံးပဲ။ ညနေရောက်ပြီဆို ကိုယ့်အိမ်မှာ ကိုယ်ရှိနေတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အဖမ်းလည်း ခံရ ငွေလည်း ညှစ်ခံရဆို နှစ်ခါနစ်နာတယ်။” ဟု မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် အဖမ်းအဆီးကြမ်းနေပြီး ပြီးခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် ကာလအတွင်း လိုင်စင်မရှိသည့် ကားနှင့် ဆိုင်ကယ်အများပြားကို စစ်ကောင်စီဖက်မှ ဖမ်းဆီးနေပြီး လူငယ်များကိုလည်း ပေါ်တာဆွဲသွားကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...