တောင်ကြီးရှိ ဟိုတယ်နှင့်တည်းခိုခန်း တည်းမည့်သူများ မှတ်ပုံတင်မိတ္တူနှင့် ရုပ်ပုံပါ စစ်ကောင်စီကိုပို့ရ

တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းသို့ သွားရောက်တည်းခိုမည့် ဧည့်သည်များကို မှတ်ပုံတင် မိတ္တူ အရှေ့နောက် နှင့် ဧည့်သည်၏ပုံကို ရိုက်ပြီး ဌာနဆိုင်ရာ များထံသို့ပို့ ဆောင်ပေးရကြောင်း စုံစမ်းသိရသည်။

တောင်ကြီး တန်းဆောင်တိုင်

သျှမ်းပြည် တော်ကြီးမြို့ ရှိ ဟိုတယ်နှင့်တည်းခိုခန်း များတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာ လကုန်ထိ လာရောက် တည်းခိုမည့် ဧည့်သည်များကို မှတ်ပုံတင် မူရင်း၊မိတ္တူ အရှေ့နောက် နှင့် ဧည့်သည်၏ပုံကိုရိုက်ပြီး ဌာနဆိုင်ရာ များထံသို့ ပေးရကြောင်း တောင်ကြီးမြို့တွင်း ဟိုတယ် ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

“မှတ်ပုံတင် မူရင်းလည်းယူတယ်။ ဧည့်သည်တွေရဲ့တစ်ကိုယ်လုံးပုံကိုလည်းယူတယ်။ ပြီးတော့ မှတ်တင်ပုံရဲ့အရှေ့ဖက်၊အနောက်ဖက်ကို အကုန် မိတ္တူ ယူပြီး ဌာနဆိုင်ရာတွေကို သွားပို့ပေးရတာ၊ရုံး ၃ခု ၄ ခုလောက်တော့ ပို့ပေးရတာ။ သက်ဆိုင်ရာကလည်း ပို့ပေးဖို့တောင်းဆိုထားတာပေါ့နော်” ဟု ဟိုတယ် ဝန်ထမ်းတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ်

လက်ရှိ ကာလသည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပသည့်အချိန်ကာလဖြစ်ပြီး၊ စစ်ကောင်စီမှ​ဦးစီးကျင်းပသည့် ပွဲတော်ဖြစ်သဖြင့် ပွဲပျက်မည်ကို စစ်ကောင်စီဘက်မှ စိုးရိမ်မှုများရှိနေကြောင်း တောင်ကြီးဒေသခံများက သုံးသပ်ပြောသည်။

” တော်လှန်ရေးအင်အားစုကလည်း ပွဲတော်မသွားဖို့၊ နောက်တခုခုဖြစ်ရင် တာဝန်မယူဘူးဆိုတာတွေ အခုလည်း လွိုင်ကော်ဘက်က စစ်ရှောင်တွေက တောင်ကြီးဘက်ကို အများအပြားရောက်လာတော့ စကစဘက်ကလည်း စိုးရိမ်လာလို့ အဲ့လို လုပ်လိုက်တဲ့သဘောပဲ” ဟု တောင်ကြီးဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လူသူကင်းမဲ့နေသော တောင်ကြီးမြို့လယ်ခေါင်

ထိုပြင် ယနေ့ (နိုဝင်ဘာ ၂၁)ရက် ညနေ တွင် တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲရှိသဖြင့် တောင်ကြီးမြို့ အဝင်ဂိတ်ပေါက်များအားလုံးပိတ်ဆိုင်းထားပြီး၊အထွက်သာခွင့်ပြုကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပြုလုပ်မည့် ကွင်းရှိအနားရှိ တက္ကသိုလ်ဝင်သည့်လမ်း၊ ဧရာဝတီလမ်း၊ သံလမ်း၊ လမ်းကြိုလမ်းကြား အားလုံးပိတ်ထားကြောင်းသိရသည်။

တောင်ကြီးတန်ဆောင်တိုက်ပွဲတော်ကိုသွားရောက်လည်ပတ်ရန်အတွက် အချို့ဒေသခံများလည်း လုံခြုံရေး စိုးရိမ်မှုများရှိနေကြပြီး ပွဲတော်သို့ သွားလာခြင်းမပြုရန်လည်း တော်လှန်ရေးလုပ်သူများက တိုက်တွန်း ထားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...