တောင်ကြီး တန်ဆောင်တိုင် ရိုးရာပွဲတော်ကို ပြန်လည်ကျင်းပမည်

သျှမ်းပြည် တောင်ကြီးမြို့တွင် နာမည်ကြီး တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရသည်။

ညမီးကြီး

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ် – ၁၉ ကူးစက်မှုရောဂါ ဖြစ်ပွားချိန်မှစပြီး ၃ နှစ်ကြာ ရပ်နားခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ပြန်လည်ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ လုပ်ငန်းကော်မတီ ပြန်ကြားရေးတာဝန်ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ် တန်ဆောင်တိုင်ပွဲ ပြန်လည်ကျင်းပသွားမယ်လို့ အပေါ်ကနေ အစည်းအဝေး ထိုင်ပြီးတော့မှ ထုတ်ထားတာဗျ။ ကျနော်တို့က အခုမှ ကြေညာထားတယ်ဆိုတော့ မှီပါသေးတယ်။ တကယ်တမ်း ပွဲကျင်းပတာက နိုဝင်ဘာလမှစပြီး ကျင်းပတာဗျ။ ဒီနှစ်တန်ဆောင်မုန်းလပြည့်က ၂၇ ရက်နေ့မှဆိုတော့ နိုဝင်ဘာလ နောက်ဆုံးပတ်လောက်မှပေါ့ ပွဲတော်ကျင်းပသွားမယ် “ ဟု ၎င်းမှ ဖြေကြားထားသည်။

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခုလို ပြန်လည် ကျင်းပလာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရာ အမွေအနှစ်ကို ပြန်လည်ထိန်းထိမ်းသည့်အနေဖြင့် အစဉ်အလာမပြတ် ပြန်လည်ကျင်းပ သွားရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ခေတ်ကာလ အခြေအနေ မကောင်းသည့်အချိန်၌ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ပြန်လည်စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် ပတ်သက်၍ ဒေသခံများက ဝေဖန်နေကြောင်း သိရသည်။

“ပျော်စရာ ကောင်းနေတဲ့ အချိန်အခါမှ မဟုတ်တာ။ အခု ဒုက္ခကြုံတွေ့ ခံနေရတဲ့သူတွေ ကိုယ်ချင်းစာ စေချင်တယ်။ တချို့တွေ မိသားစု ထမင်းဝိုင်း မစုံတော့ နေစရာ အိမ်မရှိကြတော့အချိန် ပျော်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူးဗျာ “ ဟု တောင်ကြီးမြို့ ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယမန်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်ကြီး တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို စစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်ခဲ့ကာ ပွဲစည်ကားဖို့အတွက် တစ်ဦးကို ကျပ်ငွေ (၅,၀၀၀) ကျပ်မှ (၂၀,၀၀၀) ကျပ်အထိ ဈေးတင်ပေးပြီး လူငှားခေါ်ခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း ရိုးရာ မီးပုံးပျံပညာရှင်များအသင်းမှ ကြေညာထားချက်အရ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်အတွင်း ညမီးကြီး မီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံ နှင့် နေ့လွှတ်အရုပ် ခြေ (၂) ချောင်း ခြေ (၄) ချောင်း အရုပ်စုများကို လွှတ်တင်သွားမည်ဖြစ်သလို ပွဲတော်၏ အစီစဉ် အသေးစိတ်ကိုလည်း ပွဲရက်ကာလ အနီးရောက်လျှင် တစ်ဖန်ကြေညာသွားဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...