Tuesday, January 27, 2026

တန်ဆောင်တိုင်မီးပုံပျံပွဲတော် ဝင်ရောက်ယှဥ်ပြိုင်မည့်သူ နည်းပါး

စစ်ကောင်စီဦးစီးပြီး ပြုလုပ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အချို့သော မီးပုံးပျံပြိုင်ပွဲ ဝင်များက ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးတန်ဆောင်တိုင်

သျှမ်းပြည် တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက် မှ နိုဝင်ဘာ ၂၇ရက်ထိ ၇ ရက်ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းပြည် တောင်ပိုင်း ရိုးရာမီးပုံးပျံအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၁၉ခုနစ် Cov-19 ကြောင့် တန်ဆောင်တိုင်ပွဲတော်ကိုရပ်နားခဲ့ရပြီး၊ ၂၀၂၂ နိုဝင်ဘာလတွင် စစ်ကောင်စီဦးစီးကာ ပြန်လည် ပြုလုပ်ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယ အကြိမ်မြောက် ပြန်လည်ကျင်းပ ခြင်းဖြစ်သည်။

“ကျနော်တို့က ပြိုင်ချင်တဲ့ အသင်းရှိမယ်။ မပြိုင်ချင်တဲ့အသင်းရှိမယ်။ ကျနော်တို့က ဘယ်သူ့ကိုမှ လည်းပြိုင်ပါလို့လည်း မပြောဘူး ၊ မပြိုင်နဲ့လို့လည်း မပြောဘူး။ စိတ်ဆန္ဒ ရှိတဲ့ အသင်းဖွဲ့တွေကို ဖိတ်ခေါ်ပြီးတော့မှ ပြိုင်ဖို့ပြောထားတာပါ” ဟု သျှမ်းပြည် တောင်ပိုင်း ရိုးရာမီးပုံးပျံအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုချိန်သည် စစ်ရေး၊နိုင်ငံရေး နှင့် အခြားသော အကြောင်းအရာများကြောင့် အချို့သော မီးပုံးပျံပြိုင်ပွဲ ဝင်များက နာမည်ပျက်ခံ၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မီးပုံးပျံလုပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူများမြို့ကတော့ တောင်ကြီးကို မကောင်းဘူးလို့ ပြောခံရမာစိုးရိမ်တာပါ၊ ကိုယ်တိုင် ဝင်မပြိုင်ရဲ တာကလည်း တကယ်ပါ အဓိက အဲ့ဒါကြောင့်ပါပဲ “ ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအခြေနေကြောင့် တန်ဆောင်တိုင်ပွဲတော်က ယခင်ထက် ပျော်စရာကောင်းမည်မဟုတ်ကြောင်း၊ မီးပုံးပျံ လုပ်သည့် သူများလည်း ရှားပါပြီး၊ ထိုမီးပုံးပျံလုပ်သူများသည် လုပ်သည် တစ်ယောက် တစ်နေရာ ရောက်ကုန် ပြီဖြစ်ကြောင်း မီးပုံးပျံလုပ် သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် နေ့တိုင်း အရုပ်ခြေ ( ၂ )ချောင်း ( ၄ )ချောင်း ၊ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ များကို လွှတ်သွားမည် ဖြစ်ကြောင်း သျှမ်းပြည် တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်အသင်း မှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...