တောင်ကြီးတွင် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဆိုင်ကယ်များပျောက်

ေသျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွင်း လုံခြုံရေးတင်းကြပ်ထားသည့် ကြားမှ ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ဟု မြို့ခံများပြောပြချက်အရသိရသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း ဆိုင်ကယ်များအပ်နှံထားသည့်နေရာတွင် ဆိုင်ကယ် အစီး(၂၀) ကျော်ကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ပျောက်ဆုံးသွားပြီး ဖုန်းနှင့် အခြားသော တန်ဖိုးကြီး ပစ္စည်းများပါ ပျောက်ဆုံးသွားကြောင်း ဖြစ်စဉ် သိရှိသူ တစ်ဦးက ပြောသည်။

“နိုဝင်ဘာလ (၁၁) ရက်နေ့တုန်းကလည်း ဆိုင်ကယ်အပ်ထားတဲ့ နေရာမှာ အစီး (၂၀) ကျော်ပျောက်သွားတယ်။ ဖုန်းတောင်ခါးပိုက်နှိုက်ခံလိုက်ရတယ်။ ဒီပွဲခင်းထဲမှာပဲ အိတ်ကပ်ထဲ ထည့်ထားတာကို ရအောင်နှိုက်သွားတာ။ အိုင်ဖုန်းတွေပဲ ပိုပျောက်ကြတာ။ သူတို့စားစရာမရှိတော့ ခိုးစားကြတယ်နေမှာပေါ့။”ဟု ဖုန်းပျောက်သွားသူ အမျိုုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၄ တောင်ကြီးတန်ဆောင်တိုင်ပုံ

ထို့အပြင် တောင်ကြီး တန်ဆောင်တိုင် ပွဲအတွင်း လိုင်စင်ရှိသည့် ကားနှင့် ဆိုင်ကယ်ကိုသာ ဝင်ခွင့်ပြုပြီး လိုင်စင်မရှိသည့် ကားကို သိန်း(၃၀) ဖြင့် ပြန်ရွေးခိုင်းကြောင်း ၎င်းအမျိုးသားက ပြောသည်။

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဟိုပုံး-တောင်ကြီးလမ်း ပိုက်နေပြီး တောင်ကြီးမြို့ပေါ်တွင်လည်း ကားလမ်းပိတ်နေတာကြောင့် သွားလာရခက်ခဲသည်ဟု မြို့ခံတစ်ဦးကပြောသည်။

“ဒီနှစ် လူအရမ်းစည်တာ။ ဟိုပုံးဖက်ကနေ တောင်ကြီးလာမယ်ဆိုလည်း လမ်းက ပိတ်ထားတယ်။ မြို့ထဲမှာလည်း ကားတွေ ကြပ်ပိတ်နေတာပဲ။ သွားရလာရတာလည်း မလွယ်ဘူး။ ကြားထဲက လိုင်စင်မရှိတဲ့ကားတွေကို ဖမ်းလိုက်သေးတယ်။” ဟု မြို့ခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ (၁၁)ရက်မှ (၁၇) ရက်အထိ ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းပြည်တောင်ပိုင်း ရိုးရာ မီးပုံးပျံပညာရှင်များ အသင်းက ထုတ်ပြန်ကြေညာထားသည်။

တန်ဆောင်တိုင်ပွဲတော်အတွင်း လုံခြုံရေးများကို ပွဲဈေးတန်း အဝင်မှ စပြီး အဝေရာမီးပုံးပျံကွင်း အဝင်မှ စ၍ ကွင်းအတွင်း တို့တွင် ယခင်နှစ်များထက် လုံခြုံရေး တိုးမြှင့်ချထား ပြီး စစ်ဆေးဆောင်ရွက်မှုများရှိနေသည်။

အလုပ်သင် သတင်းထောက် နန်းလရောင်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...