တောင်ကြီး တန်ဆောင်တိုင်ကာလ ဖမ်းဆီးခံလူငယ်(၁၄၀)ကျော် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့

တောင်ကြီး တန်ဆောင်တိုင်ကာလ အတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၁၄၀)ကျော်ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စတင်ပြီး တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများပါ ထပ်မံပြုလုပ်ခဲ့ပြီး တန်ဆောင်တိုင်ကာလတွင် ဖမ်းဆီးခံရသူ လူငယ် (၁၄၀ )ကျော် ရှိခဲ့သည်။

အဆိုပါ လူငယ် (၁၄၀)ကျော်ထဲတွင် အမျိုးသမီးများလည်း ပါဝင်နေပြီး ယခင်က ငွေပေးလျှင် ပြန်လွှတ်ပေးသော်လည်း ယခုအချိန်တွင် ငွေပေးလျှင်လည်း မရတော့ဘဲ ဖမ်းဆီးခံရသူများကို ကျိုင်းတုံဘက်သို့ စစ်သင်တန်း တက်ရောက်ခိုင်းကာ ရှေ့တန်းပို့လိုက်သည်ဟု ဖမ်းဆီးခံရသည့် လူငယ်များနှင့် နီးစပ်သူက ပြောသည်။

တန်ဆောင်တိုင်ပွဲတော်

“တောင်ကြီးတန်ဆောင်တိုင် မတိုင်ခင်လေးက လူငယ်အများကြီး ROYAL တောင်ကြီးမှာ ၂၀ ကျော် ဖမ်းခံရတယ်။ မိန်းကလေးတွေလည်းပါတယ်၊ PNO ဘက်က သားသမီးတွေကိုတော့ ပြန်လွှတ်တာပေါ့။ တစ်ခြား ဘာမှ မရှိတဲ့ သူတွေကတော့ ငွေနဲ့ ပေးလည်း မရဘူး အဖမ်းခံရတယ်။ ပြီးရင် ကျိုင်းတုံဘက်ကို ပို့ပြီး ရှေ့တန်းပို့တယ် ကြားတယ်” ဟု အဆိုပါ နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံရမှုများကြောင့် ညဘက် အပြင်မထွက်ရဲကြတော့ဘဲ ပိုက်ဆံပေးနိုင်ပြီး လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူများသာ ညဘက် အပြင်ထွက်ကြတော့ကြောင်း တောင်ကြီးမြို့နေ လူငယ် တစ်ဦးက ပြောသည်။

ထို့ကဲ့သို့ စစ်ကောင်စီတပ်မှ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာသောကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် လုံခြုံရေးကို ပို၍ စိုးရိမ်နေရကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကိုယ်က သားယောကျ်ားလေး မွေးထားရတော့ ပိုဆိုးတာပေါ့။ ညဘက်လည်း စိတ်ပူတယ်၊ နေ့လည်း ဘယ်သွားသွား စိတ်ပူတယ်။ ကိုယ်က ကျောထောက်နောက်ခံ ဘာမှ မရှိတော့ စိုးရိမ်ရတယ်။ ပိုက်ဆံရှိရင်တောင် ပြန်ရွေးလို့ မရတော့ဘူးလေ”ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့ပေါ်တွင် ညဘက် ၇ နာရီကျော်မှ စပြီး မြို့ထဲနှင့် ရပ်ကွက်များတွင် လူသွားလာမှု နည်းပါးလာပြီး ညဈေးတန်းများ၌သာ လူအနည်းငယ် ရှိတော့သည်ဟု ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...