လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက်ရှိ နမ့်ပေါင်၊ ဟိုယကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) က အစည်းအဝေး ခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာနှင့်အတူ တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် MNDAA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လွယ်ငင်းရွာမှာ ကိုးကန့်ဘက်က အစည်းအဝေးခေါ်ပြီး ဆိုင်းဘုတ်တွေကို ဗမာစာ အပေါ်က၊ တရုတ်စာ အလယ်က ပြီးတော့ သျှမ်းစာကို အောက်က အဲဒီလိုမရေးရင် ဆိုင်ပိတ်မယ်လို့ ပြောတယ်။ ဈေးဆိုင်တွေကို လိုင်စင်လုပ်ပေးပြီး အခွန်ကောက်မယ်၊ ၃ ရက်အတွင်း အပြီးလုပ်ခိုင်းနေတာ” – ဟု မိုင်းရယ်မြို့နယ် ဟိုယဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး-မိုင်းရယ်ကြားတွင် နမ္မဗောဒ၊ နမ့်ပေါင်၊ ဟိုယ စသည်ဖြင့် ဈေးများရှိပြီး ယင်းမတိုင်မီ နိုဝင်ဘာလ (၁၄) ရက်တွင် ဟိုယကျေးရွာအုပ်စုရှိ ဆိုင်ရှင်များကို ၁၂ မိုင်ခန့် ကွာဝေးသည့် လွယ်ငင်းကျေးရွာတွင် ခေါ်ယူကာ မြန်မာစာနှင့် သျှမ်းစာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ တပ်ဆင်ရန် MNDAA ဘက်မှ ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

MNDAA_Celebrates_Shan_New_Year
သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ် MNDAA အထူးကုဆေးခန်း ဖွင့်လှစ်သည့် ဗွီနိုင်းကြော်ငြာ (ဓာတ်ပုံ-The Kokang)

သို့သော် ယမန်နေ့တွင် ဈေးဆိုင်ဆိုင်းဘုတ်များ၌ တရုတ်စာပါ ထည့်သွင်းရေးသားရန် ထပ်မံညွှန်ကြားခဲ့ရာ ဆိုင်းဘုတ်အသစ် ထပ်မံပြုလုပ်ရပြီး စရိတ် နှစ်ခါ ကုန်ကျနေရခြင်းကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗီနိုင်းဆိုင်းဘုတ်များကို အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်လိုက်ပြီး မြန်မာစာ၊ သျှမ်းစာ အသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားတွင် နေရာယူတပ်စွဲထားသည့် ကိုးကန့်တပ်များမှာ နေရာ ပြောင်းရွှေ့ ဆုတ်ခွာခြင်း မရှိသည့်အပြင် စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှု မရှိဘဲ မူလအတိုင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

“လားရှိုးမြို့ရှောင်လမ်းကနေ ဟိုယအထိက ဘာမှ ပြောင်းလဲမှု မရှိသေးဘူး။ စစ်ရေးကတော့ တင်းမာနေတာမျိုး မရှိဘူး။ ကိုးကန့်တပ်ဆုတ်တယ် ဆိုတာလည်း မဟုတ်ဘူး၊ နဂိုအတိုင်း ရှိသေးတယ်။ စစ်တပ်ဘက်က ကိုးကန့်ဂိတ် ဖြတ်ဖို့ လူစာရင်း ပေးရတာ၊ ကားစစ်ခံရတာ အရင်လို ရှိတုန်းပဲ” – ဟု လားရှိုး-မိုင်းရယ် ပြေးဆွဲနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ စစ်ကောင်စီဂိတ်တွင် တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းလာပြီး ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများကို ဖြတ်သန်းလာသည့် တရုတ်ထုတ်ကုန်များကို အတင်းအကြပ် စစ်ဆေးကာ သယ်ယူခွင့်မပြုကြောင်း ကုန်သည်များထံမှ သိရသည်။

“ကုန်ကတော့ တကယ် တားထားတယ်၊ လုံးဝ ပေးမဖြတ်ဘူး။ ဟိုယမှာရှိတဲ့ စစ်တပ်ဂိတ်က ကြွပ်ကြွပ်အိတ်မှာ တရုတ်စာ ပါရင်တောင် ပြန်လဲခိုင်းပြီးမှ ပေးယူတာ၊ ဒါတောင်မှ ဒေသခံ ဈေးသွားဝယ်လာတာ။ ကား၊ ဆိုင်ကယ်နဲ့ သယ်လာရင် လုံးဝကို မရဘူး။ အဝတ်အထည်၊ အစားအသောက်ဆို တရုတ်စာပါတာနဲ့ ပေးမဖြတ်တော့ဘူး၊ အကုန်သွန်ချခိုင်းတာ” – ဟု အဆိုပါ ယာဉ်မောင်းအမျိုးသားက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှုများကြောင့် ပြည်သူများ သွားလာရေး ခက်ခဲနေသည်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်သည် MNDAA နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် သီပေါတံတားကြီးကို နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ နှစ်ပတ်နီးပါးအကြာ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး ယနေ့အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း မန္တလေး-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...