Wednesday, January 28, 2026

CATEGORY

ယဉ်ကျေးမှု

ရင်တထိတ်ထိတ် … တပေါင်းပွဲ

သံရှည်ဆွဲကာ ဆွဲဆွဲငင်ငင် ဆိုလိုက်တဲ့ အသံ ဟာ အေးစိမ့်လှတဲ့ လေထုကို ဖြိုခွင်းပြီး တပေါင်းပွဲခင်း ကွင်းပြင်ဆီကနေ ပျံ့လွှင့်လာတာ ဖြစ်ပါတယ်။ မနက် ၄ နာရီ အချိန် သျှမ်းဇာတ်ပွဲကနေ သျှမ်းဘာသာစကားနဲ့ အပိတ် နှုတ်ဆက် အက ဟာ စောင့်ခြုံ ကွေးနေကြတဲ့ ဈေးသည်တွေကို...

၅ နှစ်ကြာရပ်နားထားသည့် ပင်းတယတပေါင်းပွဲ ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ကိုဗစ်ကာလတည်းက ရပ်နားထားသည့် တပေါင်းပွဲအား ယခုနှစ်တွင်ပြန်လည်ပြုလုပ်ကျင်းပနေကြောင်း စုံစမ်းသိရှိရသည်။  ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်ပြီး ၅ နှစ်ကြာရပ်နားထားခဲ့သော ပင်းတယမြို့နယ် တပေါင်းပွဲတော်အား ယခုနှစ်မတ် ၁၀ ရက်မှ မတ် ၁၅ ရက်အတွင်း စစ်ကောင်စီမှ ဦးဆောင်၍ ပြန်လည်ကျင်းပနေကြောင်း ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “စစ်ကောင်စီအလိုကျ ပွဲကျင်းပရတာဆိုပေမယ့်၊...

ပထမဆုံးအကြိမ် ထနော့အမျိုးသားနေ့ အခမ်းအနားကို ကလောမြို့နယ်တွင် ကျင်းပပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လှ ကျေးရွာတွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထနော့လူမျိုး အများဆုံးနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်သော ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာတွင် ပြီးခဲ့သည့် (မတ်လ ၈ ရက်)တွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒေသခံ...

နွေဦးတော်လှန်ရေးတွင် ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် ပြောဆိုသယောင် သတင်းအမှားဖြန့်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နွေဦးတော်လှန်ရေးတွင် ထိန်းကျောင်းပြီး ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုကြောင်း ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖြန့်ချိခဲ့ပြီး “ဒီတော်လှန်ရေးက မင်းတို့လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးပဲ။...

နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံကို အိန္ဒိယနိုင်ငံ အာသံနယ်မှာ ကျင်းပ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း နေထိုင်သည့် သျှမ်းလူမျိုးများမှ သျှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲနှင့် ပထမအကြိမ် နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံတို့ကို လက်ခံကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ကျင်းပပြုလုပ်နေသည့် သျှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ International Workshop on Tai...

တိတ်ဆိတ်မှုတွေနဲ့ ပီမိုင်တိုင်း

“မႂ်ႇသုင်ၶႃႈ ပီႈၼွင့်ႁဝ်းၶဝ်” (မိုင်ဆုန်ခ ပီနောင့်ဟောဝ်းခေါင်) လို့ စုပေါင်း ဟစ်ကြွေးလိုက်ပြီး နောက်မှာတော့ သျှမ်းနှစ်သစ်ကူး တေးသီချင်းများကို စတင်သီဆိုကြသည်။ သျှမ်းနှစ်သစ်ကူး မရောက်ခင် တစ်ပတ်အကြိုခန့် ကတည်းကပင် နှစ်သစ်ကူးကို ကြိုဆိုကြရန်အတွက် အိမ်တိုင်း ပြင်ဆင်ကြလေသည်။ သီချင်းများ သီဆိုရန်အတွက် အိုးစည်ဝိုင်းငှားရမ်းခြင်း၊ သီဆိုသူများကို ကျွေးမွေးရန်နှင့် ကြိုဆို ဖိတ်ခေါ်အိမ်များကို...

မိုင်းဖုန်းဆရာ‌တော်တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များ ဖျက်ဆီးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များကို အမည်မသိ လူတစ်စုက ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်အတွင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု နယ်မြေ (က) ရှိ မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီရှိ ထီးတော်များကို အမည်မသိ လူတစ်စုက...

နမ့်ခမ်း TNLA ဦးဆောင်ပြီး တိုက်ပွဲကြား ကျင်းပမည့် သင်္ကြန်ပွဲကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဦးဆောင်ပြီး တိုက်ပွဲကာလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်ကြောင့် ဒေသခံများက လုံခြုံရေး စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ နမ့်ခမ်းမြို့၌ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ...

လင်းခေး ရှင်လောင်းပွဲရောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

ယနေ့ (ဧပြီလ ၃ ရက်)တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု၌ ကျင်းပသည့် ရှင်လောင်းပွဲသို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ပြီး ရှင်လောင်းများထံ အလှူငွေ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ၎င်းနောက်တွင် လင်းခေးမြို့နယ်အတွင်း နွေရာသီ သျှမ်းစာပေသင်တန်း ဖွင့်လှစ်သင်ကြားနေသည့် နားကုန်းကျေးရွာသို့...

တိုက်ပွဲပြင်းထန်သည့်ကြား (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြီးအကျယ်ကျင်းပ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တိုက်ပွဲပြင်းထန်သည့်ကြားက အကြီးအကျယ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၄ ရက်) တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့ ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီႏဗွေကွင်ꩻ) ၌ အကြီးအကျယ် ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားသို့...

Latest news