နွေဦးတော်လှန်ရေးတွင် ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် ပြောဆိုသယောင် သတင်းအမှားဖြန့်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နွေဦးတော်လှန်ရေးတွင် ထိန်းကျောင်းပြီး ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုကြောင်း ဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖြန့်ချိခဲ့ပြီး “ဒီတော်လှန်ရေးက မင်းတို့လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးပဲ။ ငါတို့ကတော့ ထိန်းကွပ်တဲ့၊ အလှူငွေသိမ်းတဲ့ အခန်းကဏ္ဍပဲရှိတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ Mizzima သတင်းဌာန၌ NUG ဝန်ကြီးချုပ်က ယင်းကဲ့သို့ပြောကြားထားကြောင်း ဖြန့်ချိနေသည်။

ထို့ပြင် မှိုင်းဝေချန်နယ်က “ဒီတော်လှန်ရေးက မင်းတို့လူငယ်တွေပဲသေကြ၊ တိုက်ကြ။ ငါတို့ကတော့ အသက်ကြီးပြီဆိုတော့ မင်းတို့လိုအသေမခံနိုင်တော့ဘူးဆိုတဲ့ သဘောပဲ” ဆိုကာ မှတ်ချက်ပေးထားသည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၆,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/PBCfj

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ ဖန်တီးရေးသားထားသည့် သတင်းအမှားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။
သတင်းစိစစ်တွေ့ရှိချက်

မှိုင်းဝေချန်နယ်က ဖော်ပြခဲ့သော Screeshoot ပုံတွင် Mizzima သတင်းဌာန၌ NUG ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိပါ။

ဖေဖော်ဝါရီလ ၂၄ ရက်ထုတ် Mizzima သတင်းတစ်ပုဒ်တွင် “ဒီတော်လှန်ရေးက မင်းတို့ လူငယ်တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးပဲ။ ငါတို့ကတော့ ထိန်းကွပ်တဲ့၊ ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍပဲရှိတယ်” ဟု ပြည်ထောင်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြောင်း ဖော်ပြထားသည်။

သို့ရာတွင် NUG သည် ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်းဆိုသည့် ပြောဆိုချက်အား ဖော်ပြထားခြင်း မရှိပါ။

သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/D7DX2

ထိုပြောဆိုချက်သည်လည်း ရန်ကန်သို့ ဦးတည်သည့် စစ်ရေးဖော်မှုများအတွက် ထပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက သွားရောက်တွေ့ခဲ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သွားရောက်တွေ့ဆုံခဲ့မှု မှတ်တမ်းရုပ်သံ အပြည့်အစုံကို NUG ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်က ဖော်ပြထားသည်။

ထိုမှတ်တမ်းရုပ်သံဖိုင်ထဲတွင်လည်း သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြခဲ့သလို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း မရှိပါ။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြောကြားချက် ဗီဒီယိုဖိုင် – https://shorturl.at/efOXc

သုံးသပ်ချက်

ထိုကြောင့် NUG သည် နွေဦးတော်လှန်ရေးတွင် ထိန်းကျောင်းပြီး ငွေကြေးထိန်းသိမ်းသည့် အခန်းကဏ္ဍတွင်သာ တာဝန်ယူထားကြောင်းဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။


သတင်းအမှားဖြန့်ချိသူတွေက NUG ကို ပုံဖျက်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...