Tuesday, January 27, 2026

ပထမဆုံးအကြိမ် ထနော့အမျိုးသားနေ့ အခမ်းအနားကို ကလောမြို့နယ်တွင် ကျင်းပပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လှ ကျေးရွာတွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထနော့လူမျိုး အများဆုံးနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်သော ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာတွင် ပြီးခဲ့သည့် (မတ်လ ၈ ရက်)တွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လွန်ခဲ့တဲ့ မတ်လ ၈ ရက်နေ့တုန်းက ထနော့ အမျိုးသားနေ့ အခမ်းအနားပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့တယ်။ ထနော့လူမျိုး အများဆုံးနေတဲ့ ရွာကို ရွေးပြီးလုပ်ဖြစ်တယ်။ ခပ်များများက ကျမတို့ ထနောလူမျိုးကို မသိကြတာ များတယ်၊ လူသိနည်းတဲ့ထဲမှာ ပါတယ်။ ပထမဆုံးအကြိမ် အမျိုးသားနေ့ ပွဲတော်ကို ပြုလုပ်နိုင်ခဲ့လို့ အင်မတန် ဝမ်းသာပီတိ ဖြစ်ရပါတယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

ထနော့လူမျိုးတို့သည် မွန်-ခမာ အုပ်စုတွင် ပါဝင်ပြီး “ဝ-ပလောင်”အုပ်စုခွဲ သုံးမျိုးထဲမှ သျှမ်း-ပလောင် သွေးနှောသည့် လူမျိုးဟု ယူဆကြောင်း မြန်မာဝီကီပီဒီးယားတွင် ဖော်ပြထားသည်။

ထနော့အမျိုးသားနေ့

ထနော့မျိုးနွယ် အများစုသည် အမျိုးသားနေ့ အခမ်းအနားပြုလုပ်ရသည့် အကြောင်းရင်းမှာ မျိုးချစ်စိတ်ဓာတ်များ ရှင်သန် ထက်သန်လာစေရန်နှင့် ထနော့ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ရိုးရာ ထုံးတမ်းအစဉ်အလာများနှင့် အနုပညာများကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကတော့ ကိုယ့်လူမျိုး မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်လာစေဖို့နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ကွယ်စေဖို့၊ ဓလေ့ရိုးရာ ထုံးတမ်းတွေ ကိုယ့်လူမျိုးရဲ့ အနုပညာတွေကို ထိန်းသိမ်းနိုင်စေဖို့အတွက် ပြုလုပ်ခြင်း ဖြစ်တယ်။ တချို့ဆို ကျနော်တို့ အမျိုးသားနေ့ အခမ်းအနား ပွဲလုပ်မှ ထနော့လူမျိုးလည်း ရှိတာလားဆိုတာ သိကြတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

ထနော့အမျိုးသားနေ့

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ နောင်ငင်းကျေးရွာ၌ ထနော့တိုင်းရင်းသား တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးတွင် ထနော့တိုင်းရင်းသား ရိုးရာဝတ်စုံ၊ ထနော့တိုင်းရင်းသား အလံနှင့် ထနော့တိုင်းရင်းသား အမျိုးသားနေ့တို့ကို အတည်ပြုသတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

ထနော့လူမျိုး နေထိုင်သည့် ကျေးရွာများတွင် ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးများနှင့် ရောနှောနေထိုင်ကြပြီး တောင်ယာနှင့် ခြံစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြပြီး လူဦးရေ (၆)ထောင် ဝန်းကျင်ရှိနေကြောင်း တက်ကြွလှုပ်ရှားသူ ၎င်းအမျိုးသားထံမှ သိရသည်။

ထနော့လူမျိုး နေထိုင်သည့် ဒေသအများစုမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ပညာရေး သင်ကြားမှု အခွင့်အလမ်း နည်းပါးခြင်းနှင့် တိုင်းရင်းသား ရပိုင်ခွင့်ရှိသည့် အခွင့်အရေးတို့လည်း များစွာ ဆုံးရှုံးနေရကြောင်း ၎င်းတက်ကြွလှုပ်ရှားသူ ထနော့အမျိုးသားက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...

ကလောမြို့ ချောင်းရေတက်ရေကြီးမှုဖြစ်

0
သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းက ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ယနေ့နေ့ညပိုင်းတွင် ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ချောင်းရေ မြင့်တက်လာရာ မြို့လယ်ပိုင်း ရပ်ကွက် (၄)...

ကလောမြို့၌ ယမ်းပေါက်ကွဲ၍ သံဃာ ၂ ပါးနှင့် လူ ၃ ဦး ဆေးရုံရောက်သွား

0
သျှမ်းတောင်၊ ကလောမြို့၊ ရပ်ကွက် (၃) ရှိ ရွာသစ် ဘုန်းကြီးကျောင်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲခန့်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားရာ သဃာတော် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသဖြင့်...