ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို PSMS အက်ပလီကေးရှင်း အသုံးပြု၍ စစ်ဆေးခဲ့ရာ အသက် (၂၉) နှစ်အရွယ် မသက်ထားသူဇာ ကို PDF တပ်ဖွဲ့များအား အလှူငွေ ကောက်ခံပေးသည်ဟု ဆိုကာ ဖမ်းဆီးလိုက်ကြောင်း ဖြစ်စဉ်သိရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (စစ်ကောင်စီ) ဆော့ဖ်ဝဲနဲ့ စစ်လိုက်တော့ အမှုဟောင်းရှိတယ် ဆိုပြီး ကားပေါ် ပေးမတက်တော့ဘူး။ အဲ့မိန်းကလေးက ခရီးသွားဖို့ ရပ်ကွက်ထောက်ခံစာလည်း ပါတယ်၊ အဲ့တာကို အမှုစစ်ဖို့ ခေါ်ထားတာ။ သူကိုယ်တိုင်လည်း ဘာအမှု လုပ်ထားမှန်း မသိဘူး”ဟု ကလောမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလောမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မသက်ထားသူဇာ သည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်ပြီး ထောက်ကြန့်နယ်မြေ ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၀-ည) ဖြင့် အမှုဖွင့်လှစ်ခံထားရသူ ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ဇူလိုင် (၂) ရက်တွင် သတင်းထုတ်ပြန်သည်။

ပုံစာ – ကလောမြို့နယ်အဝင် နန့်ပန်တက်စစ်ဆေးရေးဂိတ် (ပုံဟောင်း)

လက်ရှိတွင် ဖမ်းဆီးခံရသည့် အဆိုပါအမျိုးသမီးကို စစ်ကောင်စီမှ ကလော မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုရင်ဆိုင်နေကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်ကလည်း နမ့်စန်မြို့နေ ကျောင်းသူတစ်ဦးသည် တောင်ကြီးမြို့သို့ တက္ကသိုလ်တက်ရောက်ရန် ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နမ့်စန်မြို့အဝင် ထင်းရှူးမြိုင် စစ်ဆေးရေးဂိတ်၌ တက်ဘလက်ဖြင့် မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ (ည) ဖြင့် ဖမ်းဆီးခံရကာ အေးသာယာ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တရားစွဲခံထားရသည်။

အလားတူ မေလ ၂၂ ရက်ကလည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် PSMS ဆော့ဖ်ဝဲဖြင့် စစ်ဆေးခဲ့ရာ ကျေးသီးမြို့မှ နမ့်စန်မြို့သို့ ဦးတည်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် ဒဂုံ(မြို့သစ်) တောင်ပိုင်းမြို့နယ်မှ အသက် (၂၅) နှစ်အရွယ် မချစ်စု ဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် ဖော်ပြသည်။

လက်ရှိတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးမှုတင်းကြပ်နေခြင်းကြောင့်မဖြစ်မနေ ခရီးသွားရန် လိုအပ်သူများအနေဖြင့် မိမိ၏ လက်ကိုင်ဖုန်းများ၊ ဓာတ်ပုံများ၊ Facebook နှင့် Telegram ကဲ့သို့ ဆိုရှယ်မီဒီယာ အကောင့်များကို ဂရုတစိုက် စစ်ဆေးပြီးမှ အိမ်ပြင်ထွက်ရန်၊ Wave Money နှင့် KPay ၊ AYA Pay ကဲ့သို့ အွန်လိုင်းငွေလွှဲဝန်ဆောင်မှုများ အသုံးပြုရာတွင် ငွေလွှဲငွေထုတ် သေချာစစ်ဆေးပြီး အထူးသတိပြုလုပ်ရန် လိုအပ်သည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ရုရှားနည်းပညာသုံး ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများနှင့် PDF များကို ငွေကြေးထောက်ပံ့သူများအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...