သျှမ်းပြည်တွင် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၉၀) နီးပါးအထိ တိုးလာနေ

သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တုတူးဖော်မှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် တိုးချဲ့လာနေပြီး လက်ရှိတွင် မြေရှားသတ္တုတွင်း ၈၆ နေရာအထိ ရှိလာပြီ ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Stimson Center ၏ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ သိရသည်။

Stimson Center ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံတစ်ဝန်းတွင် မြေရှားသတ္တုတွင်းပေါင်း ၆၀၀ ကျော်ရှိပြီး ၎င်းအနက် သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တုတွင်း ၈၆ ခုမှာ အလျင်အမြန် တိုးချဲ့လာနေခြင်း ဖြစ်သည်။

မြေရှားသတ္တုသည် လျှပ်စစ်ကား (EV) ဘက်ထရီများ၊ စမတ်ဖုန်းများနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် သယံဇာတဖြစ်သည်။

သျှမ်းပြည်အတွင်း မြေရှားတူးဖော်မှုအများဆုံးနေရာမှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းပေါက်ဒေသတွင် ၃၉ ခု၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နယ်မြေဖြစ်သော မိုင်းယောင်းဒေသတွင် ၃၃ ခု၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေဖြစ်သော မန်တုံဒေသတွင် ၁၂ ခုနှင့် မိုင်းဆတ်ဒေသတွင် ၂ ခု အသီးသီး ရှိနေကြောင်း ဖော်ပြထားသည်။

အဆိုပါဒေသများတွင် တရုတ်နယ်စပ်အနီးတွင် တည်ရှိနေပြီး ထွက်ရှိသမျှ သတ္တုများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ISP-Myanmar ၏ အစီရင်ခံစာအရ ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးရှိ မြေရှားသတ္တုများ တင်ပို့ခဲ့သည်။

ထူးခြားချက်မှာ အဆိုပါဝင်ငွေ၏ ၈၄ ရာခိုင်နှုန်း (ဒေါ်လာ ၃.၆ ဘီလီယံ) မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် တနှစ်တည်းမှာပင် တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၁.၄ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မြေရှားသတ္တု လိုအပ်ချက် သုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးသည့် အဓိက အရင်းအမြစ် ဖြစ်လာခဲ့သည်။

တူးဖော်ရေးလုပ်ငန်းများတွင် တောင်တန်းများအတွင်းသို့ အမိုးနီးယားဆာလဖိတ် ကဲ့သို့သော ဓာတုအက်ဆစ်ရည်များ တိုက်ရိုက်လောင်းထည့်၍ သတ္တုထုတ်ယူသည့် “In-situ leaching” နည်းစနစ်ကို အဓိကအသုံးပြုနေကြကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

အဆိုပါနည်းစနစ်သည် ကုန်ကျစရိတ်သက်သာသော်လည်း မြေဆီလွှာနှင့် မြေအောက်ရေကြောများကို ဆယ်စုနှစ်ပေါင်းများစွာ အဆိပ်သင့်စေကာ စိုက်ပျိုးရေးနှင့် သောက်သုံးရေကို လုံးဝပျက်စီးစေသည့် နည်းလမ်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် နိုင်ငံတကာ၏ စောင့်ကြည့်မှုနှင့် ဂြိုဟ်တုဓာတ်ပုံများကို ရှောင်လွှဲရန်အတွက် အဆိပ်သင့်ဓာတုကန်များကို အမည်းရောင်အမိုးများဖြင့် ဖုံးအုပ်ထားသည့် နည်းဗျူဟာကိုပါ သုံးစွဲလာကြကြောင်း သိရသည်။

ကချင်ပြည်နယ် ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်မှုကြောင့် တောင်ပြိုခြင်း၊ ရေအရင်းအမြစ်များ ခမ်းခြောက်ခြင်းနှင့် ထူးဆန်းသော အရေပြားရောဂါများ ခံစားရခြင်း စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးများကို ဒေသခံများ ရင်ဆိုင်နေရပြီး ဖြစ်သည်။

ယခုအခါ ထိုဆိုးကျိုးများသည် သျှမ်းပြည်တောင်တန်းများဆီသို့ ကူးစက်လာနေပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက သတိပေးနေကြသည်။

လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကို အခွင့်ကောင်းယူကာ စည်းကမ်းမဲ့တူးဖော်နေသည့် အဆိုပါလုပ်ငန်းများကြောင့် ရရှိလာသည့် ဘဏ္ဍာငွေများသည် လက်နက်ကိုင်အဖွဲ့များအတွက် စစ်ရေးအသုံးစရိတ် ဖြစ်လာစေသည်။

သိုသော်လည်း ကျန်ရစ်မည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်ကိုမူ ဒေသခံပြည်သူများက မျိုးဆက်နှင့်ချီပြီး ခံစားရတော့မည် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ရာ မိုင်းပေါက်၌ မြေရှားသတ္တုတူးဖော်မှု အထိန်းအကွပ်မရှိ တိုးချဲ့လာ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းပေါက်မြို့နယ်တွင် မြေရှားသတ္တု တူးဖော်မှုများမှာ လွန်ခဲ့သည့် ၁၀ နှစ်ကထက် ၈ ဆ များပြားလာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ ၂၀၁၅ ခုနှစ်တွင် ‘ဝ’ထိန်းချုပ် မိုင်းပေါက်ဒေသ၌ မြေရှားသတ္တုတွင်းမှာ ၃ ခုသာ ရှိခဲ့သော်လည်း...