Tuesday, January 27, 2026

နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံကို အိန္ဒိယနိုင်ငံ အာသံနယ်မှာ ကျင်းပ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း နေထိုင်သည့် သျှမ်းလူမျိုးများမှ သျှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲနှင့် ပထမအကြိမ် နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံတို့ကို လက်ခံကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ကျင်းပပြုလုပ်နေသည့် သျှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ International Workshop on Tai Culture နှင့် ပထမအကြိမ် နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံ 1st International Tai Youth Festival သို့ သျှမ်းပြည်ကိုယ်စားပြု သျှမ်းစာပေပညာရှင်များ၊ သျှမ်းအဆိုတော်များနှင့် အကအဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြောင်း ညီလာခံတက်ရောက်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရည်ရွယ်ချက်ကတော့ အိန္ဒိယ အာသံပြည်နယ်မှာက သျှမ်းလူဦးရေ များတယ်၊ ဒါကြောင့် ဒေသတွင်းနိုင်ငံက သျှမ်းလူမျိုးအသီးသီးနဲ့ ချိတ်ဆက်ပြီး ယဉ်ကျေးမှုဖလှယ်တဲ့ ပွဲမှာ သျှမ်းမျိုးနွယ်စုအချင်းချင်း ခင်မင်ရင်းနှီးမှုရအောင်၊ ပြီးတော့ သူတို့လက်လှမ်းမမီတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကျနော်တို့ဘက်က သင်ပေးတာမျိုး ရှိတယ်။ ရှေ့လျှောက် ယဉ်ကျေးမှုမြှင့်တင်ဖို့ ဆွေးနွေးကြတာပါ”ဟု တောင်ကြီးမြို့မှ သျှမ်းလူငယ်အဖွဲ့ SYO ဥက္ကဋ္ဌ စိုင်းခေးလျိုက ပြောဆိုသည်။

အိန္ဒိယတွင် ကျင်းပသည့် သျှမ်းလူငယ်ညီလာခံ

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ နှင့် ၂၂ ရက်တို့တွင် သျှမ်းယဉ်ကျေးမှုနှင့် ဘာသာစကား ကာကွယ်ထိန်းသိမ်းရေး Preservation of Tai Heritage and Language ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ Dibrugarh တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံမှ သျှမ်းသမိုင်းပညာရှင် ဒေါက်တာစိုင်းစံအိုက်၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပညာရှင်များ စသည်ဖြင့် သျှမ်းယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ အဟုမ်သျှမ်းယဉ်ကျေးမှုအဖွဲ့ (Society for Tai Ahom Resurgence – STAR) အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်သည့် ၎င်းတွေ့ဆုံပွဲသို့ သျှမ်းပြည်မှ သျှမ်းသမိုင်းပညာရှင် ဒေါက်တာစိုင်းစံအိုက်၊ သျှမ်းတေးသံရှင် စိုင်းအောင်ထီးခမ်းနှင့် သျှမ်းယဉ်ကျေးမှု အကအဖွဲ့များအပြင် ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ ဖိတ်ကြားထားသူများလည်း တက်ရောက်ကြသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံအတွင်း သျှမ်းမျိုးနွယ်စု (၆) ခုဖြစ်သည့် Tai Ahom (တႆးဢႃႇႁူမ်ႇ)၊ Tai Khamti (တႆးၶမ်းတီႈ)၊ Tai Phake (တႆးၽႃၵေး)၊ Tai Aiton (တႆးဢၢႆႈတွၼ်း)၊ Tai Kham Yang (တႆးၶမ်းယၢင်း) နှင့် Tai Turung (တႆးတူးရုင်း) တို့ နေထိုင်သည်။

၎င်းတို့အထဲမှ Tai Khamti (တႆးၶမ်းတီႈ)၊ Tai Phake (တႆးၽႃၵေး)နှင့် Tai Aiton (တႆးဢၢႆႈတွၼ်း) (၃)မျိုးတို့သာ သျှမ်းဘာသာစကား အပြန်အလှန် ပြောဆိုနိုင်ကြပြီး စာပေလည်း သီးခြားရှိထားသည်။

သမိုင်းပညာရှင်များ၏ မှတ်တမ်းများအရ အိန္ဒိယနိုင်ငံ အာသံနယ်သည် ခရစ်နှစ် ၁၂၂၈ ခုနှစ်တွင် မိုင်းမောဝ်(မိူင်းမၢဝ်း)နိုင်ငံတော်မှ ဆင်းသက်လာသည့် စဝ်ဆေကာဖ (Chao Sukapha) မှ ဦးဆောင်၍ အဟုမ်နိုင်ငံတော်ကို ထူထောင်ပြီး ခရစ်နှစ် ၁၈၃၅ အထိ မင်းဆက် (၄၃) ဆက်၊ နှစ်ပေါင်း ၆၀၀ ကျော်တိုင်အောင် အုပ်ချုပ်ရေးတည်တံ့ခဲ့ကြောင်း လေ့လာသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းလူငယ်ချိတ်ဆက်မှုများလာရန် တွေ့ဆုံပွဲပြုလုပ်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး သျှမ်းလူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်း ထူထောင်ခြင်း (၂၅) နှစ်ပြည့်အနေဖြင့် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ သျှမ်းလူငယ်များ ချိတ်ဆက်မှုရရှိရန်နှင့် သျှမ်းလူငယ်များ စုစည်းညီညွတ်ပြီး လှုပ်ရှားမှုတရပ်...

စစ်ကောင်စီ  နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် TNLA  တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို...

မိုင်းရှူးလူငယ်တဉီးအား စစ်ကောင်စီကားဖြင့်တိုက်မိ သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၉)ရက် နေ့လည် ၁နာရီ ဝန်းကျင်တွင် သျှမ်းလူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာ လူငယ်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းရှူးမြို့နယ် ဝမ်လုံပန်စွဲကျေးရွာမှ မင်္ဂလာဆောင် တခုမှအပြန် စိုင်းမောင်ညို (ခ) စိုင်းနော်ခမ်းသည် ခြေလျင်တပ်ရင်း...

ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် သျှမ်း လူငယ်များ၏ မျှော်လင့်ချက်

သျှမ်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးပြဿနာများဖြင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ပြင် ပညာရေး၊ကျန်းမာရေးကဏ္ဍများတွင်လည်း အားနည်းလျက်ရှိပြီး အထူးသဖြင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကို ရင်ဆိုင်နေရသည်။ ယင်းပြဿနာများသည် သျှမ်းလူငယ်များအပေါ် ရိုက်ခတ်လျက်ရှိပြီး ၎င်းဒေသမှ လူငယ်များ၏ အနာဂတ်သည်လည်း မှေးမှိန်လျက်ရှိသည်။ ထို့ကြောင့် ယခု ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ်...

စက်ဘီးစီးခရီးသွားသျှမ်းညီအကို သျှမ်း၊မြောက်စစ်ဘေးရှောင်များရိက္ခာရရှိရေး လှုပ်ရှားမှုပြုမည်ဟုဆို

0
ထိုင်းနိုင်ငံချင်းမိုင်မြို့မှ မြန်မာပြည်အနှံ့ စက်ဘီးစီး ခရီးသွား သျှမ်းညီအကိုသည် လမ်းခရီး ၂ လ ကြာမြင့်ချိန် မန္တလေးမြို့သို့ရောက်ရှိကာ သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေးအတွက် စက်ဘီးစီး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ လူငယ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်များရိက္ခာရရေး စက်ဘီးစီးလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း စက်ဘီးစီးလူငယ် စိုင်းအွန်ခေးက သျှမ်းသံတော်ဆင့်အားပြောသည်။ “မန္တလေးကနေ သျှမ်းပြည်မြောက်ပိုင်းကိုတက်ပါမယ်။...