မိုင်းရှူးလူငယ်တဉီးအား စစ်ကောင်စီကားဖြင့်တိုက်မိ သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၉)ရက် နေ့လည် ၁နာရီ ဝန်းကျင်တွင် သျှမ်းလူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာ လူငယ်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းရှူးမြို့နယ် ဝမ်လုံပန်စွဲကျေးရွာမှ မင်္ဂလာဆောင် တခုမှအပြန် စိုင်းမောင်ညို (ခ) စိုင်းနော်ခမ်းသည် ခြေလျင်တပ်ရင်း (ခလရ) ၁၄၉ တပ်အနီး စစ်ကောင်စီတပ်သား မောင်းနှင်လာသော ကားက အရှိန်ဖြင့် ဝင်တိုက်သဖြင့် သေဆုံးသွားကြောင်း မျက်မြင်တွေ့ ရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စိုင်းနော်ခမ်း ကမင်္ဂလာဆောင်သွားကူပြီး ပြန်လာတာ၊ ခလရ ၁၄၉ နားမှာ သူ့ကားအပေါ်သူတက်ဖို့လုပ်နေချိန် စစ်တပ်ကားတစီးက သူ့ကို ၀င်တိုက်လိုက်တာ ၁၅ ပေလောက်လွှင့်ထွက်သွားတယ်။ ” ဟု ယင်းဖြစ်စဥ်များကို မြင်တွေ့ရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကားတိုက်ခံရမှုကြောင့် စိုင်းနော်ခမ်းသည် ဦးခေါင်းကွဲ၊ ခြေထောက်ကျိုး အပြင်းအထန်ဒဏ်ရာရရှိသွားသဖြင့် အနီးရှိတွေ့ဖြစ်စဉ်တွေ့ရှိသူ ပြည်သူလူထုက ၄င်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ သွေးထွက်လွန်သဖြင့် ဆေးရုံ အရောက် သေဆုံးသွားခဲ့သည်ဟု မိုင်းရှူးဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူဆေးရုံရောက်တော့ဆုံးသွားတာ။ ဆေးရုံကို ခလရ ၁၄၉ က ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ရှိတစ်ဦး က အရပ်၀တ်နဲ့ လိုက်လာတယ်၊ သူ့မိသားစုဝင်တွေကို ခေါ်တွေ့ပြီး သူတို့တပ်ကားမောင်းဆရာက အရက်မူးလွန်လို့ ဖြစ်သွားတာတဲ့။ သေဆုံးသူဆွေမျိုးဘက်က ကားသမားကို အမှုဖွင့်အရေးယူယူ မယူယူ သူတို့ကတော့ သူတို့ကားသမားကို ပြစ်ဒဏ်ပေးမှာဘဲ တဲ့ ။ ခြိမ်းခြောက်တဲ့လေသံနဲ့လာပြောသွားတယ်။ တာဝန်ယူဖို့တော့ တခွန်းမှ မပြောလာဘူး” ဟု မိသားစုဝင်နှင့် နီးစပ်သူက မြို့ခံလူငယ်တဉီးက ပြောသည်။

ကားတိုက်ခံရမှုကြောင့်သေဆုံးသွားသည့် စိုင်းနော်ခမ်း (အသက် ၂၈ နှစ် )တွင် အသက် ၂ နှစ်အရွယ် သမီးလေးတဉီးရှိပြီး ၄င်းသည်မိသားစုအားလုပ်ကိုင်ကျွေးမွေးနေသူ ဒေါက်တိုင်တဉီးလည်းဖြစ်နေသဖြင့် မိသားစုဝင်အတွက် ဆုံးရှုံးမှုများစွာဖြစ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

သျှမ်းလူထု ဒုက္ခရောက်နေချိန် လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ နှုတ်ဆိတ်မနေရန် သျှမ်းလူငယ်များ တိုက်တွန်း

0
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့များနှင့် နှုတ်ဆိတ်နေသည့် နိုင်ငံရေးပါတီများကို သျှမ်းလူငယ်အဖွဲ့အစည်းအသီးသီးက ထောက်ပြပြောဆိုလိုက်သည်။ အဆိုပါထောက်ပြပြောဆိုချက်သည် ယနေ့ (မတ်လ ၁ )ရက်တွင် ကျရောက်သော “သျှမ်းလူငယ်နေ့” အထိမ်းအမှတ်အဖြစ် သျှမ်းလူငယ်အဖွဲ့အစည်း အသီးသီးက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းနှင့် အထူးသဖြင့်...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...