ချင်းမိုင်မြို့ မယ်ကုံးဆည်တွင် ၂၄ နှစ်အရွယ် သျှမ်းလူငယ်တစ်ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ရှိ မယ်ကုံးဆည်တွင် ယမန်နေ့ (မတ်လ ၂၉ ရက်) မွန်းလွဲပိုင်းက အပန်းဖြေရေးကူးနေသည့် အသက် ၂၄ နှစ်အရွယ် သျှမ်းလူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်း၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူမှာ သျှမ်းပြည် လဲချားမြို့မှ အသက် ၂၄ နှစ်အရွယ် စိုင်းစံလူ ဖြစ်ပြီး ၎င်းသည့် ချင်းမိုင်ခရိုင် ဒွိုင်စကက် (Doi Saket) မြို့နယ်တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

မျက်မြင်သက်သေများ၏ အဆိုအရ ၎င်းသည် သူငယ်ချင်း ၅ ယောက်နှင့်အတူ ရေလာကူးခြင်းဖြစ်ပြီး ရေစီးသန်နေစဉ်အတွင်း ရေထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် ဆည်တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ဆည်ခေတ္တပိတ်ပြီး ရှာဖွေခဲ့ရာ သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်အရ ဦးခေါင်းတွင် အရာတစ်ခုခုနှင့် ပြင်းထန်စွာ ရိုက်မိထားသည့် ဒဏ်ရာကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ အဆိုအရ သေဆုံးသူသည် ရေထဲသို့ခုန်ချစဉ် ကွန်ကရစ်ဘောင် သို့မဟုတ် မာကျောသည့် အရာတစ်ခုခုနှင့် ဦးခေါင်းရိုက်မိကာ သတိလစ်၍ ရေနစ်သွားခြင်း ဖြစ်နိုင်ကြောင်း ပြောထားသည်။

ဆည်တာဝန်ရှိသူများကလည်း လာရောက်လည်ပတ်သူများအနေဖြင့် ဘေးကင်းလုံခြုံရေး စည်းကမ်းချက်များကို လိုက်နာရန်နှင့် မူးယစ်သောက်စားကာ ရေထဲသို့ မဆင်းကြရန် ထပ်မံသတိပေးချက် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...