ချင်းမိုင်မြို့ တရုတ်နှစ်သစ်ကူးပွဲတော်မြင်ကွင်း

ထိုင်းနိုင်ငံမြောက်ပိုင်း၏ အဓိကခရီးသွားမြို့တော်ဖြစ်သော ချင်းမိုင်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ချင်းမိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး Mr. Chatchawal Panya၊ တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Hai Long နှင့် ချင်းမိုင်ဒုတိယမြို့တော်ဝန် Mr. Sunthorn Yamsiri တို့က ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်)တွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ယခု ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်သည် ယခင် ၂၀၂၅ ခုနှစ် “မြွေနှစ်”ကုန်ဆုံး၍ အသစ်ရောက်ရှိလာသော “မြင်းနှစ်”သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

ထို့နောက် မိခင်ဘုရင်မကြီး သီရိခေတ်အား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်ဂါရဝပြုခြင်းနှင့်အတူ ပွဲတော်ကို စည်တော်တီး၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကာ တာဖဲဂိတ် (The Phae Gate )မှ ဝရိုရုတ်စျေး (Waroros Market) သို့ သွားရာလမ်းတလျှောက်တွင် မီးပုံးနီထောင်ပေါင်းများစွာဖြင့် အလှဆင်ထားပြီး လမ်းဘေးအစားအစာ အရောင်းဆိုင်ပေါင်း (၁၀၀) ကျော် တည်ခင်းရောင်းချသွားမည် ဖြစ်သည်။

ယခုနှစ် ချင်းမိုင်တရုတ်နှစ်သစ်ကူးပွဲတော်၏ အဓိကဆွဲဆောင်မှုမှာ တာဖဲဂိတ် (Tha Phae Gate) မှ ဝရိုရုတ်ဈေး (Waroros Market) အထိ လှည့်လည်သည့် ဂုဏ်ပြုစီတန်းလှည့်လည်ပွဲ ဖြစ်သည်။

ချင်းမိုင်မြို့ တရုတ်နှစ်သစ်ကူးပွဲတော် (စိုင်းဟန်လင်း / သျှမ်းသံတော်ဆင့်)

ပွဲတော်အတွင်း လူအုပ်ကြားထဲတွင် တိုးဝှေ့ကပြသည့် ရွေနဂါးအက၊ ထိုင်း-တရုတ် ယဉ်ကျေးမှုပေါင်းစပ်ထားသော အကများ၊ နတ်သမီးအကများနှင့် ထူးခြားဆန်းပြားသည့် အိန်ဂေါ (Enggor) အကများလည်း ပါဝင်သည်။

တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ရှိ မြို့ကြီးများမှ ချင်းမိုင်သို့ တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းပေါင်း (၆၉) လိုင်းအထိ ရှိနေသဖြင့် ခရီးသွားများ စည်းကားလျက်ရှိကြောင်း Chiang Mai News က ဖော်ပြထားသည်။

အဆိုပါပွဲတော်မှ ဒေသတွင်းစီးပွားရေးအတွက် ဘတ်သန်း ၁၀၀ မှ ၂၀၀ ကြား (အမေရိကန်ဒေါ်လာ ၃ သန်းမှ ၆ သန်းခန့်)အထိ ဝင်ငွေရရှိရန် ခန့်မှန်းထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဓာတ်ပုံ – စိုင်းဟန်လင်း / သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...