သီပေါမြို့နယ် ဒေသခံများ မှတ်ပုံတင်ပြုလုပ်ရန် ငွေကျပ် ၁ သိန်းအထိပေးဆောင်ရ

သျှမ်းပြည် သီပေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ပြုလုပ်ရန် ငွေကျပ် ၁ သိန်းအထိ ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။

မတ်လ ပထမပတ်အတွင်းက သီပေါမြို့နယ် နမ့်ရမ်းကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက ဝန်ထမ်းများနှင့် ကျေးရွာအုပ်စု ထွေအုပ်စာရေးတို့ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးနှင့် အသစ်ပြုလုပ်ရန် ဒေသခံများထံမှ ငွေကျပ် ၁ သိန်းအထိ တောင်းခံနေကြောင်း သီပေါဒေသခံများက ပြောသည်။

“ ထွေအုပ်က အုပ်စုစာရေးနဲ့ လဝက လေးငါးယောက် ပေါင်းပြီးတော့ တစ်သုတ်ပြီးတစ်သုတ် လုပ်စားနေတာ။ ရွာမှာ မှတ်ပုံတင် လုပ်ချင်တဲ့လူ‌တွေကို အုပ်စုစာရေးက နာမည်စာရင်းနဲ့ စာရွက်စာတမ်း ကောက်သွားပြီးတော့ လဝကရုံးကို ယူသွားပေးတာ။ ပျောက်တာ၊ နာမည်မှားတာ ပြင်ချင်တာပဲဖြစ်ဖြစ်၊ တယောက်ကို တစ်သိန်းနှုန်းနဲ့ တောင်းတာ”ဟု သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ် နမ့်ရမ်းကျေးရွာအုပ်စုရှိ ရွာများတွင် လက်ရှိလုပ်ပေးသည့် မှတ်ပုံတင်မှာ စမတ်ကတ် မဟုတ်သေးဘဲ ယခင်ကဲ့သို့ မှတ်ပုံတင် ပန်းရောင်ကတ် အမျိုးအစားသာ ဖြစ်ကြောင်း သီပေါဒေသခံများထံမှ သိရသည်။

“၁ ရက် နေ့တုန်း လာတာ။ မှတ်ပုံတင်ရရင် သူတို့ဖုန်းဆက်ပြီး သီပေါမှာ သွားယူရမယ်လို့ ပြောတာ။ ရွာကတော့ လူ ၂၀ နီးပါးလောက် ရှိတယ်။ မှတ်ပုံတင်လုပ်တာ။ ရွာကလူတွေလည်း ရုံးဆိုရင် ကြောက်တတ်တော့၊ ရပ်ကျေးစာရေးနဲ့ လဝက ပေါင်းပြီး ၁ ယောက်ကို ၁ သိန်းနဲ့ လုပ်စားနေတာ။ အုပ်စု ဥက္ကဋ္ဌ ရှိတဲ့ ရွာတွေဆိုရင် လာတယ်”ဟု သီပေါမြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံ‌တော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်က သီပေါမြို့သို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခတိုင်းမှူး သီပေါမြို့သို့ လာရောက်စဉ်ကလည်း သီပေါမြို့ပေါ် ရပ်ကွက်များတွင် သန်း‌ခေါင်စာရင်း ကောက်ယူရန်နှင့် ဧည့်စာရင်း စစ်ဆေးရန်တို့ကို ပြောဆိုခဲ့ကြောင်း သီပေါဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...