Tuesday, January 27, 2026

မူဆယ်ဒေသခံ ရိုက်နှက်ခံရမှု ကျူးလွန်သူ ပြည်သူ့စစ်မှ တောင်းပန် ၂ ဖက်ကျေအေးရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အရပ်သားတဦးအား လက်နက်ကိုင် ဌာနေပြည်သူ့စစ်အဖွဲ့က ရိုက်နှက်မှုဖြစ်ပွားခဲ့ရာ မြို့မိမြို့ဖများမှခေါ်ယူဆွေးနွေးသဖြင့် ထပ်မံမဖြစ်ပွါးစေရန် ၀န်ခံကတိပြုပြီးနောက် ၂ ဦး ၂ ဖက်ကျေအေးလိုက်ရကြောင်း သတင်းရရှိသည်။

Photo Credit to – Tung Huay Li – ရိုက်နှက်မှုကျူးလွန်သည့် မြို့မပြည်သူစစ် မောင်ရန်နိုင်မင်း

မေ ၁၁ ရက် ရ နာရီခွဲ ဝန်းကျင်က မူဆယ်မြို့ မန်ဝိန်းရပ်ကွက်တွင် နမ့်ခမ်းမြို့မ (ပြည်သူ့စစ်)ဌာနေ မှ မောင်ရန်နိုင်မင်းသည် စိုင်းကွမ်းပန်ဆိုသည့် အရပ်သားတဦးအား လက်ထိပ်ခတ်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရိုက်နှက်မှု အမှုအခင်းအား မေလ ၁၃ ရက်နေ့က မန့်ဝိန်းရပ်ကွက် ရပ်မိရပ်ဖများရှေ့တွင် ရိုက်နှက်မှု ကျူးလွန်သူနှင့် ရိုက်နှက်ခံရသူတို့မှ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကျူးလွန်သူ က ရပ်မိရပ်ဖ ရှေ့တွင် ခံဝန် ကတိ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက် ကျေအေး ခဲ့ရကြောင်းသိရသည်။

“ နောက်နောင် မဖြစ်စေရပါဘူး။ မနေ့ က မှားတာလည်း ကျနော် ဝန်ခံပါတယ်။ တောင်းပန် ပါတယ်၊ အခုလို ကျေအေး ခွင့်လွှတ်ပေးတဲ့ အုပ်ချုပ်ရေးမှူး ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု နမ့်ခမ်းမြို့မ ပြည်သူ့စစ် ရဲဘော် မောင်ရန်နိုင်မင်း ရပ်မိရပ်ဖများရှေ့တွင် ပြောသည်။

အဆိုပါ ခံဝန်ကတိများမှာ- နောက်နောင်ထိုကဲ့သို့ မဖြစ်စေရန်၊ လက်နက် အားကိုး ပြီး ပြည်သူများအပေါ် နိုင်ထက် စီးနင်း ပြုခြင်း၊ မတရားနှိပ်စက်ခြင်း မပြုလုပ်တော့ပါ၊ မူးယစ်ဆေးဝါး သုံးစွဲပြီး ဆဲဆိုခြင်း မော်တော်ယာဉ်များ မဆင်မခြင်မောင်းနှင် ခြင်းမပြုလုပ်တော့ပါ – ဟု လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ရိုက်နှက်မှုကျူးလွန်ခဲ့သည့် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ရဲဘော် မောင်ရန်နိုင်မင်းသည် အသက် ၁၉ နှစ် ရှိပြီး မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် နေထိုင်ကြောင်း၊ ပြည်သူ့စစ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်မှာ တနှစ်ခွဲခန့်သာရှိသေးကြောင်း သိရသည်။

“ ပြည်သူ့စစ် ဆိုပြီး ပြည်သူကို အနိုင်ကျင့်တာ မလုပ်ဖို့ပါ။ ပြည်သူ့စစ်ဆိုတာ ပြည်သူကို ကာကွယ်ဖို့ဘဲလေ။ အခုလို ဖြစ်သွားတဲ့ကိစ္စက အရမ်း ဝမ်းနည်းပါတယ်။ ရှက်စရာလည်း ကောင်းပါတယ်” ဟု လက်ထိပ်ခတ် ရိုက်နှက်ခံရသည့် စိုင်းကွမ်းပန် က ဆိုသည်။

ပြည်သူလူထုအား ရိုက်နှက်ခြင်း၊ နိုင်ထက်စီးနင်းပြုလုပ်ခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းတို့နှင့် ပတ်သက်ပြီး ပြည်သူ့စစ် ခေါင်းဆောင်များအနေဖြင့် မိမိ တပ်သားများကို ထိန်းသိမ်းပေးရန် တောင်းဆိုသည် ဟုလည်း စိုင်းကွမ်းပန် က ပြောသည်။

တရုတ်နယ်စပ် မူဆယ်မြို့နယ်သည် ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာ ဒေသတခုဖြစ်ပြီး ဒေသခံလူထုအပေါ် လည်းမကြာခဏ ခြိမ်းခြောက်ရိုက်နှက်ကျူးလွန်မှုဖြစ်ပွါးခဲ့ကြောင်း မူဆယ် ဒေသခံများ ပြောပြချက် အရသိရသည်။

ယမန်နှစ်ကလည်း ပြည်သူ့စစ်တဦးက မူဆယ်ဒေသခံ တဦးနှင့် ခိုက်ရန်စကားများရာမှ လူထုအားရိုက်နှက် မှုဖြစ်ပွါးခဲ့သည်။ အဆိုပါအခင်းသည်လည်း ရပ်မိရပ်ဖများ ဒေသအာဏာပိုင်များရှေ့တွင်ဆွေးနွေးကာ ပြည်သူ့စစ်ဘက်မှဝန်ခံကတိပေးခဲ့ရသဖြင့် ကျေအေးခဲ့ရသည်။

“ ပြည်သူ့စစ်တွေက ပြည်သူကို ရိုက်တယ်၊ ခြိမ်းခြောက်တယ်။ နောက် အချင်းချင်းကျေအေးလိုက်တယ်။ ဒါကို ကျနော်တို့သဘောမကျဘူး။ ကျနော်တို့အနေနဲ့ ရိုက်နှက်ကျူးလွန်တဲ့သူတွေကိုထိရောက်တဲ့ ပြစ်ဒဏ်တခုပေးစေချင်တယ်။ ဒီလိုမှ မလုပ်ရင် သူတို့ တွေက ဒီတိုင်းပဲ ဆက်သွားမယ်” ဟု မူဆယ်မြို့ နေ စိုင်းအောင် က ဆိုသည်။

မူဆယ်မြို့ပေါ် ဒေသခံလူထုကြားတွင် စစ်ဝတ်စုံ ဝတ်ဆင်၊ လက်နက်ကိုင်ကာ သွားလာနေပြီး အခန့်မသင့်မှုများရှိခဲ့ပါက လက်နက်အားကိုးဖြင့် စကားများခိုက်ရန်ဖြစ် နိုင်ထက်စီးနင်း ခြိမ်းခြောက်ရိုက်နှက် သေနတ်ထိုးချိန်မှုများ ပြုလုပ်နေသည့် လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်များအား သက်ဆိုင်ရာ မှ အထူးကြပ်မတ်စိစစ်ကာ အရေးယူပေးဖို့ မူဆယ်ဒေသခံများက တောင်းဆိုခဲ့ကြသည်။

မူဆယ်မြို့ ပေါ်တွင် ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်၊ ဝါလိုင်းပြည်သူ့စစ်၊ ကောင်းခါး ပြည်သူ့စစ် ၊မုံးပေါ် ပြည်သူ့စစ်၊ စိန်ကျော့ ပြည်သူ့စစ် အစရှိနာမည်ကြီးပြည်သူ့စစ်များအပြင် တခြားလက်နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားနေသည့် နေရာ ဒေသ တခုဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။