Wednesday, January 28, 2026

ကျောက်မဲခရိုင်အတွင်း လက်ဖက်ခြံရှင်းရင်း မြေမြုပ်မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် ပန်ဆန်ကျေးရွာအုပ်စု တွင် လက်ဖက်ခြံ သွားရှင်းသည့်ဒေသခံများ မြေမြုပ်မိုင်းနင်းမိရာ အမျိုးသားတဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

Photo by Tin Maung Thein/ ယမန်နေ့ တောင်ပလို့ ရွာသား မြေမြုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာရပုံ

အောက်တိုဘာ ၈  ရက် ယမန်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က တောင်ပလို့ရွာနှင့် ပန်ဆန်ရွာကြားရှိ လက်ဖက်ခြံကို အသက် ၄၀ ကျော်ဝန်းကျင်ရှိ ဦးသာအေးနှင့် အသက် ၃၀ ကျော် ဝန်းကျင်ရှိ စိုင်းပန်းစံ တို့ သွားရှင်း စဉ် ဦးသာအေး  မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ စိုင်းပန်းစံ သည် မိုင်းစ ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ဇီဝိတ လူမှုကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနက် ၁၀ နာရီမှာလက်ဖက်ခြံမှာ ပေါင်းရှင်းရင်း မြေမြုပ်မိုင်းနင်းမိတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျနော်တို့သွားခေါ်တယ်။ တယောက်ကတော့ ပွဲချင်းပြီးပဲ၊ တယောက်ကတော့ မိုင်းစ တော်တော်များ များ ထိတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိဘူး။ ညနေ ၅နာရီ ခွဲ မှာတော့ ကျောက်မဲဆေးရုံရောက်တယ်” ဟု ဦးတင်မောင်သိန်း ကဆိုသည်။


Photo by Tin Maung Thein/ ယမန်နေ့ တောင်ပလို့ ရွာသား မြေမြုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာရပုံ

မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် စိုင်းပန်းစံ ညာရင်ဘတ်၊ ဘယ်လက်ဖမိုး၊ ညာလက်ဖျံ၊ ဘယ်ခြေသလုံး၊ ညာပေါင် နှင့် ဗိုက်တို့ ထိမှန်ခဲ့ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်းလည်း သိရသည်။

ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ လနှင့် အောက်တိုဘာ လဆန်း အတွင်း မြေမြုပ်မိုင်း နင်းမိသည့် ပြည်သူ ၆ ဦး ရှိကာ ၄ ဦးသာ ကျောက်မဲဆေးရုံသို့ ရောက်ရှိလာသည် ဟု သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံလှုပ်ရှားနေထိုင်သောကျောက်မဲမြို့နယ်အတွင်း လက်ရှိတွင်ပစ်ခတ်တိုက်ခိုက်မှု ငြိမ်သွားပြီဖြစ်သော်လည်းဒေသခံလူထုမှာ မြေမြုပ်မိုင်းများဆက်တိုက် နင်းမိမှု ဖြစ်ပွါးနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံး ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တောင်ယာထဲ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံးကို ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေ ၃ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာ၌ တောင်ယာထဲ ကြံစိုက်နေစဉ်...

သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာတွင်းရှိ အမျိုးသား နှစ်ဦးသည် မပေါက်ကွဲသေးသော...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တာဝန်ရှိသူမှ ယခင်အချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ TNLA သည် သီပေါမြို့ကို ၂၀၂၄ခုနစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးကာ ဇန်နဝါရီလ ၇ ရက် တွင် သီပေါမြို့နယ်...

လဲချားမြို့နယ် တောင်ယာမှပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် လဲချားမြို့နယ်တွင် တောင်ယာမှ ပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂၃) ရက် ညနေ (၄) နာရီကျော်တွင် လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စု နောင်ဟွမ်ရွာနေ လင်မယားနှစ်ဦးသည် တောင်ယာမှ ပြန်လာစဉ် ဝမ်ဆန်းကျေးရွာအနီး ဟိုင်ရှန်လမ်းခွဲ တံတားထိပ်၌ မိသားစုလိုက်...

လွိုင်ကော်မြို့တွင် ပစ္စည်းပြန်သယ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

0
ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့်  အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ...