နမ္မ မြစ်ပေါ် ရေကာတာတည်ဆောက်မှုအား ဒေသခံများကန့်ကွက်လက်မှတ်ထိုး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်မှုအား ဆန့်ကျင်ကန့်ကွက်သူဒေသခံများ၏ လက်မှတ်များအား ကောက်ယူကာ သက်ဆိုင်ရာသို့ပေးပို့သွားမည် ဟု သိရသည်။

Photo Credit to Sai Thein Myint- နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်ရေးအတွက် ကုမ္ပဏီမှ ဒေသခံလူထုနှင့်ကွင်းဆင်းတွေ့ဆုံရန် ကြိုးစားမှုအပေါ် လူထုသဘောထားရယူနိုင်ရေးအတွက် လူငယ်များအနေဖြင့်ဒေသခံလူထုအားတွေ့ဆုံဆွေးနွေးစကားပြောနေကြစဉ်

သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်ရန်ကြိုးစားနေသော Unienergy ကုမ္ပဏီ မှဒေသခံ ပြည်သူအား တွေ့ဆုံရန်ကြိုးစားနေမှုကို ကန့်ကွက်သည့် အနေဖြင့် ဒေသခံများထံလက်မှတ်ကောက်ယူနေကြောင်း နမ္မဒေသခံ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းသိန်းမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အခုက ကုမ္ပဏီတွေက ကျေးရွာတွေမှာ သွားပြီးတွေ့ဆုံဖို့ ကြိုးစားနေတယ်။ ဒါကြောင့် မနေ့က ကျနော်တို့ ဒေသခံတွေဆီရောက်သွားတော့ သူတို့လည်း အလိုမရှိကြောင်းပြောကြတာနဲ့ ကုမ္ပဏီ ကိုဆန့်ကျင်ကန့်ကွက်တဲ့ လက်မှတ်ကောက်လာတာပါ” ဟု စိုင်းသိန်းမြင့် ကဆိုသည်။

လက်ရှိတွင် နမ္မမြစ်ချောင်း တလျှောက်ရှိ ကျေးရွာများထံမှ ကန့်ကွက်လက်မှတ် ၅၀၀ ကျော် ကောက်ခံရရှိပြီး၊ ကျန်ကျေးရွာများထံမှ လက်မှတ်ဆက်လက်ကောက်ယူသွားမည် ဟု စိုင်းသိန်းမြင့်က ပြောသည်။

“ နမ္မမြစ် ကနေ နမ္မတူ မြစ် ဘေးတလျှောက်အထိ ကျေးရွာတွေကို ဆက်ပြီး ကောက်သွားမယ်” ဟု သူက ဆက်လက်ပြောသည်။

ထို ကောက်ခံရရှိသည့် ကန့်ကွက်လက်မှတ်များကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သျှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) တို့ဆီ ပေးပို့သွားမည်ဟု သိရသည်။

“ကျနော်တို့ ရွာကတော့ ရေကာတာ တည်ဆောက်မယ့် ဘယ်အဖွဲ့ကိုမဆို ကန့်ကွက်သွားမယ်။ တွေ့ဆုံဖို့လည်းလက်မခံဘူး” ဟု နမ္မ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းပီး က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ နယ် နမ္မချောင်းပေါ်တွင် လျှပ်စစ်ဓါတ်အား ၂၅ မီဂ္ဂါဝပ် ထွက်ရှိမည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဒေသခံလူထု ကန့်ကွက်သည့် ကြား တည်ဆောက်နိုင်ရေး အတွက် လေ့လာ ဆန်းစစ်မှု များပြုလုပ်ရန် MOU ကို ယခုနှစ် သြဂုတ် ၁၄ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့သည်။

ရေကာတာ တည်ဆောက်မည့် နေရာသည် ၂၀၁၆ ခုနှစ်တွင် မြန်မာ့ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

သီပေါမြို့နယ် ဒေသခံများ မှတ်ပုံတင်ပြုလုပ်ရန် ငွေကျပ် ၁ သိန်းအထိပေးဆောင်ရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ပြုလုပ်ရန် ငွေကျပ် ၁ သိန်းအထိ ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်အတွင်းက သီပေါမြို့နယ် နမ့်ရမ်းကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက ဝန်ထမ်းများနှင့် ကျေးရွာအုပ်စု ထွေအုပ်စာရေးတို့ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးနှင့်...

ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ ၊ ကောင်းခါးကျေးရွာ ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ...

နိုင်ငံခြားကုန်ပစ္စည်း တင်သွင်းသည့် ကုမ္ပဏီတချို့ ပိတ်သိမ်းလိုက်ရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံခြားကုန်ပစ္စည်းများ လက်လီ၊လက်ကား အရောင်း ကုမ္ပဏီများ ယခုရက်ပိုင်း ပိတ်သိမ်းလိုက်ရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး တနှစ်သာ ကာလအတွင်း စစ်ကောင်စီ၏ မတည်မြဲသည့် မူဝါဒများနှင့် အမေရိကန် ဒေါ်လာ ပြဿနာကြောင့် တောင်ကြီးမြို့ရှိ ကုမ္ပဏီများပိတ်သိမ်းလိုက်ရကြောင်း ကုမ္ပဏီဝန်ထမ်းများထံ သိရသည်။ တောင်ကြီးမြို့ ရှိ နိုင်ငံခြားကုန်ပစ္စည်းများ...