နိုင်ငံခြားကုန်ပစ္စည်း တင်သွင်းသည့် ကုမ္ပဏီတချို့ ပိတ်သိမ်းလိုက်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံခြားကုန်ပစ္စည်းများ လက်လီ၊လက်ကား အရောင်း ကုမ္ပဏီများ ယခုရက်ပိုင်း ပိတ်သိမ်းလိုက်ရကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီး တနှစ်သာ ကာလအတွင်း စစ်ကောင်စီ၏ မတည်မြဲသည့် မူဝါဒများနှင့် အမေရိကန် ဒေါ်လာ ပြဿနာကြောင့် တောင်ကြီးမြို့ရှိ ကုမ္ပဏီများပိတ်သိမ်းလိုက်ရကြောင်း ကုမ္ပဏီဝန်ထမ်းများထံ သိရသည်။

တောင်ကြီးမြို့ ရှိ နိုင်ငံခြားကုန်ပစ္စည်းများ လက်လီ၊လက်ကားရောင်းသည့် ကုမ္ပဏီများဖြစ်သော လူသုံးကုန်ပစ္စည်းများ ၊ အိမ်သုံးပစ္စည်းများ နှင့် စားသုံးကုန်ပစ္စည်း စသည့် ဇူလိုင် ၂၁ ရက်မှ စ၍ အရောင်း ခေတ္တပိတ်ဆိုင်းထားကြောင်းလည်း အသက် ၂၅ နှစ်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသား က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ သွင်းကုန်ပို့ကုန် မူဝါဒ ပြောင်းလဲမှုနှင့် အမေရိကန် ဒေါ်လာ မတည်ငြိမ်မှုများကြောင့် ကုမ္ပဏီများ ပိတ်ဆိုင်းရကာ ဝန်ထမ်းများလည်း အလုပ်လက်မဲ့စတင်ဖြစ်လာကြသည်။

တောင်ကြီးမြို့

“ ကုမ္မဏီတွေ ဒီနေ့ (ဇူလိုင် ၂၁) ရက် ကစပြီး နားထားကြပြီ လကုန်မှ ပြန်ဖွငံ့်မယ်ထင်တယ်။ အရောင်းတွေ ခဏနားထား တာပေါ့။ ကျနော်တို့ဆိုရင် လစာတောင် ရတာ ကွာဟသွားတယ်။ အရင်ကလစာ (၅၀၀, ၀၀၀) ကျပ် နီးပါး ရတယ်။ ဒီလတော့ (၂၀၀,၀၀၀)ကျပ် လောက်ပဲ ရတော့မယ် ထင်တယ်။ လစာတွေအတွက်တော့ စိုးရိမ်ရတယ်” ဟု အိမ်သုံးပစ္စည်းရောင်းသည့် ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသားက ဆိုသည်။

လက်ရှိ ကုမ္ပဏီများသည် ဒေါ်လာစျေးနှုန်းမြင့်တက်မှုကြောင့် အရောင်းအဝယ်ရှုံးသဖြင့် ကုမ္ပဏီကို ယာယီပိတ်လိုက်ရခြင်းဖြစ်ကြောင်းကုမ္ပဏီပိုင်ရှင်များက ဝန်ထမ်းများကို ပြောဆိုခဲ့သည်။

ထို ယာယီ ပိတ်ထားသည့် ကုမ္ပဏီမှ ဝန်ထမ်းများကို လစာ ၆၀ ရာခိုင်နှုန်းထိ ပေးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကုမ္ပဏီများ ယာယီပိတ်ထားခြင်းအပေါ် ဝန်ထမ်းများ အလုပ်လက်မဲ့ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။

“ အခုမြန်မာနိုင်ငံက စီးပွားရေးတွေ ပြတ်လုနီးပါးပါပဲ။ တကယ်လို့ ဒီကုမ္ပဏီမှာ မလုပ်ချင်တော့လို့ တခြားကုမ္ပဏီဆီမှာ ပြောင်းလို့ရတယ်။အခုက ကုမ္ပဏီတစ်ခုတည်း ဖြစ်တာမဟုတ်ဘူး။ ကုမ္ပဏီတိုင်းဖြစ်နေတာ အဆင်မပြေဘူးလေ။ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်သွား နိုင်တယ် “ ဟု၎င်းက ဆိုသည်။

နယ်စပ်ဖြတ်ကျော်မှု၊ ပုံမှန် ကုန်သွယ်မှု နည်းလမ်းဖြင့် အမေရိကန်ငွေကြေးအသုံးပြုရမည်ဟုလည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးက ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီမှ ပို့ကုန်တင်ပို့မှု ဒေါ်လာငွေဖြင့် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၁၈၅၀)ကျပ် ဖြင့် သတ်မှတ်နှုန်းထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ စနစ်အမျိုးမျိုးပြောင်းလဲမှုကြောင့် ကုန်သည်များ အရှုံးပေါ်လာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...