ခြောက်ခြားဖွယ် နေ့ရက်များ

ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြား ခန္ဓာကိုယ်တစ်စစီ ပြတ်လွှင့်စဉ်နေပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းတောင် သိဖို့ ခက်နေပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု မဖြစ်ခင် စက္ကန့်ပိုင်းထိ စျေးရောင်းသူနဲ့ ဝယ်သူကြား ဆူညံသံ ရီမောသံတွေဟာ သိန္နီမြို့မစျေးတစ်ခုလုံးကို လွှမ်းမိုးနေပါတယ်။ 

အဲ့နေ့ဟာ သိန္နီစျေးရဲ့ အဖိတ်နေ့ဖြစ်ပြီး ဝါတွင်း၊ဝါဝင် ဥပုလ်နေ့အတွက် ဘုန်းကြီးကျောင်း လှူဒါန်းရန် စျေးသို့ ကြိတ်ကြိတ်တိုး ဝယ်သူ၊ ရောင်းသူ နဲ့စည်းကားတဲ့နေ့ရက်တခုပါပဲ။

အဲ့အချိန်မှာ ကောင်းကင်ယံမှ ရုတ်တရက် ကြဲချလာတဲ့ ဗုံးက ရီမောသံတွေ စည်းကားနေတဲ့အခြေအနေ ကနေ 

ခြောက်ခြားဖွယ် ပုံရိပ်အဖြစ်သို့ မယုံနိုင်စရာဖြစ်ခဲ့လေပြီ။

“စစချင်းကြားတော့ ဆိုင်ထိတယ်ပေါ့။ လူထိတယ်တော့ ချက်ချင်းမကြားရသေးဘူး။ ပြီးမှရွာထဲက ဖုန်းဆက်လာတယ် လူကိုပါထိတယ်တဲ့။ စိတ်ထဲကတော့ အဖေများ ဖြစ်မလား..” 

ဖုန်းထဲကနေကြားနေရတဲ့ နန်းလိန်ဆိုင်ရဲ့ အသံဟာ တဖြည်းဖြည်းတိုးလျသွားတယ်။

အဲ့ဒီခြောက်ခြားဖွယ် အဖြစ်အပျက်ဟာ ဇူလိုင် ၁၈ ရက် ညနေ ၄နာရီဝန်းကျင်မှာ  သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာဖြစ်ပွားခဲ့ခြင်းပင်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြခဲ့တာပါ။ 

ဒါပေမဲ့ စစ်ကောင်စီတပ်က ကြဲချတဲ့နေရာမှာ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းတွေမဟုတ်ဘဲ​ နန်းလိန်ဆိုင်တို့ ဖခင် စျေးရောင်းနေတဲ့ သိန္နီမြို့မစျေးမှာပါ။ 

ကုန်စုံဆိုင်၊ ဆိုင်ကယ် ပစ္စည်းအရောင်းဆိုင်ပါမကျန် ဖုန်းဆိုင်၊ နာရီပြင်ဆိုင်၊ စက်ချုပ်ဆိုင် စတဲ့ဆိုင်တန်းတွေ ဗုံးကြောင့် ကြေမွသွားခဲ့ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအဖြစ် သေဆုံးသွားသူတွေမှာ စိုင်းအောင်ထွန်း၊ ဒေါ်နန်းအားဝူးနဲ့ စိုင်းထွန်းကြည်အပါအဝင် ပြည်သူ ၁၀ ဦးခန့် ရှိပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ၂၀ ယောက်ထက်မနည်း ရှိပါတယ်။ 

“အဖေက လက်မှာရော၊ ခြေမှာရော၊ ဝမ်းပိုက်မှာကော ထိထားတာ။ ဖြစ်ဖြစ်ချင်း အဖေ့ကို ချင်းရွှေဟော်ကနေ တရုတ်ပြည်ဘက်ကဆေးရုံကို သွားခဲ့သေးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ နောက်နေ့နံနက် စောစော ၃ နာရီ ၄၆ မိနစ်မှာဘဲ အဖေ့ကဆုံးသွားတာ” လို့ စိုင်းထွန်းကြည်ရဲ့ သမီးဖြစ်သူ နန်းလိန်ဆိုင်က ပြောပါတယ်။

စိုင်းထွန်ကြည်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမီုကရေစီအဖွဲ့ချုပ်ပါတီ SNLD ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သိန္နီမြို့နယ် SNLD စည်းရုံးရေးမှူး (၂၀၁၅) နဲ့ တွဲဖက်အတွင်းရေးမှူး (၂၀၂၀) မှာ တာဝန်းထမ်းဆောင်ခဲ့သူတစ်ဦးပါ။

သူကျည်စထိမှန်ပြီး ဆုံးသွားချိန်မှာ အသက် ၅၅ နှစ်အရွယ်သာရှိပြီးတော့ ၎င်းသမီးနဲ့ သား ၂ ယောက် ချန်ခဲ့ပါတယ်။ 

“ပထမလှိုင်းတုန်းက အတူတူရှိသေးတယ်။ ကျမတို့ မိသားစုအတူတူ ကျော်ဖြတ်ခဲ့တာပေါ့။ ကျမတို့ အိမ်ကနေ မထွက်လာတဲ့အချိန်က အဖေ့ကိုချော့ပြီးခေါ်သေးတယ်။ ဒါပေမဲ့ အဖေကလိုက်မလာဘူး။ ကိုယ့်မြို့၊ ကိုယ်ရွာမို့ မခွဲချင်ဘူးတဲ့” 

အခုတော့ ကိုယ့်မြို့၊ ကိုယ်ရွာကို မခွဲရက်သူမှာ ခွဲခွာရပြီး၊ သားနဲ့သမီး သုံးယောက်ကို ချန်ပြီး သွားနှင့်လေပြီ။

“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း

ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ပထမလှိုင်းအတွင်း တပ်ရင်းအဆင့် တပ်စခန်းပေါင်းစွာနဲ့ မြို့ပေါင်း ၁၈ မြို့ကို လွတ်လွှတ်ရပြီး ရာထောင်ချီတဲ့ စစ်သားများနဲ့ လက်နက်ခဲယမ်းပေါင်းစွာကို ဆုံးရှုံးတဲ့အထိ စစ်ကောင်စီက အရှုံးကြီး၊ အထိနာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေး၊ ဖိအားပေးမှုတွေကြောင့် ကူးမင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ဆွေးနွေးပွဲပြုလုပ်နိုင်ခဲ့ပြီး ဟိုဂင်သဘောတူညီချက် ရရှိခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်နေ့မှစတင်ကာ ညီနောင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)နဲ့ ရခိုင်တပ် (AA) တို့က သျှမ်းမြောက်ဒေသပူးတွဲ ထိုးစစ်ကို ရပ်တန့်ပေးဖို့၊ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေများနဲ့ မြို့များကို တိုက်ခိုက်မှုမပြုဖို့ သဘောတူညီခဲ့ကြပါတယ်။

အပစ်ရပ်ပြီးနောက် တိုက်ပွဲတွေလည်း ငြိမ်သက်သွားပြီး TNLA နဲ့ MNDAA တို့ရရှိခဲ့တဲ့ နယ်မြေတွေရဲ့ ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေး စတင်လုပ်ဆောင်လာခဲ့ပါတယ်။ 

စစ်ဘေးရှောင်တွေကို နေရပ်ပြန်လာဖို့ ခေါ်ယူခြင်း

ဒေသအုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်ပြန်လည်ပတ်နိုင်ဖို့အတွက် ဒီဇင်ဘာလဆန်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်းထားနိုင်တဲ့ တချို့မြို့၊ ရွာတွေမှာ စစ်ရှောင်တွေကို နေအိမ်ပြန်လာဖို့၊ ပြန်မလာရင် နေအိမ်သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

သိန္နီမြို့မှာတော့ နေရပ်ပြန်မလာတဲ့သူတွေကို နေအိမ်ချိတ်ပိတ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ကခြိမ်းခြောက်ခဲ့တာပါ။

“ကျမမထွက်ခင်ကတည်းကပဲ။ လူနေအိမ်ထဲမှာ အနည်းဆုံးတော့ လူတစ်ယောက်ရှိမယ်။ တကယ်လို့ နေတဲ့လူမရှိဘူးဆိုရင် အိမ်သိမ်းမယ်လို့ပြောတယ်။ အဖေလည်း အဲ့ဒါကို စိတ်ပူတာပါမယ်။ အဲ့ကြောင့် မထွက်လာဘဲ အိမ်စောင့်နေခဲ့တာ” လို့ နန်းလိန်ဆိုင်က ရှင်းပြပါတယ်။ 

“နောက်ဆုံးအဖေ မှာခဲ့တာတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ ကျန်မာရေးဂရုစိုက်တဲ့။ သွားသွားလာလာမလုပ်နဲ့ တစ်နေတည်းမှာဘဲနေတဲ့။ သူစိတ်ချအောင်တော့ မှာသွားခဲ့တယ်” 

ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်ဘေးရှောင်ထက်ဝက်ကျော်မှာ နေအိမ်ပြန်နေစဉ် အခုလို လေကြောင်းနဲ့ ထပ်မံဗုံးကြဲခံရတယ်လို့ သိန္နီမြို့ခံတွေက ပြောဆိုကြပါတယ်။

“စစ်ပွဲငြိမ်တော့ လာနေခိုင်းတယ်။ စစ်ပြန်ဖြစ်တော့ ပြန်ရှောင်ခိုင်းတယ်။ ဒါတော့ စစ်တပ်တွေရဲ့ သဘောတရားပဲထင်ပါတယ်။ စစ်တပ်တိုင်းက ပြည်သူမရှိရင် ရပ်တည်လို့မရဘူးလေ။ တကယ်တမ်းလည်း ဘယ်တပ်ကမှ ပြည်သူကို မကာကွယ်ပေးနိုင်ဘူး” လို့ သိန္နီမြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး ကပြောပါတယ်။ 

အဲ့အပြင် စစ်ကောင်စီတပ်ကလည်း နေရပ်ပြန်လာတဲ့ပြည်သူတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သိန္နီမြို့ဈေးထဲမှာ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်စခန်းတွေမရှိသလို ၎င်းတို့နေရာလည်း မဟုတ်ကြောင်း သျှမ်းပြည်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒါတမင်ရည်ရွက်ချက်ချက်ရှိ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာလို့ပဲ ပြောချင်ပါတယ်” လို့ ၎င်းက အမျိုးသားတစ်ဦးက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း

အပစ်ရပ်ပြီး ၅ လကျော်ကြာ ဇွန်လ ၂၅ ရက်မှာ စစ်ဆင်ရေးလှိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီး လာရှိုးမြို့နဲ့ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးမြို့နယ်အထိ စစ်မီး ကူးစက်လာခဲ့ပါတယ်။ 

ဒီတိုက်ပွဲအတွင်း နှစ်ဖွဲ့လက်နက်ကိုင် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၄၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ သျှမ်းလူငယ် အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ထားပါတယ်။ 

အရပ်သားသေဆုံးမှုတွေဟာ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင် ၁၈ ရက်အထိ သုံးပတ်တာကာလအတွင်း မြို့နယ် ၇ ခုမှ ကောက်ယူထားတဲ့ စာရင်းများဖြစ်ကြောင်း ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ 

သိန္နီမြို့ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်းမှာ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မျုများ ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။ 

ဒုတိယပိုင်းမစခင် မေလနောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့၊ ကျောက်မဲမြို့တို့မှာ အရပ်သားနေရာများကို လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းနောက်ပိုင်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများအပါအဝင် နေ့စဉ်နီးပါး အရပ်သားထိခိုက်သေဆုံးခဲ့ရပါတယ်။

 စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA လည်း အလားတူပဲ လားရှိုးမြို့မှထွက်လာတဲ့ စစ်ဘေးရှောင်တွေကို အဓမ္မစစ်သား စုဆောင်းတာတွေ၊ ပစ်သတ်ခဲ့တာတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီလို ပဋိပက္ခတွေအကြား အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာ၊ ဖမ်းဆီးတာတွေဟာ နိုင်ငံတကာစစ်အက်ဥပဒေနဲ့ မညီညွတ်သလို ကြီးလေးတဲ့ ပြစ်မှုတွေဖြစ်ပြီး နှောင်တစ်ချိန်မှာ တရားမျှတမှု ပြန်ရဖို့ ပြည်သူတွေကတော့ တောင်းဆိုထားပါတယ်။

“ဒီတိုက်ပွဲကတော့ ပြီးဆုံးသင့်ပြီ။ ပြည်သူတွေလည်း တော်တော်ခံစားနေရပြီ၊ တော်တော်လေး နစ်နာနေပြီ။ ဘယ်သူဘဲတိုက်လို့နိုင်နိုင် ထူးလာတာမရှိဘူး။ ပြည်သူတွေဘဲ ခံနေရတယ်” လို့ နန်းလိန်ဆိုင်က ပြောပါတယ်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။