သိန္နီမြို့နယ် တစ်သျှူးငှက်ပျောစိုက်ရန် ပြည်သူပိုင်မြေကို MNDAA မှ အတင်းအဓမ္မ ငှားယူ

သျှမ်းပြည် သိန္နီမြို့နယ်အတွင်းရှိ မြို့နှင့် ကျေးရွာဒေသများတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပြည်သူပိုင်မြေကို ကိုးကန့်တပ်( MNDAA) တပ် အတင်းအဓမ္မငှားရမ်းနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (မတ်လ ပထမပတ် ) အစတွင် သိန္နီမြို့နှင့် ကျေးရွာရှိ ပြည်သူပိုင်မြေများကို MNDAA မှ တစ်သျှူးငှက်ပျောပင် စိုက်ပျိုးရန်အတွက်ဆိုပြီး အတင်းအဓမ္မ ငှားရမ်းယူနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ MNDAA တပ်ဖွဲ့မှ ပြည်သူပိုင် ခြံမြေများကို တစ်နှစ်အတွင်း တောင်ကုန်းမြေ တစ်ဧကလျှင် ကျပ်ငွေ ၂သိန်း နှင့် မြေပြန့်ခြံ တစ်ဧကလျှင် ကျပ်ငွေ ၅ သိန်းဖြင့်သာ ငှားယူနေပြီး၊ ငှားရမ်းငွေများကို နှစ်နှစ်ပြည့်မှသာ တကြိမ်ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

MNDAA မှ ပြည်သူပိုင်မြေများ ငှားရမ်းသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒမပါဝင်ကြောင်း၊ ပြည်သူများက မြေများကို ငှားရမ်းမှု မပြုလုပ်လျှင် MNDAA က အတင်းအဓမ္မသိမ်းမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“ဒီလ ပထမအပတ်လောက်ကတည်းက MNDAA က ဒေသခံ ခြံမြေကို တစ်သျှူးငှက်ပျောပင် စိုက်မယ်ဆိုပြီး မြေငှားဖို့ လာပြောတယ်။ ပြည်သူဆန္ဒမပါဘဲ အတင်းအဓမ္မပုံစံမျိုးနဲ့ လာပြောတယ်။ ဒေသခံကို သူတို့ပေးတဲ့ဈေးနဲ့ မပေးငှားလည်း သူတို့စိုက်မှာပဲတဲ့။ တစ်ဧကကို တောင်ကုန်းဆိုရင် တစ်နှစ် ၂ သိန်း၊ မြေပြန့်ဆို တစ်နှစ် ၅ သိန်းနဲ့ငှားတာ။ စာချုပ်က ၅ နှစ် စာချုပ်နဲ့ လုပ်ရမယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

သိန္နီဒေသခံ၏ ခြံမြေပိုင်းများကို MNDAA တပ်မှ ခြံများကိုမြေထွန်စက်ကြီးဖြင့် လာရောက်ထွန်နေပြီး၊ MNDAA မှ ယခင်လို ပြုလုပ်ခြင်းဟာ ပြည်သူအတွက် ဝင်ငွေလား (သို့) ထောင်ချောက်လားဆိုတာကို သေချာ စဉ်းစားရန်လိုအပ်ကြောင်း အသက် ၄၀အရွယ်ရှိဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သိန္နီမြို့ဒေသခံနှင့် ကျေးရွာပြည်သူများသည် ပြောင်ဖူးနှင့် စပါးများကို အဓိက စိုက်ပျိုးရေးလုပ်ဆောင်းပြီး ယခုကဲ့သို့ MNDAA ကို မြေငှားရမ်းပေးရမည်ဆိုပါက စားဝတ်နေရေးအတွက် ခြံမြေ မရှိတော့ဘဲ အခက်အခဲဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ဆိုပြန်သည်။

သိန္နီမြို့ တစ်သျှူး ငှက်ပျောပင်စိုက်ရန် မြေညှိထားသည့်မြေကွက်

“MNDAAတွေက မြေထွန်စက်အကြီးနဲ့တောင် လာထွန်နေပြီ၊ လက်နက်ကိုင်တွေဆိုတော့ ပြည်သူတွေ မဆန့်ကျင်ရဲကြဘူး။ သူတို့ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူအတွက် ဝင်ငွေလား၊ ထောင်ချောက်လား ဆိုတာ သေချာ စဥ်းစား ရွေးချယ်ဖို့ လိုမယ်။ သူတို့ခုလိုလုပ်လိုက်တော့ ကျမတို့ စိုက်ပျိုးရန်အတွက် နယ်မြေမရှိတော့ဘဲ အကျိုးစီးပွားရေးကိုလည်း ဖျက်ဆီးစေတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် သျှမ်းမြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်းကျေးရွာတွင်လည်း MNDAA တပ်ဖွဲ့က တစ်သျှူးငှက်ပျောပင် စိုက်းပျိုးရန်အတွက် ဒေသခံ မြေပိုင်များကို ၁၅ နှစ် စာချုပ်ဖြင့် ငှားယူရန် ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သိန္နီတင် မကဘူး MNDAA သူတို့ ရှိတဲ့ နယ်မြေ တကြောကို တစ်သျှူးငှက်ပျောစိုက်ဖို့ လုပ်နေကြတယ်။ နမ့်ပေါင်းရွာမှာဆိုရင် ၁၅ စာချုပ်နဲ့ချုပ်ခိုင်းတယ်။ ရွာက စားသောက်ဖို့အတွက် စိုက်ပျိုးမယ်လို ပြောတော့လည်း သူတို့က မပေးငှားရင် စွတ်လုပ်နေမှာ ဘယ်သူမှ မဆန့်ကျင်ရဲကြဘူး”ဟု ၎င်းက ပြောသည်။

တစ်သျှူးငှက်ပျောသည် တရုတ်နိုင်ငံသို့ အဓိက တင်သွင်းသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ငှက်ပျောစိုက်ပျိုးရာတွင် အသုံးပြုသည့် ဓာတုဆေးများ ပိုးသတ်ဆေးများ၊ ပေါင်းဆေးများ၊ရွက်ဖျန်းဆေး၊ မြက်သတ်ဆေးနှင့် ဓာတုဆေးဗူးများအသုံးပြုရသည်။

ထို့ဓာတုဆေးများကြောင့် MNDAA အနေဖြင့် သိန္နီပြည်သူပိုင် မြေများကို ၅ နှစ်အတွင်း ငှားရမ်းပြီး စိုက်ပျိုးမှု ပြုလုပ်လျှင် မြေဆီပျက်ဆီးမှုများ ဖြစ်လာပြီး၊ အခြားသီးနှံ စပါးများ မစိုက်ပျိုးနိုင်မည်ကို စိုးရိမ်နေကြကြောင်း သိန္နီဒေသခံများက ပြောဆိုလိုက်သည်၊

“ ဒီက မြေဆီတွေက အရမ်းကောင်းတယ်။ MNDAA အနေနဲ့ တစ်သျှူးငှက်ပျောစိုက် ဓာတ်မြေသြဇာ အလွန်အကျွံသုံးရင်တော့ ပျက်စီးမှာပဲ။ နောက် ၅နှစ်ပြီးရင် မြေက အခြားသီးနှံစိုက်လို့မရနိုင်တော့သလို အိမ်မွေတိရိစ္ဆာန်တွေသေဆုံးတာ ဒေသခံတွေ ရောဂါဖြစ်လာမှာပဲစိုးရိမ်နေရတယ်” ဟု သိန္နီတောင်သူတစ်ဉီးက ပြောသည်။

အဆိုပါ ပိုးသတ်ဆေးများကို စနစ်တကျ မစွန့်ပစ်လျှင် ပြည်သူများ အဆိပ်သင့်နိုင်ကြောင်း၊ တစ်သျှူး ငှက်ပျောစိုက်ပျိုးမှုသည် ကချင်ပြည်တွင် ကြုံတွေ့လာခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုပြန်သည်။

MNDAA သည် သိန္နီမြို့ကို ၂၀၂၄ ခုနစ် ဇန်နဝါရီ လဆန်းပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး၊ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့တွင် (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်၍ တရားဝင် အပစ်ရပ် သဘောတူညီချက် အသက်ဝင်ကြောင်း ဇန်နဝါရီလ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် မစ္စ မော်နင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...