သိန္နီမြို့ MNDAA ပြုလုပ်ပေးသည် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား သတ်မှတ်နယ်မြေအတွင်းသာအသုံးဝင်

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများကို ပြုလုပ်ပေးပြီး ၎င်းတို့ သတ်မှတ်ထားသည့် နယ်မြေအတွင်းသာ အကျုံးဝင်ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်ကာ သိန္နီမြို့အဝင်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)က ၎င်းတို့ ပြုလုပ်ပေးသည့် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယာဉ်မောင်းနှင်ခွင့် ကတ်ပြားမရှိသော သူများကို သက်ဆိုင်ရာထံ ပြန်လည်ပြုလုပ်ခိုင်းကြောင်း လောက်ကိုင် – လားရှိုး ခရီးစဉ် ပြေးဆွဲသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်နေ့ကနေ ဘယ်နေ့ထိ ဂိတ်လုပ်ပြီး စစ်ဆေးမယ်ဆိုတာ မသိရဘူး။ သူတို့ စစ်တဲ့ ကတ်ပြားက နှစ်မျိုး ရှိတယ်၊ တစ်မျိုးက ကားလိုင်စင်ပေါ့။ နောက်တစ်မျိုးက ကုန်တင်တဲ့ လိုင်စင် အခွန်လိုင်စင်လိုပေါ့။ သူတို့က အဲ့ကတ်ပြားတွေ မရှိတဲ့ ကားတွေကို စစ်မိရင်တော့ သွားလုပ်ခိုင်းတယ်။ အဲ့အခွန်စာရွက်တွေ ကလည်း ပိုက်ဆံပေးပြီးလုပ်ရတာ”ဟု လောက်ကိုင် – လားရှိုး ခရီးစဉ်ပြေးဆွဲသည့် ကားသမား တစ်ဦးက ပြောသည်။

ထိုယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများကို လက်ရှိတွင် သိန္နီမြို့ စည်ပင်ရုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြုလုပ်ပေးနေပြီး မြန်မာငွေ ၈ သောင်းမှ ၁ သိန်း ကျပ်အထိ ပေး၍ လုပ်ယူနေရကြောင်း သိန္နီမြို့ ဒေသခံအမျိုးသမီး တစ်ဦးက ထပ်လောင်းပြောသည်။

“အရင်တုန်းကတော့ လဝက ရုံးမှာ လုပ်ပေးတာ။ စလုပ်တုန်းကတော့ ၁ သောင်းကျော်‌လောက်ပဲ။ အခုကတော့ စည်ပင်ရုံးမှာ ပြန်လုပ်ပေးနေတာ၊ သူတို့ ကိုးကန့်ရုံးရှိတယ် အဲ့မှာ လိုင်စင်လုပ်ပေးဖို့ ဖွင့်ထားတာ။ အဲ့လိုင်စင်ကတ် တွေက ၈ သောင်းကနေ ၁ သိန်း လောက်ထိ ပေးပြီး လုပ်နေရတာ အခုတော့”ဟု ၎င်းအမျိုးသမီးက ပြောသည်။

MNDAA ထိန်းချုပ်နယ်မြေက ယာဉ်မောင်းလိုင်စင်

ထိုယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားသည် ၆ လ သက်တမ်းရှိပြီး၊ သျှမ်းပြည် မြောင်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် TNLA တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့ ထိန်းချုပ်သည့် နယ်မြေ အတွင်းသာ အကျုံးဝင်သော်လည်း ကားသမားများက ထိုကတ်ပြားများကို လုပ်နေရကြောင်း လောက်ကိုင် – လားရှိုး ခရီးစဉ်ပြေးဆွဲသည့် ကားသမားများထံမှ သိရသည်။

“ကျနော်တို့လည်း စားဝတ်နေရေး ရှိတော့ သူတို့ တောင်းသလောက် ပေးပြီးတော့ အဲ့ကတ်ကို လုပ်ရတာပေါ့ ဘယ်တက်နိုင်မှာလည်း။ ပိုက်ဆံမရှိလည်း ခဏ ချေးငှားပြီးတော့ လုပ်ရတာပေါ့။ အဲ့ကတ်မရှိရင် နောက်ကြရင် လိုင်းကားမပေးဆွဲတာ အဲ့လိုဖြစ်မှာ ကြောက်ရသေးတယ်။ ကုန်တင်တာလည်း ဆီဈေးကမြင့်တော့ အရင်လို သိပ်မရဘူး။ တခြားအလုပ် လုပ်ဖို့လည်း မရှိဘူးလေ”ဟု လောက်ကိုင် – လားရှိုး ခရီးစဉ်ပြေးဆွဲသည့် ၎င်းကားသမား က ပြောသည်။

ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး လားရှိုးမြို့ အဝင်အထွက်ဂိတ်များတွင် MNDAA ထံ ဘီးလှိမ့်ခွန်အဖြစ် ယာဉ်တစ်စီးလျှင် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကားများအတွက် သယ်ဆောင်လာသည့် ကုန်ပမာဏပေါ် မူတည်ကာ အခွန်အဖြစ် (၁%) ကောက်ခံကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များအားလုံးကို ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...