MNDAA အပစ်ရပ်ထားသည့် လေးရက်အတွင်း သိန္နီမြို့နှင့် လားရှိုးမြို့ကို စစ်ကောင်စီ အပြင်းအထန် လေကြောင်းဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့နှင့် လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အပစ်ရစ်ကြေညာထားသည့် လေးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းကြောင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ဇူလိုင်လ ၁၅ ရက် မှ ၁၈ ရက်အထိ လေးရက်ကြာ အပစ်ရပ်ကြေညာခဲ့သည်။

ထိုကြေညာပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယမန့်နေ့ (ဇူလိုင် ၁၈ ရက်)တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား အများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကာ ယနေ့ (ဇူလိုင် ၁၉ ရက်)အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်လက်ဗုံးကြဲ တိုက်ခိုက်နေသေးကြောင်း သိရသည်။

“မနေ့က ညနေ ၄ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လာကြဲတာ ဈေးပေါ်ကိုကျတယ်၊ သေတာနဲ့ ဒဏ်ရာရတာဆိုရင် ၃၀ ကျော် ရှိတယ်။ ဈေးကြီးရယ်၊ မြို့တော်ခန်းမ၊ ကြာကန် (နောင်မို)နဲ့ လယ်ကွက်ထဲ ၄ လုံး ချသွားတာ။ ဈေးပေါ်ကျတာတော့ အပြင်းဆုံးပဲ၊ ဆိုင်ခန်းနဲ့ အဲ့နားက အိမ်တွေ အကုန်ထိတယ်”ဟု သိန္နီမြို့ဒေသခံ ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့မဈေးပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး အပါအဝင် အရပ်သား (၁၀) ဦးခန့် သေဆုံးပြီး၊ (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ သေဆုံးသွားသူများထဲတွင် မိသားစု ဝမ်းရေးကို အဓိက ရှာဖွေကျွေးမွေးနေသည့် လူငယ်များလည်း ပါရှိကြောင်း ဒေသခံများ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“သေဆုံးမှုထဲ အသက်အရွယ်ကောင်းသူတွေ မိသားစုအတွက် ရှာဖွေရုန်းကန် အလုပ်အကျွေးပြုနေတဲ့ မိခင်၊ ဖခင်၊ သားသမီးကောင်းရတနာတွေ ပါဝင်ပါတယ်။ အင်မတန်မှ ဝမ်းနည်းထိခိုက် နာကျည်းရပါတယ်ဗျာ”ဟု သိန္နီဒေသခံ အမျိုးသားတစ်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် လေကြောင်းဗုံးကြဲခံရသည့် သိန္နီမြို့မဈေးနှင့် အနီးရှိ ပြည်ထောင်စု လမ်းမကြီးကိုလည်း ကိုးကန့်တပ် MNDAA က ပိတ်ထားလိုက်ပြီး မည်သူမှ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ဒေသခံများက ပြောသည်။

“မနေ့ကဆို ဈေးသိမ်းခါနီး ဗုံးလာကြဲသွားတော့ လူထိတာနဲ့ ပျက်စီးဆုံးရှုံးတာ များတယ်။ ရှေ့ရက်က ကွတ်ခိုင်အတက် ကွမ်းလုံလမ်းခွဲမှာလည်း နေ့လယ်ကြီး လေယာဉ်နဲ့ ဗုံးလာချသွားတာ။ အရင်ကလည်း ကျောင်းနဲ့ ပညာရေးမှူးရုံးကို လာကြဲတာ၊ ရဲစခန်းကို လာကြဲတာနဲ့ဆိုရင် စုစုပေါင်း ၄ ခါမက ရှိပြီ”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်တွင် သိန္နီမြို့ပေါ် အထက-(၁)၊ အထက-(၂) နှင့် ပညာရေးမှူးရုံးသို့ လည်းကောင်း၊ ဇူလိုင်လ ၃ ရက်တွင် ရပ်ကွက်(၂) ရှိ ရဲစခန်းအနီးသို့ လည်းကောင်း စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်နှင့် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့ဒေသခံများသည်လည်း ညအချိန်တွင် မြို့ထဲရှိ နေအိမ်တွင် မနေရဲတော့ဘဲ လေကြောင်းပစ်ခတ်မှု အန္တရာယ် ကင်းလွတ်နိုင်သည်ဟု ယူဆရသည့် တောင်ယာနှင့် ဘုန်းကြီးကျောင်းများတွင် ညသွားအိပ်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက သိန္နီမြို့ရှိ စကခ-၁၆ ၊ ခလရ-၆၉ နှင့် ခမရ-၃၂၃ တပ်ရင်းတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပူးပေါင်းတပ်ဖွဲ့တို့မှ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် စစ်ဘေးရှောင်များကို နေရပ်ပြန်နေရန် ကိုးကန့်တပ်က ပြန်လည်ခေါ်ယူခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်တပ်ဖွဲ့မှ စစ်ဘေးရှောင်များ နေရပ်မပြန်ပါက နေအိမ်များကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်ထက်ဝက်ကျော်မှာ နေအိမ်ပြန်နေစဉ် ယခုကဲ့သို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခံရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်သဘောအရ အလုံးအရင်းနဲ့ အပြန်အလှန် ထိုးစစ်ဆင်မှုတွေ အချိန်မရွေး ရှိနိုင်တာမို့ တိုက်ပွဲကြားက မိဘပြည်သူများ သတိဝိရိယ အမြဲရှိကြပါခင်ဗျား”ဟုလည်း သိန္နီ ဒေသခံ အမျိုးသားက ၎င်းလူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတိပေးလိုက်သည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA က လေးရပ်ကြာ အပစ်ရပ် မကြေညာခင် ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းကလည်း လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း MNDAA မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...