လေးလအတွင်း စစ်ကောင်စီလေကြောင်းဗုံးဒဏ်ကြောင့် အရပ်သား(၃၈) ဦးသေ၊ တစ်ရာကျော် ဒဏ်ရာရဟု MNDAA ပြော

သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးပြီး (၁၂၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ယနေ့(နိုဝင်ဘာ ၁ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ဇူလိုင်လမှ အောက်တိုဘာလအထိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း လေးလအတွင်း စစ်ကောင်စီတပ်သည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် လားရှိုး၊ လောက်ကိုင်နှင့် သိန္နီ စသည့်နယ်မြေများရှိ စစ်ရေးပစ်မှတ် မဟုတ်သော နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်(၅၀) ကျော် ပြုလုပ်ခဲ့ပြီး ဗုံး(၂၀၀) ကျော် ကြဲချခဲ့ကြောင်း MNDAA က ပြောသည်။

၎င်းလေကြောင်း တိုက်ခိုက်မှုများအတွင်း အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးပြီး (၁၂၄) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်သုံ့ပန်း (၅) ဦးလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း MNDAA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုံစာ – လားရှိုးမြို့ပေါ် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး FB Page)

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ပစ်မှတ်ဧရိယာများမှာ လားရှိုး၊ လောက်ကိုင်နှင့် သိန္နီမြို့နယ်တို့ ဖြစ်ပြီး လူစုလူဝေးရှိသည့် စာသင်ကျောင်း၊ ဆေးရုံ၊ စေတီနှင့် ကွမ်ရင်မယ်တော်ကျောင်းကဲ့သို့ သမိုင်းဝင် ဘာသာရေး အဆောက်အဦးများ၊ အများပြည်သူ အိုးအိမ်များကိုလည်း ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်ရေးပစ်မှတ် ဖြစ်လာပြီး ဒေသခံများ နေရပ်မပြန်နိုင်ရန်နှင့် လုပ်ငန်းမလည်ပတ်နိုင်ရန် ခြိမ်းခြောက်တားမြစ်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်တပ်များကို တိုက်ပွဲရပ်တန့်ရန် တရုတ်ဘက်မှ ဖိအားပေးလျက် ရှိနေပြီး နယ်စပ်ဂိတ်များကို စတင်ပိတ်လိုက်သည့်အပြင် စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများသို့ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် ပြည်သူများမှာ စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း ဒေသခံများထံမှ သိရသည်။ 

)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...