TNLA နှင့် MNDAA အပြန်အလှန် ဖမ်းဆီးမှုပြုလုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA တပ်သား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ဘက် ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) ည ၆ နာရီခန့်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်အင်အား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) ဘက်မှ အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့နယ် အီနိုင်းကျေးရွာဘက်သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက သိန္နီထဲက မိုင်းပါးရွာဘက် ရောက်နေတဲ့ TNLA စစ်သားတွေကို ကိုးကန့်ဘက်က ဖမ်းပြီးတော့ ကားတင်ခေါ်သွားတယ်။ ကိုးကန့်ဘက်က ကားတင် ဖမ်းသွားတဲ့ ပလောင်စစ်သား ၅၀ လောက်ကို ည ၉ နာရီလောက်မှာ လားရှိုးနားက အီနိုင်းရွာဘက် သွားချပေးတယ်လို့ ပြောတယ်” ဟု လားရှိုးမြို့မှ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သိန္နီမြို့နယ်ထဲတွင် တပ်စွဲထားသည့် TNLA တပ်သားများကို MNDAA ဘက်မှ ဖမ်းဆီး၍ မိုင် (၄၀) ခန့် ကွာဝေးသည့် လားရှိုးမြို့နယ် အီနိုင်းကျေးရွာဘက် ကားတင်ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ အတည်ပြု မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ထိုသို့ အငြင်းပွားမှု ဖြစ်ပွားပြီးနောက် နမ္မတူမြို့ဘက်မှ TNLA စစ်အင်အား ၃၀၀ ကျော်သည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုဘက်သို့ ညတွင်းချင်း ချီတက်သွားခဲ့ပြီး လက်ရှိတွင် နှစ်ဘက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။

“အဲ့ဒါဖြစ်ပြီးတော့ TNLA ဘက်က ညတွင်းချင်း စစ်အင်အား ၃၀၀ ကျော်နဲ့ နမ္မတူဘက်ကနေ မိုင်းပါး တက်သွားတယ်။ သူတို့မဟာမိတ်တပ် အချင်းချင်းတော့ အခုထက်ထိ နှစ်ဘက်စစ်ရေး တင်းမာနေတုန်းပဲ။ ဒေသခံတွေကတော့ ဒီနေ့ ရွာစင် တက်တဲ့ ပွဲရှိနေတော့ ပုံမှန်လိုပဲ သွားလာနေတယ်” ဟု သိန္နီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းတွင် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ကာ MNDAA အလံနှင့် ညစောင့်တပ်သားများကိုပါ ယူဆောင်ဖမ်းဆီးသွားခဲ့ပြီး ဈေးအနီး ဆောက်လုပ်ရေးဝင်းတွင် တပ်စွဲထားသည့် MNDAA ရုံးနေရာတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်၍ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့သည်။

တရုတ်နှစ်သစ်ကူးကာလ ရောက်ရှိနေစဉ် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လားရှိုး-သိန္နီကြားရှိ ရေပူစစ်ဆေးရေးဂိတ် အနီးတွင် MNDAA ဘက်မှ ခရီးသည်ယာဉ်များကို လက်နက်ခဲယမ်းများ တင်ဆောင်မှု ရှိ၊ မရှိ စစ်ဆေးတင်းကြပ်ခဲ့ကြောင်း ခရီးသွားများက ပြောသည်။

ညီနောင်မဟာမိတ်တပ်များ ဖြစ်ကြသည့် TNLA နှင့် MNDAA တို့သည် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ကွတ်ခိုင်မြို့ကို ပြည်ထောင်စုလမ်းမကြီး တစ်ဘက်တစ်ခြမ်းစီ ပူးတွဲအုပ်ချုပ်နေပြီး အချင်းချင်းကြား နယ်မြေခွဲဝေမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...