Saturday, April 27, 2024

အီနိုင်း

စစ်ရေးတင်းမာတဲ့ လားရှိုးမြို့နယ်အီနိုင်းအုပ်စုမှာ ဒေသခံလူထု ဖမ်းဆီး ခံရ

သျှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့အနေအထားကနေ ရွာသားတွေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပါတယ်။ နို၀င်ဘာလ ၂၀ ရက်နေ့က ည ရ နာရီခန့်အချိန်မှာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု လူပျိုခေါင်းဆောင် စိုင်းမောင်ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကနေ ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာကနေ အဆက်အသွယ်မရတာကြောင့်ဆွေမျိုးမိဘတွေ စိုးရိမ်နေရကြောင်းသိရပါတယ်။ အီနိုင်းရွာသားတဦးကတော့ - စုံစမ်းမေးမြန်းဖို့ ဆိုပြီးလာခေါ်သွားတယ်။ ဘာအကြောင်းမေးမြန်းမှာလည်းမသိ။ သူပြန်လာမှဘဲသိရမှာပါ။ ပြန်လွှတ်လာမယ်လို့လည်း...

သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွါးသဖြင့် အီနိုင်းအုပ်စုဒေသခံများ လားရှိုးမြို့နယ် မန်ဆူဘုန်းတော်ကြီးကျောင်းသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေကြောင်းသိရသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှစပြီး အီနိုင်းအုပ်စုမှဒေသခံများ မန်ဆူဘုန်းတော်ကြီးကျောင်းသို့  တဖွဲဖွဲရောက် ရှိလာနေကြောင်း ရရှိထားသောစာရင်းအရ ၄၀၀ ဦးခန့်ရှိကြောင်း လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက...

Latest news