စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET ကားတစ်စီးလျှင် ကျပ်ငွေ ၁ သိန်း၊ အိမ်စီးကား တစ်စီးလျှင် ကျပ်ငွေ ၁ သိန်းခွဲ စသဖြင့် ကားအမျိုးအစားပေါ် မူတည်ပြီး TNLA မှ ဘီးလိမ့်ခွန်အဖြစ် သတ်မှတ်ကောက်ခံနေသည်ဟု အီနိုင်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“Wish ကားဆို ၁ သိန်းခွဲ၊ Hijet ဆို ၁သိန်း အစားစား ကောက်နေတာ။ စကောက်တာ နှစ်ပတ်လောက် ရှိဦးမယ်။ သူတို့ဗဟိုက ချမှတ်တဲ့အတိုင်း ကောက်တယ်လို့ ပြောတာပဲ၊ ကောက်မယ်ဆိုရင်တောင် ဒီနှစ်ကုန်ပြီးလို့ နောက်နှစ်ဆို တော်သေးတယ်။ ခုတော့ စစ်တွင်းကာလကြီးမှတော့ အရမ်းသရုပ်ပျက်လွန်းတယ်”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အခွန်ကောက်ခံရာတွင် တစ်နှစ်စာအခွန်အဖြစ် TNLA မှ သတ်မှတ်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

သို့သော် ယခု ၂၀၂၄ ခုနှစ်အတွင်း နှစ်ကုန်ဆုံးရန် ၂ လသာကျော်သာ ကျန်ရှိပြီး၊ ယခုနှစ်အတွင်း စစ်ဘေးအပြင် စားဝတ်နေရေး ကြပ်တည်းမှုပါ ရင်ဆိုင်နေရခြင်းကြောင့် TNLA ထံသို့ အခွန်ဆောင်နိုင်ရန် အခက်အခဲ ဖြစ်နေကြကြောင်း လားရှိုးမြို့ဒေသခံ တစ်ဦးကပြောသည်။

“ဒီလိုစစ်ဘေးသင့်ပြီး ပြည်သူလူထုတွေ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြတဲ့ အချိန်မှာ မကောက်သင့်ဘူး။ ပြန်လည်ထူထောင်ရေး ကာလအဆင့်တောင် မရောက်သေးခင် သူတို့ကို အခွန်ဆောင်ဖို့ ဆိုတာ ခက်ခဲတယ်။ တစ်နှစ်စာလို့ ပြောပြီး ခုမှ စကောက်နေတာ နှစ်ကုန်ဖို့ကလည်း ၂ လလောက်ဘဲ ကျန်တော့တာ” ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

လားရှိုးမြို့ အီနိုင်းရွာမှ အခွန်ကောက်ကိစ္စနှင့် ပတ်သက်၍ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ထိန်းချုပ်ထားသော မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များကိုလည်း “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်ပြီးနောက် ဇူလိုင်လ (၉) ရက်မှ စတင်ကာ တရုတ်နိုင်ငံဘက်မှ ပိတ်ထားသဖြင့် သျှမ်းပြည်မြောက်ပိုင်းတွင် ဆေးဝါးများ ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု ကြုံနေရသည်ဟု ဒေသခံများက ပြောဆိုသည်။

လက်ရှိ လားရှိုးမြို့တွင် ကြက်ဥ တစ်လုံးကို ၅၀၀ ကျပ်၊ စားသုံးဆီ ၁ ပိဿာ ၂၀,၀၀၀ ကျပ်၊ ခေါက်ဆွဲ ၁ ပွဲ ၅,၀၀၀ ကျပ်၊ ကိတ်မုန့် (အလတ်) ၁ လုံး ၅,၀၀၀ ကျပ်နှင့် ကော်ဖီမှုန့် ၁ ထုပ် ၅၀၀ ကျပ် စသဖြင့် ကုန်ဈေးနှုန်း မြင့်တက်လာ၍ မြို့ခံများက ညည်းညူနေကြသည်။

အလားတူပင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို စက်တင်ဘာလမှ စတင်ပြီး TNLA မှ ရွှေ (၁၀) ပိဿာ အခွန်ကောက်ခံခဲ့ရာ မပေးဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က မိုးကုတ်မြို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တိုက ထိန်းချုပ်ပြီးနောက် TNLA ဦးဆောင်သည့် မြို့အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းပြီး၊ ထိုမြို့အုပ်ချုပ်ရေးအဖွဲ့များမှ မြို့မိမြို့ဖများကို အစည်းအဝေးခေါ်ကာ အိုးအိမ်ခွန်၊ ယာဉ်ခွန် စသဖြင့် စည်ပင်အခွန်များကို စက်တင်ဘာလမှ စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း အသိပေးထားသည်ဟု ဒေသခံများပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...