Friday, May 3, 2024

စားဝတ်နေရေးခက်ခဲ

အောင်ပန်း စစ်ဘေးရှောင် နှစ်ထောင် ကျော် စားနပ်ရိက္ခာ၊ဆေးဝါးများ လိုအပ်

သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် စစ်ဘေးရှောင် နှစ်ထောင် ကျော်အတွက် အလှူရှင်များ မရှိ၊စားနပ်ရိက္ခာမျာ နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင်ကျော်သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိအောင်ပန်းစစ်ဘေးရှောင် နှစ်ထောင်ကျော်ထဲမှ အချို့သည်...

ဆီဆိုင်မြို့နယ် နေရပ်ပြန် စစ်ရှောင်များ စားဝတ်နေရေး အခက်တွေ့

ဆီဆိုင်မြို့နယ်မှ လွိုင်လင်လေးသို့နေရပ်ပြန်သွားသော စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေ ကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောရှိ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာသူများသည် လွိုင်လင်လေးမြို့ကို နေရပ်ပြန်သွားခဲ့ကြပြီး စိုးရိမ်မှုများနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ခုက တခြားနေရာ တွေထပ်ပြေးဖို့က အခက်အခဲရှိလို့ ကိုယ်နေရပ်ကိုပြန်ခဲ့တာပေါ့။တိုက်ပွဲတွေကငြိမ်နေပါတယ်ဆိုပေမယ့် စားဝတ်နေရေး...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...

ကျိုင်းတုံမြို့နယ် ရေဘေးကြုံပြည်သူ အခက်အခဲ ရှိနေ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် ရေဘေးကြုံနေရသည့်ပြည်သူများ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု နောက်ဆက်တွဲမှုကြောင့် ကိုဗစ်ကာလအလွန် နိုင်ငံရေးရိုက်ခတ်မှု နှင့် စီးပွားရေးအကြပ်အတည်းများဖြစ်လာပြီး ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြေခံလူတန်းစားများ အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းသိရှိရသည်။ “ကျနော်တို့မြို့ (ကျိုင်းတုံ) က တခြားမြို့နဲ့ ယှဥ်လိုက်ရင်လည်း...

ကျောက်မဲမြို့နယ် TNLA ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ တစ်ချို့ စားဝတ်နေရေးအတွက် ခက်ခဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၇ ရက်က ထိုစစ်ရှောင်များကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမည်ဟုခြိမ်းခြောက်သောကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် သူများသာဖြစ်ကြောင်း ကောင်းကျေးရွာမှ စစ်ရှောင် အမျိုးသမီးတစ်ဦး က...

သီပေါမြို့နယ် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၊ ခြေထောက်ဖြတ်ရ စား၀တ်နေရေးခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိသွားသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း သီပေါမြို့နယ်မှ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းရာမှာ လမ်းတစ်ဝက်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ “ သူက ဖြစ်တာတော့ကြာပြီ၊ ဖေဖော်ဝါရီလအတွင်းမှာ...

Latest news