ကျိုင်းတုံမြို့နယ် ရေဘေးကြုံပြည်သူ အခက်အခဲ ရှိနေ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် ရေဘေးကြုံနေရသည့်ပြည်သူများ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု နောက်ဆက်တွဲမှုကြောင့် ကိုဗစ်ကာလအလွန် နိုင်ငံရေးရိုက်ခတ်မှု နှင့် စီးပွားရေးအကြပ်အတည်းများဖြစ်လာပြီး ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြေခံလူတန်းစားများ အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းသိရှိရသည်။

“ကျနော်တို့မြို့ (ကျိုင်းတုံ) က တခြားမြို့နဲ့ ယှဥ်လိုက်ရင်လည်း နဂိုကတည်းက ကုန်စျေးနှုန်းတွေ ပိုမိုမြင့်မားခဲ့တာ၊ အခုဆိုရင် အခြေခံစားသောက်ကုန်စျေးနှုန်းတွေက အစ စက်သုံးဆီတွေရော၊ ရွှေစျေးနှုန်း ငွေလဲလှယ်နှုန်းတွေရော ဈေးနှုန်းတွေက သိသိသာသာကို တက်လာတော့ ကျနော်တို့လို လခစားတွေက ခက်ခဲရတာပေါ့၊ အရာရာကို ချွေတာသုံးစွဲနေရတယ်” ဟု ကျိုင်တုံဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျိုင်းတုံစျေး

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှ သြဂုတ်လအထိ ကျိုင်းတုံမြို့ ငွေလဲလှယ်မှုနှုန်းမှာ ယခင် ထိုင်းဘတ်ငွေ (၁) ဘတ် လျှင် ၅၈ ကျပ် မှ ယခု ၈၀ ကျပ် ၊ တရုတ် ယွမ်ငွေ ( ၁) ယွမ်လျှင် ၃၁၀ ကျပ် မှ ယခု ၄၁၀ ကျပ်သို့ ရောက်ရှိလာသဖြင့် ထိုင်းဘတ်ငွေ အသုံးပြုသော တာချီလိတ်မြို့ရှိ ဝန်ထမ်းများ၊ အခြေခံလူတန်းစားများက စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှု နှင့် ဝယ်ယူရခက်ခဲမှုတို့ကြောင့် ဒေသအတွင်း သွားရေးလာရေး များလည်း ကြပ်တည်းလာပြီး ဝမ်းစာရှာဖွေရေးအတွက်ပါ ထိခိုက်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခုဆို ဆီတွေကလည်း အရင်က ဈေးနှုန်းနဲ့ သုံးဆလေးဆလောက်တက်လာတယ်၊ လိုသလောက်မရတော့ ဘယ်ကိုသွားလို့ရမလဲ၊ ပန်းရံတွေ လက်သမားတွေဆို ဆိုင်ကယ်မရှိလို့ စက်ဘီးနဲ့ အလုပ်သွားရတာ၊ တချို့ဆို အလုပ်နားရတဲ့အထိပဲ၊ အဲ့လိုခါကျတော့ ဝမ်းရေးတွေ ထိခိုက်လာတယ်” ဟု ပြောသည်။

ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားသောက်ကုန်များအပြင် လူသုံးကုန်အမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး မှာလည်း စျေးနှုန်းများမြင့်တက်လျှက်ရှိသဖြင့် ကျေးရွာနေဒေသခံတိုင်းရင်းသားများ နှင့် အခြေခံလူတန်းစားများမှ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းရေး လိုလားလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများစွာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အပြင် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများလည်း နေ့စဉ်နှင့်အမျှ ရှိလာနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...