Tuesday, April 16, 2024

ရေကြီးရေလျှံမှုဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့နယ် ပန်ခမ်း ကျေးရွာ ရေကြီးမှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ထိ ရေများဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ . ဒီနေ့ သြဂုတ် (၉) ရက်တွင် ရေကြီးရေလျှံမှုကြောင့် ပန်ခမ်းကျေးရွာ နှင့် နောင်ယန်းကျေးရွာတို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “နမ့်ပေါ့ ရေချောင်းကနေ စဖြစ်တာ။ နမ့်ပေါ်ရေကာတာ...

တာချီလိတ်မြို့တွင် ထပ်မံရေကြီးမှုကြောင့် ရေဘေးသင့်သူများ စားသောက်ရန် ခက်ခဲ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားကာ နေအိမ်တချို့ အစားအသောက်ချက်ပြုတ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေထဲတွင် တောင်ကျချောင်းရေများ အဆမတန် စီးဝင်သောကြောင့် ချောင်းရေလျှံမှုဖြစ်သဖြင့် ရေဘေးသင့်သူများ ချက်ပြုတ်စားသောက်ရန် ခက်ခဲသည့်အတွက် အစားအသောက်များ လိုအပ်နေကြောင်း ကိုလှမိုးပရဟိတအသင်းထံမှ...

တာချီလိတ် နှင့် ကျိုင်းတုံမြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း ဖြစ်သည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၅) ရက်တွင် တကြော့ပြန် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ဒေသခံများက စိုးရိမ်နေရကြောင်း တာချီလိတ်...

လားရှိုးမြို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရှိ ရပ်ကွက်များ ရေကြီးရေလျှံဖြစ်ပွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် (၂၆) ရက် ညနေပိုင်းတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက် (၁)မှ ရပ်ကွက်(၉) ထိစီးဆင်းနေသော ရေနုတ်မြောင်းရေများက ရေလျှံထွက်ပြီး အနိမ့်ပိုင်းရှိရပ်ကွက်များသည် သြဂုတ် (၂၇)...

ပုံးအင်း စပါးလယ်ယာ ဧက ၂ သောင်း ဝန်းကျင် ရေလွှမ်းမိုးခံရ

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် စပါးခင်း လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ရေနစ်မြှုပ်သွားကြောင်း ပုံးအင်းမြေစာရင်း ပြုစုသူထံမှ စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသအတွင်း လယ်ဧကပေါင်း ၃ သောင်းကျော်ရှိရာ ၂ သောင်းကျော် ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။ ထို ရေနစ်မြှုပ်ခံရသော ပုံးအင်းဒေသမှ စပါးများသည် တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ်...

ကျိုင်းတုံမြို့နယ် ရေဘေးကြုံပြည်သူ အခက်အခဲ ရှိနေ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် ရေဘေးကြုံနေရသည့်ပြည်သူများ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု နောက်ဆက်တွဲမှုကြောင့် ကိုဗစ်ကာလအလွန် နိုင်ငံရေးရိုက်ခတ်မှု နှင့် စီးပွားရေးအကြပ်အတည်းများဖြစ်လာပြီး ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြေခံလူတန်းစားများ အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းသိရှိရသည်။ “ကျနော်တို့မြို့ (ကျိုင်းတုံ) က တခြားမြို့နဲ့ ယှဥ်လိုက်ရင်လည်း...

ကျိုင်းတုံမြို့နယ် လင်မယားနှစ်ဦး တောင်ကျရေထဲမျောပါသွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ယဉ်းခကျေးရွာရှိ လင်မယား (၂) ဦး အိပ်ပျော် နေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီးကြောင်း နှင့် အတူမျောပါသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၁၃ ရက် ညအချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ပေါ်ရေများ စီးဆင်းလာကာ နေအိမ်ထဲ အိပ်ပျော်နေသည့်...

သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်တွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်ပွား

ယခုနှစ် မိုးရာသီကာလတွင် ရာသီဥတုပြောင်းလဲမှု နှင့် သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်အတွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်လာကြောင်း သျှမ်းပြည်တွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များထံ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးမှုဖြစ်ပြီး ပြည်သူများ သေဆုံးမှုထိရှိကြောင်း၊ ယခင်နှစ်က ရေမကြီးသည့် ဒေသတွင်လည်း ရေကြီးမှုဖြစ်လာကြောင်း...

သျှမ်းပြည်မြောက်ပိုင်း ရေကြီးမှုကြောင့် ဒေသခံ တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရဿည်။ ဇူလိုင် (၃) ရက်တွင် သီပေါမြို့ ဆောင်ကြဲကျေးရွာအုပ်စု၊ ဆောင်ကြဲကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံများလည်း ပျက်စီးကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ “သူက ရောဂါအခံရှိတယ်။...

Latest news