ပုံးအင်း စပါးလယ်ယာ ဧက ၂ သောင်း ဝန်းကျင် ရေလွှမ်းမိုးခံရ

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် စပါးခင်း လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ရေနစ်မြှုပ်သွားကြောင်း ပုံးအင်းမြေစာရင်း ပြုစုသူထံမှ စုံစမ်းသိရှိရသည်။

ပုံးအင်းဒေသအတွင်း လယ်ဧကပေါင်း ၃ သောင်းကျော်ရှိရာ ၂ သောင်းကျော် ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။

ထို ရေနစ်မြှုပ်ခံရသော ပုံးအင်းဒေသမှ စပါးများသည် တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ်တို့ဖြစ်ပြီး ရေလွှမ်းမိုးမှု ခံရသဖြင့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ပုံးအင်းဒေသ

အဆိုပါ ရေလွှမ်းမိုး၍ ပျက်စီးဆုံးရှုံးသွားသော စပါး ဧကပေါင်း ၂ သောင်း ဝန်းကျင်ကို ပြန်လည်ရိတ်သိမ်း၍ မရသောကြောင့် ယခုနှစ် ပုံးအင်းလယ်သမားများ အရှုံးပေါ်ခဲ့ရပြီး လက်ရှိ စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း ပုံးအင်းလယ်သမားဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“စပါးပင်တွေ ရေအောက်ရောက်ကုန်ပြီ။ ပုံးအင်းတဘက်ချောင်းတလျှောက်ရယ် ကုန်းကျိုင်း၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဥ်၊ ကက္ကူ ၊ နားဟီး ၊ အသုံးတော် ဒီကျေးရွာအုပ်စုတွေထဲက စပါးခင်းတွေ ရေလွှမ်းကုန်ပြီ။ အခုထိ ရေကနည်းနည်းပဲ ကျသေးတယ်။ ပြန်ရိတ်လို့လည်းမရတော့ ရှေ့ဆက် လူထုတွေ လုပ်ကိုင် စားသောက်ဖို့ အရမ်းခက်နေပြီ“ ဟု ပုံးအင်းလယ်သမား တစ်ဦးက ပြောသည်။

ပုံးအင်းဒေသ ရေကြီးမှုဖြစ်ပွား

ပုံးအင်းလယ်သမားများသည် တစ်နှစ်လျှင် လယ်ယာလုပ်ကိုင်ရန် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ကျပ်သိန်း (၁၀) ကျော်အထိ ကုန်ကျကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်နေ့တွင် မြို့နယ်အလျောက်၊ မြို့နယ်ဦးစီးမှူးများက ရေနစ်မြှုပ်သွားသော ပုံးအင်းဒေသရှိ စပါး ဧကများကို လာရောက်စစ်ဆေးပြီး မြေစာရင်းများ နှင့် ဆည်မြောင်း ဖောက်လုပ်ရေးအတွက် လာရောက်ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လက်ရှိကာလတွင် ကုန်ပစ္စည်းများ အဆမတန်မြင့်တက်နေချိန် ပုံးအင်းလယ်သမား တချို့က ဘုန်းကြီးကျောင်းရှိ ဆန်များကိုပြန်လည် ဝယ်ယူနေရကြောင်း ပုံးအင်းဒေသရှိ အိမ်ရှင်မ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စါးများ အညောင့်ထွက်ခြင်း

“ဆန်ဈေးက အရမ်းတက်နေပြီ။ စပါးရောင်းဖို့က ဘယ်သူ့မှမဝယ်ဘူး။ တချို့ဆို ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ တောင်းဝယ်ရတာ ရှိတယ်။ ဆန်စက်ရုံက ဆန်တွေ ပြတ်နေပြီ။ (၂) တင်းအိတ်ကြီး တစ်အိတ်ကို (၁) သိန်းနဲ့ (၅)ထောင် ပေးရတယ် “ ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

အလားတူ ပုံးအင်းစပါးများကို ဝယ်ယူသိုလှောင်ထားသော ပွဲစားများက ယခုနှစ် ပုံးအင်းထွက် စပါးများကို ဝယ်ယူရန်အတွက် ခက်ခဲနေကြောင်း ပုံးအင်းစပါးဝယ်ယူသူ ပွဲစားတစ်ဦးက ပြောသည်။

“ကျနော်တို့လည်း ပိုက်ဆံတွေအများကြီး မပေးထားချင်တော့ဘူး။ ပိုက်ဆံကို အရင်ပေးထားပြီး စပါးကိုအိမ်ထိ သွားယူပါတယ်။ စပါးဈေးက မရမှာကို စိုးရိမ်ရတယ်။ ကျနော်တို့ကလည်း ကြည့်ပြီး ဝယ်နေရတာကိုးဗျ။ ရွေးစပါးကို ကျနော်တို့က ၄ တင်းဆို (၃၇,၀၀၀) ကျပ်၊ ရွှေအပ်စပါးကိုတော့ ၄ တင်းဆို (၄၂,၀၀၀) ကျပ်ထိပဲ ပေးရတယ် “ ဟု ၎င်းကဆိုသည်။

ပုံးအင်းဒေသသည် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုကို ကြုံတွေ့နေရသော်လည်း ယခုနှစ်တွင် အဆမတန် ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ပုံးအင်းစပါးများ ဝယ်ယူသူနည်းပါးပြီး ပုံးအင်းလယ်သမားများမှာ ဆန်ဈေးကို ဈေးကြီးကြီးဖြင့် ဝယ်ယူ စားသုံးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...