တာချီလိတ်မြို့တွင် ထပ်မံရေကြီးမှုကြောင့် ရေဘေးသင့်သူများ စားသောက်ရန် ခက်ခဲ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားကာ နေအိမ်တချို့ အစားအသောက်ချက်ပြုတ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေထဲတွင် တောင်ကျချောင်းရေများ အဆမတန် စီးဝင်သောကြောင့် ချောင်းရေလျှံမှုဖြစ်သဖြင့် ရေဘေးသင့်သူများ ချက်ပြုတ်စားသောက်ရန် ခက်ခဲသည့်အတွက် အစားအသောက်များ လိုအပ်နေကြောင်း ကိုလှမိုးပရဟိတအသင်းထံမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မယ်ဆိုင်ချောင်းနဲ့နီးတဲ့ နေအိမ်တွေ၊ ရေစီးဝင်တဲ့နေအိမ် မှာချက်ပြုတ်လို့ မရဘူး။ ကျနော်တို့ အဖွဲ့သား အနေနဲ့ ကိုယ်တိုင်ချက်ပြုတ်ပြီး သွားကူညီတယ်။ မနေ့ညက တာလော့ဘက်မှာ ထမင်းဘူး (၅၀၀) ကျော်လောက် သွားဝေရတယ်။ ဒီနေ့လည်း ထမင်းဘူး (၅၀၀) ကျော်လောက်တော့ ကျနော်တို့ ထပ်သွားဝေပေးဖို့ ရှိတယ် “ ဟု ၎င်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ် ရေဘေးသင့်

အဆိုပါ ရေကြီးရေလျှံမှု သည် တာချီလိတ်မြို့ ရှိ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း (ခ) နှင့် မယ်ခေါင် စသည့် အနိမ့်ပိုင်းများတွင် ထပ်မံကြုံတွေ့နေရခြင်းဖြစ်သည်။

အလားတူ ယနေ့ စက်တင်ဘာလ (၁၃) ရက်၊ နေ့လည်ပိုင်းအချိန်တွင် မိုးရွာသွန်းမှု ရပ်တန့်သွားပြီး မိုးရေများထပ်မံ တက်ရောက်မှုမရှိသေးကြောင်း၊ အဆိုပါ မိုးရေများထပ်တက်လျှင် စိုးရိမ်မှုရှိကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညကတော့ မယ်ဆိုင်ချောင်းက စိုးရိမ်အမှတ်ထိတော့ ရောက်နေတယ်။ ဒီနေ့ နေ့လည်ပိုင်းတော့ မိုးတိတ်သွားပြီ။ ရေကထက်တက်လာနိုင်လားတော့ မသိသေးဘူး။ ရေတွေဒီထက်တက်ရင်တော့ စိုးရိမ်ရတယ်။ အခုတချို့ရပ်ကွက်တောင်မှ ရေတွေဝင်ပြီး ဆွေမျိုးအိမ်ကို ပြောင်းရွေ့ရတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တာချီလိတ်မြို့မှာ ယခုရေကြီးရေလျှံမှု (၃) ကြိမ်မြောက်အထိ ဖြစ်ပွားနေပြီ၊ ပြည်သူများ နေအိမ်သို့ ပြောင်းရွှေ့မှုများလည်း မကြာခဏ ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...