ကျိုင်းတုံမြို့နယ် လင်မယားနှစ်ဦး တောင်ကျရေထဲမျောပါသွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ယဉ်းခကျေးရွာရှိ လင်မယား (၂) ဦး အိပ်ပျော် နေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီးကြောင်း နှင့် အတူမျောပါသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက် ညအချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ပေါ်ရေများ စီးဆင်းလာကာ နေအိမ်ထဲ အိပ်ပျော်နေသည့် လင်မယား (၂) ဦး ရေစီးထဲမျောပါသွားကြောင်း ကျိုင်းတုံဒေသခံ တစ်ဦးထံမှသိရသည်။

“ကျိုင်းတုံ နဲ့ မိုင်းဖြတ် နယ်စပ်ဖြစ်တဲ့ ယဉ်းခရွာမှာ လင်မယား (၂) ဦးက အိပ်နေတုန်း ရေကြီးရေလျှံမှုကြောင့် ရေထဲပါသွားတာ။ အခု သူ့ယောကျာ်းဖြစ်သူကိုတော့ တွေ့ပြီ။ သူ့မိန်းမတော့ ရေထဲပါသွားလို့ အခုထိရှာလို့မတွေ့သေးဘူး“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့နယ်က ရေကြီးရေလျှံမှုဖြစ်ပွား

၎င်း လင်မယား (၂) ဦးနေထိုင်သော ဒေသသည် တောင်ခြေအောက်တွင် နေထိုင်ပြီး သက်ကယ် အိမ်ခေါင်မိုးဖြင့် တည်ဆောက်ထားသော အိမ်များဖြစ်သဖြင့် တောင်ပေါ်ရေစီးကြောင်း ရိုက်ခတ်မှုကြောင့် နေအိမ်လည်း ရေထဲသို့ မျောပါသွားကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

အလားတူ ကျိုင်းတုံမြို့တွင်လည်း (၂) ရက်ဆက်တိုက် ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး နေအိမ် နှင့် လယ်ယာများ ပျက်စီးမှုရှိနေကြောင်း ယနေ့ သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ရေများကျသွားပြီး သန့်ရှင်းရေးများ လုပ်ဆောင်နေကြကြောင်း သိရသည်။

“ရေဆည်က ရေတွေလျှံပြီး ရေတွေလယ်ထဲဝင်တာ။ စပါးပင်တွေခိုင်တော့ သိပ်မစိုးရိမ်ရဘူး။ ရေတွေအိမ်အောက်ထိ ဝင်တယ်။ တချို့ကပစ္စည်းတွေ မရွေ့ရဘူး ပစ္စည်းတွေတော့ပျက်စီးတာတွေ တော်တော်များများတော့ ပျက်စီးတယ်။ ဒီနေ့တော့ ရွံ့တွေထုတ်နေရတယ်“ ဟု ၎င်းကဆိုသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင်လည်း (၂) ရက်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် နေအိမ် နှင့် ဈေးသည်များ၏ ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...