သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်တွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်ပွား

ယခုနှစ် မိုးရာသီကာလတွင် ရာသီဥတုပြောင်းလဲမှု နှင့် သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်အတွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်လာကြောင်း သျှမ်းပြည်တွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များထံ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးမှုဖြစ်ပြီး ပြည်သူများ သေဆုံးမှုထိရှိကြောင်း၊ ယခင်နှစ်က ရေမကြီးသည့် ဒေသတွင်လည်း ရေကြီးမှုဖြစ်လာကြောင်း သိရသည်။

ပုံးအင်းရေကြီးမှု

“ပထမ တစ်ချက်ကတော့ ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်တာပေါ့။ ရာသီဥတု ဖောက်ပြန်ရခြင်းရဲ့ အချက်ကတော့ ကမ္ဘာမြေကြီးရဲ့ အရင်းမြစ်ထုတ်ယူသုံးစွဲမှုက ပိုများပြားလာတာကြောင့် ဖြစ်တာပေါ့။ ပြီးတော့ အနုမြူ၊ ဓာတုဓာတ်ငွေ့တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလည်း များလာတယ်။ ရာသီဥတုတွေကလည်း အားလုံးဖောက်ပြန်သွားတာပေါ့” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များ စိုင်းခေးဆိုင်က ပြောသည်။

အဆိုပါ ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးရွာသည့် ဒေသတွင် မိုးသည်းထန်စွာရွာပြီး မိုးမရှိသည့် ဒေသတွင်လည်း မိုးမရွာကြောင်း သိရသည်။

အလားတူ ယခုနှစ်အတွင်း မိုးရေကြီးမှုကြောင့် သျှမ်းတောင်အတွင်းရှိ မြို့နယ်အများစုမှာ မိုးရေကြီးမှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှု အများဆုံးရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် (၆) ရက် ညနေပိုင်းအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တောင်ကြီးမြို့ နှင့် လွိုင်လင်မြို့တို့မှာ ရေကြီးမှုဖြစ်ပြီး နေအိမ်တစ်ချို့ ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

အလားတူ ဩဂုတ် (၈) ရက်နေ့တွင်လည်း ရပ်စောက်မြို့တွင် မိုးရေကြီးမှုကြောင့် ဇော်ဂျီရပ်ကွက် နှင့် ဥတ္တတံတားရပ်ကွက်ရှိ လူနေအိမ်တွေမှာ ရေနှစ်သွားခဲ့သည်။

ယခင်နှစ်များတွင် မိုးရေကြီးသော်လည်း ယခုနှစ်ထိ အခြေနေမဆိုးကြောင်း တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ အရင်နှစ်တွေက မိုးကြီးလည်း မြောင်းကနေဆင်းသွားတာပေါ့။ ဒီနှစ်တော့ မိုးကအရမ်းကြီးတယ်။ တောတောင်တွေမရှိတော့လို့လားမသိဘူး ရေကပိုကြီးလာတယ်။ ဒီနှစ်မှာဆို ရေကြီးတော့ တစ်ချို့အိမ်က အုတ်တံတိုင်းတွေပျက်စီးသွားတယ်” ဟု ၎င်း က ဆိုသည်။

ပုံးအင်းရေကြီးမှု

အလားတူ ပုံးအင်းဒေသထဲတွင်လည်း ယခင်နှစ်ထက် ရေကြီးလာတာကြောင့် စပါးပျက်စီးမှုရှိသလို ရေမကြီးဖူးသည့်ဒေသတွင်လည်း ယခုနှစ်တွင် ရေကြီးလာကြောင်း သိရသည်။

“ ကျနော်တို့ရွာတော့ နှစ်တိုင်းလိုလိုရေကြီးပါတယ်။ အခုဆို ကျနော်တို့ ရွာထက်မြင့်တဲ့ရွာတွေလည်း ရေကြီးနေတယ်။ ပုံးအင်းထဲက ဟိုတပ်ကျေးရွာတို့ဆိုလည်း ဒီနှစ်မှာရေကြီးလာတာ။ အရင်နှစ်တွေက ရေမကြီးဖူးဘူး” ဟု ပုံးအင်းတွင်နေထိုင်သည့် စိုင်းလူက ပြောသည်။

ထိုအပြင် သျှမ်းပြည်မြောက်ပိုင်းဘက်တွင်လည်း သစ်တောတွေပြုန်းတီးလာမှုကြောင့် ပြည်သူများ လယ်ယာချဲ့ စိုက်ပျိုးလာခြင်းကြောင့် ရေကြီးမှုပိုဖြစ်လာခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တွင်း ရေကြီးရေလျှံမှုဖြစ်ပွား

“ ကျမတို့ဘက်ကလည်း ပြည်သူတွေ သစ်ပင်ခုတ်ကြတယ်လေ။ လယ်ယာတွေ ခြံတွေစိုက်ဖို့ ဒေသချဲ့ကြတယ်လေ။ ချဲ့တော့ သူတို့က သစ်ပင်တွေခုတ်ကြတယ်။ သစ်ပင်တွေမရှိတော့ ဒီနှစ်မှာ ရေကပိုကြီးလာတယ်။ အရင်က ရေမကြီးဖူးတဲ့နေရာတွေလည်း ရေကြီးလာတာပေါ့” ဟု သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့ မိုးရေကြီးမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရေကြီးပြီး ကားတစ်စီး ရေစီးနှင့် မျောပါသွားကြောင်း သိရသည်။

ယခုနှစ် ၂၀၂၂ ခုနှစ်တွင် မိုးရာသီမှာ သျှမ်းပြည်တွင်း တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ သီပေါမြို့နယ်၊ လားရှိုးမြို့နယ်၊ မယ်ဆိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်တို့တွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...