Tuesday, January 27, 2026

သျှမ်းပြည်မြောက်ပိုင်း ရေကြီးမှုကြောင့် ဒေသခံ တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရဿည်။

ဇူလိုင် (၃) ရက်တွင် သီပေါမြို့ ဆောင်ကြဲကျေးရွာအုပ်စု၊ ဆောင်ကြဲကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံများလည်း ပျက်စီးကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“သူက ရောဂါအခံရှိတယ်။ အရက်လည်း အနည်းငယ်သောက်တယ်။ အဲ့နေ့ သူက မိုးရွာပြီး အပြင်ထွက်သွား လိုက်တာ။ ရေကတော့ အရမ်းကြီးမနက်ဘူး။ သူက ရောဂါအခံရှိတော့ သွေးတိုးပြီးတော့ ရေထဲမှာ မှောက်သွားတာ။ သူမှောက်သွားတဲ့အချိန်က ဘယ်သူမှ သူ့ကို မတွေ့ဘူး။ လမ်းမှာရေလာ စုတ်တဲ့အချိန်မှာ သူ့ကိုတွေ့တော့ သူက သေနေပြီ” ဟု ဆောင်ကြဲကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဆောင်ကြဲကျေးရွာ နေအိမ်များ ရေကြီးမှုဖြစ်ပွား

အဆိုပါသေဆုံးသွားသည့်သူသည် အမျိုးသားဖြစ်ပြီး အသက် (၄၀) နှစ်ဝန်းကျင်ရှိပြီး ၎င်းသည် မိခင်နှင့် အတူနေထိုင်သည့် သူတစ်ဦးဖြစ်သည်။

လက်ရှိအချိန်ထိ သီပေါမြို့နယ် ဆောင်ကြဲကျေးရွာထဲတွင် ရေကြီးနေသေးကြောင်းသိရသည်။

အလားတူ ယနေ့ ဇူလိုင် (၅) ရက် ကျောက်မဲမြို့နယ် ပုံဝိုးအုပ်စုအတွင်း မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်း၊ တံတားများ နှင့် ပြည်သူများ၏ လယ်ယာ၊ စိုက်ခင်းများလည်း အများအပြား ပျက်ဆီးသွားကြောင်းသိရသည်။

“ လယ်ကွက်တွေလည်း အများကြီး ရေမြှုပ်သွားတယ်။ လမ်းတွေလည်း သွားလာလို့မရသေးဘူး။ တံတားတွေလည်း ပျက်နေတယ်။ လယ်ကွက်တွေဆို အကုန်လုံးမြှုပ်သွားတယ်။ စပါးတွေတော့ အခုမစိုက်ရသေးဘူး။ ထွန်ထားတုန်းပဲရှိသေးတယ်” ဟု ပုံဝိုးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိမှာ သျှမ်းပြည်တစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းနေပြီး မြို့နယ်အများစုက ရေကြီး နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...