သျှမ်းပြည်မြောက်ပိုင်း ရေကြီးမှုကြောင့် ဒေသခံ တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရဿည်။

ဇူလိုင် (၃) ရက်တွင် သီပေါမြို့ ဆောင်ကြဲကျေးရွာအုပ်စု၊ ဆောင်ကြဲကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံများလည်း ပျက်စီးကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“သူက ရောဂါအခံရှိတယ်။ အရက်လည်း အနည်းငယ်သောက်တယ်။ အဲ့နေ့ သူက မိုးရွာပြီး အပြင်ထွက်သွား လိုက်တာ။ ရေကတော့ အရမ်းကြီးမနက်ဘူး။ သူက ရောဂါအခံရှိတော့ သွေးတိုးပြီးတော့ ရေထဲမှာ မှောက်သွားတာ။ သူမှောက်သွားတဲ့အချိန်က ဘယ်သူမှ သူ့ကို မတွေ့ဘူး။ လမ်းမှာရေလာ စုတ်တဲ့အချိန်မှာ သူ့ကိုတွေ့တော့ သူက သေနေပြီ” ဟု ဆောင်ကြဲကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဆောင်ကြဲကျေးရွာ နေအိမ်များ ရေကြီးမှုဖြစ်ပွား

အဆိုပါသေဆုံးသွားသည့်သူသည် အမျိုးသားဖြစ်ပြီး အသက် (၄၀) နှစ်ဝန်းကျင်ရှိပြီး ၎င်းသည် မိခင်နှင့် အတူနေထိုင်သည့် သူတစ်ဦးဖြစ်သည်။

လက်ရှိအချိန်ထိ သီပေါမြို့နယ် ဆောင်ကြဲကျေးရွာထဲတွင် ရေကြီးနေသေးကြောင်းသိရသည်။

အလားတူ ယနေ့ ဇူလိုင် (၅) ရက် ကျောက်မဲမြို့နယ် ပုံဝိုးအုပ်စုအတွင်း မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်း၊ တံတားများ နှင့် ပြည်သူများ၏ လယ်ယာ၊ စိုက်ခင်းများလည်း အများအပြား ပျက်ဆီးသွားကြောင်းသိရသည်။

“ လယ်ကွက်တွေလည်း အများကြီး ရေမြှုပ်သွားတယ်။ လမ်းတွေလည်း သွားလာလို့မရသေးဘူး။ တံတားတွေလည်း ပျက်နေတယ်။ လယ်ကွက်တွေဆို အကုန်လုံးမြှုပ်သွားတယ်။ စပါးတွေတော့ အခုမစိုက်ရသေးဘူး။ ထွန်ထားတုန်းပဲရှိသေးတယ်” ဟု ပုံဝိုးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိမှာ သျှမ်းပြည်တစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းနေပြီး မြို့နယ်အများစုက ရေကြီး နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...