Monday, April 29, 2024

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့နယ် ပန်ခမ်း ကျေးရွာ ရေကြီးမှုဖြစ်

Must read

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ထိ ရေများဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။

.

ဒီနေ့ သြဂုတ် (၉) ရက်တွင် ရေကြီးရေလျှံမှုကြောင့် ပန်ခမ်းကျေးရွာ နှင့် နောင်ယန်းကျေးရွာတို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“နမ့်ပေါ့ ရေချောင်းကနေ စဖြစ်တာ။ နမ့်ပေါ်ရေကာတာ ရှိထားတာလည်း ဖြစ်နိုင်တယ်။ နေအိမ်တွေ ရေမြုပ်တယ်”ဟု မူဆယ်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွား

လက်ရှိ ပန်ခမ်းကျေးရွာ နှင့် နောင်ယန်းကျေးရွာတို့ ဆက်သွယ်ထားသည့် ကားလမ်းပိုင်းသည် ရေကြီးရေလျှံမှုကြောင့် ပြတ်တောက်နေကြောင်းလည်း သိရှိရသည်။

၂၀၁၄ ခုနှစ်တွင်လည်း ရေတကြိမ် ကြီးခဲ့ဖူးပြီး၊ ပန်ခမ်းကျေးရွာ နှင့် နောင်ယန်းကျေးရွာကြား လမ်းပြတ်ခဲ့ကာ လူ၊ ကားရေထဲ မျောပါခဲ့ဖူးကြောင်းမူဆယ် ဒေသခံ တစ်ဦး က ပြောသည်။

သြဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သျှမ်းပြည်အပါအဝင် တခြားပြည်နယ်များလည်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကားလမ်းပိုင်း ပြတ်တောက်သွားသည်အထိ ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article