Tuesday, January 27, 2026

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

အင်းလေးကန်

အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။

၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် အင်းလေးကန်ကို လာရောက်လည်ပတ်သူများသည် မရှိသလောက် နည်းပါးလာခဲ့ကြောင်း သိရသည်။

“ အင်းလေးကို နိုင်ငံခြားခရီးသွားမပြောနဲ့ ပြည်တွင်းက ဧည့်သည်တောင်မလာတော့ဘူး။ အင်းထဲမှာ လက်ယက်သမားတွေ၊ ဈေးသည်၊ ဟော်တယ်တွေ အကုန်နီးပါးနားထားရတယ်။ တချို့တွေလည်း ဆက်မလုပ်တော့ဘူး၊ ဒီနှစ်သီတင်းကျွတ်ကာလ ပိတ်ရက်တွေမှာတော့ ဘုရားလာဖူးတဲ့ ဧည့်သည်တွေကို မျှော်နေကြတာပေါ့” လို့ အသက် ၄၀နှစ်အရွယ်ရှိ စက်လှေသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အင်းလေးကန်

ယခင်တွင် စက်လှေစီးခအတွက် နိုင်ငံခြားသား တစ်ယောက်ကို ဒေါ်လာ ၂၀ ၊ မြန်မာလူမျိုး တစ်ယောက်လျှင် မြန်မာကျပ်ငွေ (နှစ်သောင်း) ဖြင့်အင်းထဲသို့ လှည့်လည်ပို့ဆောင်နိုင်ခဲ့သလို ယခုတွင် လာရောက်လည်ပတ်သော ဧည့်သည်များ မရှိသလောက်နည်းပါးနေကြောင်း ၎င်းက ဆိုသည်။

အလားတူ ပုံမှန်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၇) ရက်နေ့ ရောက်ရှိလာလျှင် ဘုရားပွဲ၊ လှေလှော်ပြိုင်ပွဲကို အင်းထဲတွင် (၁၀) ရက်ကျော်အထိ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် အပါအဝင် မပြုလုပ်ရသည်မှာ (၃)နှစ်ရှိလာပြီ ဟု အင်းလေး ဒေသခံ တစ်ဦးက ပြောသည်။

“ ကိုဗစ်-၁၉ ရောဂါစဖြစ်လာကတည်းက မပေးလုပ်ဘူး။ ဒီနှစ်လည်းသူတို့မပေးလုပ်ဘူး၊ လှေလှော်ပြိုင်ပွဲလည်း မရှိဘူး။ ဘုရားလာဖူးတဲ့သူတွေတော့ နည်းနည်းပါးပါးတော့ ရှိတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်အာဏာသိမ်း (၂) နှစ်နီးပါး ကာလအတွင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ထိခိုက်ပျက်စီးလာခဲ့ပြီးနောက် ပြည်သူများ၏ စားဝတ်နေရေးအတွက်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကြပ်တည်း လာကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးကန် မတိမ်ကော ရန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် မတိမ်ကောရန် နုန်းမြေများရှင်းလင်းရန် ဒေသအလိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အင်းလေး လူငယ်များထံမှ သိရသည်။ ယမန် ( ဩဂုတ်လ ၁၉) ရက်တွင် အင်းလေးလူငယ်များသည် အင်းလေးကန်အတွင်း ရေကျဆင်းစေရန် ကျွန်းမျှောများ ဖယ်ရှားမှု လုပ်ဆောင်ခဲ့ပြီး အင်းလေးကန်၏ သဲနုန်းများကိုမှုဖယ်ရှားနိုင်ခြင်းမရှိသေးကြောင်း ဒေသခံ...

အင်းလေးကန်ရှိ ကျေးရွာအချို့တွင် ရေကြီးပြီး ကျန်ခဲ့သည့်နှုံးမြေများကြောင့် စက်လှေများသွားလို့မရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေကြီးမှုနှင့်အတူပါလာသော နှုံးမြေများကြောင့် အချို့ကျေးရွာများတွင် စက်လှေများပင်မောင်းလို့ မရတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေများ စီးဝင်မှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရသည်။ လက်ရှိတွင်ရေပြန်ကျသွားသော်လည်း ရေကြီးမှုနှင့် အတူပါလာသော နှုံးမြေများကြောင့် ရွာမကျေးရွာနှင့် အင်းတိန်ကျေးရွာများတွင် စက်လှေများ...

စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

0
စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET...

အောင်ပန်း စစ်ဘေးရှောင် နှစ်ထောင် ကျော် စားနပ်ရိက္ခာ၊ဆေးဝါးများ လိုအပ်

0
သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် စစ်ဘေးရှောင် နှစ်ထောင် ကျော်အတွက် အလှူရှင်များ မရှိ၊စားနပ်ရိက္ခာမျာ နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင်ကျော်သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိအောင်ပန်းစစ်ဘေးရှောင် နှစ်ထောင်ကျော်ထဲမှ အချို့သည်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...