အင်းလေးကန်ရှိ ကျေးရွာအချို့တွင် ရေကြီးပြီး ကျန်ခဲ့သည့်နှုံးမြေများကြောင့် စက်လှေများသွားလို့မရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေကြီးမှုနှင့်အတူပါလာသော နှုံးမြေများကြောင့် အချို့ကျေးရွာများတွင် စက်လှေများပင်မောင်းလို့ မရတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေများ စီးဝင်မှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရသည်။

လက်ရှိတွင်ရေပြန်ကျသွားသော်လည်း ရေကြီးမှုနှင့် အတူပါလာသော နှုံးမြေများကြောင့် ရွာမကျေးရွာနှင့် အင်းတိန်ကျေးရွာများတွင် စက်လှေများ သွားလာ၍ မရတော့ကြောင်း ဒေသခံများကပြောသည်။

“ရေလုံးဝခမ်းတာတော့မဟုတ်သေးဘူး၊ ရေကတော့ ရှိသေးတယ်၊ ခုနေရာတွေက ရေကြီးတာနဲ့ ပါလာတဲ့ နှုံးတွေကျန်နေခဲ့တာ ကုန်းတွေပေါ်လာတာပေါ့ ရွာမနဲ့ အင်းတိန် ဘုရားကိုဝင်တဲ့ လမ်းတွေမှာဆို မော်တော်ဝင်ဖို့ ခက်သွားပြီ” ဟု စက်လှေမောင်းသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

အင်းလေးဒေသ နေအိမ်ရေမြှုပ်

အင်းလေးကန်အတွင်းသို့ စီးဝင်သည့်‌ ရေလမ်းကြောင်းများလည်း များစွာရှိပြီး လက်ရှိတွင် ရေချောင်းများလည်း ရေများစတင်ခမ်းခြောက်လာပြီဖြစ်ပြီး ရေကြီးမှုကြောင့် ကျန်ခဲ့သည့် နှုံးမြေများကြောင့် ရေခမ်းခြောက်မှု ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်း သိရသည်။

“ဆည်မြောင်းစက်တွေကတော့ တွေ့တာပဲ သူတို့လည်း သေချာမလုပ်နိုင်ဘူးထင်တယ်၊ စက်လှေသမားတွေ ကတော့ သွားလာရပိုခက်သွားတာပေါ့၊ ရွာမမှာကတော့ အနောက်ဘက် ကနေကားဝင်လို့ရနေပြီ” ဟု ၎င်းကဆက်ပြောသည်။

Covid 19 ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် အင်းလေးဒေသအတွင်း ခရီးသွားလုပ်ငန်းများကို အကြီးအကျယ်ထိခိုက်ခဲ့ပြီးသည့်အပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရေမြင့်တက်မှု များကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဆီလွှာပျက်စီးခြင်း၊ ငါးဖမ်းလုပ်ငန်းများအတွက် ငါးများရှားပါးသွားခြင်းတို့ဖြစ်ပေါ်နေလျက်ရှိသည်။

ထို့အပြင် အင်းလေးကန်အတွင်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းများ၊ ရှေးဟောင်းစေတီပုထိုးများမှာလည်း ရေကြီး ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီး ဒေသခံအများစုမှာလည်း ရေဘေး နောက်ဆက်တွဲ အခြေအနေများကြောင့် ပြန်လည်ထူထောင်နိုင်ရန် အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...