Tuesday, January 27, 2026

အင်းလေးကန် မတိမ်ကော ရန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် မတိမ်ကောရန် နုန်းမြေများရှင်းလင်းရန် ဒေသအလိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အင်းလေး လူငယ်များထံမှ သိရသည်။

ယမန် ( ဩဂုတ်လ ၁၉) ရက်တွင် အင်းလေးလူငယ်များသည် အင်းလေးကန်အတွင်း ရေကျဆင်းစေရန် ကျွန်းမျှောများ ဖယ်ရှားမှု လုပ်ဆောင်ခဲ့ပြီး အင်းလေးကန်၏ သဲနုန်းများကိုမှုဖယ်ရှားနိုင်ခြင်းမရှိသေးကြောင်း ဒေသခံ လူငယ်များက သိရသည်။

အင်းလေးကန် ထိန်းသိမ်းဆောင်ရွက်မှုများ လိုအပ်နေပြီး မိုးအနည်းငယ် ရွာလျှင်ပင် ရေများ တက်လာခြင်း အင်းလေးကန်အတွင်း ငါးရှားပါးလာခြင်း စသည်တို့ကို ကြုံတွေ့နေရကြောင်း အသက် ၃၀ ဝန်းကျင်ရှိ ကိုမောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျွန်းမျှော အသေးလေးတွေကို ရှင်းလင်းဖြစ်တယ်။ နှစ်တိုင်းပွားများလာတာ။ ရေထွက်တဲ့ ချောင်းတွေမှာ ပိတ်တာမျိုးရှိတယ်။ သွားရလာရ ခက်ခဲစေတယ်။ အင်းလေးကန်ထဲက သဲနုန်းတွေများလာတော့ မိုးနဲနဲရွာရင် ရေကတက်လာပြီ။ မထိန်းသိမ်းနိုင်ရင်တော့ အင်းလေးကန် တိမ်ကော ပျောက်ကွယ်မှာ စိုးရိမ်မိတယ်။”ဟု ၎င်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးကန်အတွင်း ရွှံ့မြေများ သဲနုန်းများစီးဝင်လာပြီး မြေထုထည် ၃ ပေနီးပါး မြင့်တက်လာသောကြောင့် မိုးရွာတိုင်း ရေကြီးရေမြုပ်မှုများ ကြုံတွေ့နေရသည်။

အင်းလေးကန်အတွင်း ဆည်မြောင်းဦးစီးဌာနမှ မြေစုတ်စက် အဟောင်းဖြင့်သာ လာရောက်စုတ်ယူပေးနေသော်လည်း အင်းလေးကန် မြေထုထည် မြင့်မားလာမှုကို မလျော့ချနိုင်ပဲ ပို၍ မြေထုထည် ကြီးမားလာရပြီး နိုင်ငံတော်စီမံကိန်းအနေဖြင့် အင်းလေးဒေသကို ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။

ယခုလက်ရှိ အင်းလေးဒေသတွင် ရေမြင့်တက်နေပြီး နေအိမ်ရှိ ပစ္စည်းများကို အပေါ်ထပ်သို့ ပြောင်းရွှေ့ထားရကြောင်းနှင့် စိုက်ခင်းသီးနှံများလည်း ရေမြုပ်ပျက်စီးသွားကြောင်း အင်းလေးဒေသခံ လူငယ်အမျိုးသားက ပြောသည်။

“ အင်းလေးမှာက အခု ရေက အတက်လိုက်ပဲ ။ကျနေတယ်ဆိုတာ မရှိဘူး။ အိမ်တွေရေအရမ်းမြုပ်နေတာ မဟုတ်ပေမဲ့ အောက်ထပ်က ပစ္စည်းတွေ အပေါ်ထပ်ရွှေ့ထားရတယ်။ အခုက တစ်ပေလောက် မြင့်လာတယ်။မနှစ်ကလောက်တော့ ဆိုးဆိုးရွားရွားတော့ မမြုပ်သေးလို့ တော်သေးတယ်။”ဟု ၎င်းအမျိုးသားက ပြောသည်။

ဆက်လက်ပြီး အင်းလေးဒေသ အနီးတွင်ရှိသည့် တောင်ကြီး ဟိုပုံး၊ ကလော အောင်ပန်း စသည့် ဒေသခံများသည်လည်း ရွှေ့ပြောင်းတောင်ယာများ လုပ်ဆောင်မှု လျော့ချပြီး သစ်တော ပြန်လည်ထိန်းသိမ်း ထားနိုင်လျှင် အင်းလေးဒေသ ပြန်လည်ကောင်းမွန်လာစေရန် တစ်စိတ်ဒေသ အနေဖြင့် ပါဝင်ကြောင်း တိုက်တွန်း ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အင်းလေးကန်၌ နှစ် ၅၀ အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်များ ပျက်စီးကာ ဒေသခံ အများပြား ရေဘေးသင့်ခဲ့ရသည်။

အင်းလေး ဒေသတွင် ငလျင်ဘေးနှင့် ရေဘေးဒဏ်သင့် နေသည့် ကြားမှ လာမည့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ အင်းလေး ဖောင်တော်ဦးဘုရားပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

သျှမ်းတောင် လေပြင်းတိုက်မှုကြောင့် နေအိမ်၊စာသင်ကျောင်း အပျက်အစီးများ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် ယမန်နေ့ (သြဂုတ် ၂၆)ရက် မွန်းလွှဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းအများအပြားပျက်စီးခဲ့ပြီး အရေးပေါ်ပြင်ဆင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။​ ပင်လောင်းမြို့နယ် နမ်းတုတ်-လုံးပဲဉ် ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းသည် ယမန်နေ့ ( ဩဂုတ်လ ၂၆) ရက် မွန်းလွှဲ ၁...

အင်းလေး စက်လှေမောင်းသူတစ်ဦး လေးခွ ပစ်ခံရ ၊မျက်လုံးတစ်ဖက် ဆုံးရှုံးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း စက်လှေမောင်းသူတစ်ဦးသည် လေးခွဖြင့် အပစ်ခံရသဖြင့် မျက်လုံးတစ်ဖက် ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၁) ရက် နေ့လည် ၁၁ နာရီတွင် အင်းလေးဒေသ ဟဲခမ်းဦးကျေးရွာတွင် နေအိမ်များ ရေမြုပ်နေသည့်အချိန် စက်လှေ အရှိန်မြင့်မောင်းနှင်သောကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်မှုထပ်မံဖြစ်ပေါ်ခဲ့သည်။ ထို့နောက်...

ညောင်ရွှေမြို့နယ်ရောက် စစ်ရှောင် ၁၇၀၀ ကျော် ကျန်းမာရေးအကူအညီလိုအပ်

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင် (၁၇၀၀) ကျော်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။ ဇွန်လ ပထမပတ်မှစ၍ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ (၁၇၀၀)ကျော် သည် ညောင်ရွှေမြို့နယ်သို့...