စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာ (၆)ရွာမှ ဒေသခံ (၂၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် စစ်ရှောင်အချို့သည် ၎င်းတို့နေရပ် စံကားဒေသသို့ ပြန်သွားကြသည်။

ထိုနောက် PNOတပ်ဖွဲ့ကို တစ်အိမ်ထောင်စုလျှင် တစ်လလျှင် ငွေကျပ် ငါးသိန်း ပေးဆောင်နေရကြောင်း စံကားဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြန်သာ ပြန်လာရတာ အဆင်မပြေဘူး၊ လတိုင်း ငွေငါးသိန်းထည့်နေရတာ အခုဆို (၈)လတောင် ရှိပြီ၊ ကိုယ့်ဆီမရှိလည်း သူများဆီချေးထည့်ရတော့ အကြွေးတင်တာပေါ့၊ အလုပ်ကလည်း နေ့စားဆိုတော့ ပိုဆိုး၊ ကုန်ဈေးနူန်းနဲ့ အခုဆို စားဖို့တောင်မကျန်ဘူး။ဟု စံကားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ တစ်လလျှင် ငွေကျပ် ငါးသိန်းလစဉ်မပေးဆောင်ပါက စစ်မှုထမ်းခေါ်၍ ရှေ့တန်းပို့မည်ဟု PNOက ခြိမ်းခြောက်ထားကြောင်း ၎င်းအမျိုးသားကပြောသည်။

အလားတူ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင်လည်း နေရပ်ပြန်စစ်ရှောင်များကို PNOက တစ်လလျှင် ငွေကျပ် (၅)သိန်းတောင်းခံနေပြီး မပေးလျှင် နေအိမ်ချိတ်ပိတ်ခြင်း၊ စစ်မှုထမ်းခေါ်ခြင်းများလုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

“နေရပ်ပြန်လည်း ပိုက်ဆံရှိတဲ့ သူပဲ ပြန်ကြတာ ၊ဘာလို့ဆို PNOကို လတိုင်း ငါးသိန်း ပေးရမှာလေ၊ နေရပ်မပြန်လာတဲ့ စစ်ရှောင်အိမ်တွေဆို ချိတ်ပိတ်မယ် လို့ခြိမ်းခြောက်တယ်၊ တစ်နှစ်ကျော် ပေးလာရတော့ ပြည်သူတွေလည်း အဆင်မပြေတော့ဘူး။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် နန်းတုတ်ကျေးရွာတွင် နေရပ်မပြန်လာဘဲ ပင်လောင်းမြို့နယ် နှင့် အင်းလေးဒေသဘက်တွင် အိမ်ငှားရမ်းကာ အခြေချနေထိုင်သူများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလတွင် နန်းတုတ်ကျေးရွာ၌ စစ်ကော်မရှင်တပ်၊PNOတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခြင်း ဒရုန်းဖြင့် ဗုံးကြဲခြင်းအပြင် နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်သောကြောင့် စစ်ဘေးရှောင် ၂ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...