သျှမ်းတောင် လေပြင်းတိုက်မှုကြောင့် နေအိမ်၊စာသင်ကျောင်း အပျက်အစီးများ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် ယမန်နေ့ (သြဂုတ် ၂၆)ရက် မွန်းလွှဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းအများအပြားပျက်စီးခဲ့ပြီး အရေးပေါ်ပြင်ဆင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။​

ပင်လောင်းမြို့နယ် နမ်းတုတ်-လုံးပဲဉ် ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းသည် ယမန်နေ့ ( ဩဂုတ်လ ၂၆) ရက် မွန်းလွှဲ ၁ နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း နှစ်ဆောင် နှင့် လူနေအိမ်များ ခေါင်မိုးလန် ပျက်စီးသွားကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။​

“မနေ့က လေတော်တော်ပြင်းတယ်။ ကျောင်းက သုံးဆောင်ရှိတာ နှစ်ဆောင်က ပျက်သွားတယ်။ ကျောင်းဖွင့်ထားတာ မကြာသေးဘူး။ အခုကျောင်းသား ၁၅၀ ကျော်က ကျောင်းမတက်ရတော့ဘူး။ အမြန်ပြင်ဖို့ အကူညီတွေ လိုအပ်နေတယ်။ အိမ်တွေလည်း အမိုးလန်ကုန်တယ်။အရေးကြီးတဲ့ဟာ ဦးစားပေးပြင်ရမှာပေါ့။”ဟု ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဗန်းမောက်ကျောင်းကို နိုင်ငံရေးအခြေနေများကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့မှ စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဆယ်ရက်သာ ကျောင်းတက်ရပြီး ယခုကဲ့သို့ သဘာဝဘေး ထပ်မံကြံုလာသောကြောင့် ကျောင်းပိတ်ထားရသည်ဟု ၎င်းက ဆက်ပြောသည်။

“လောလောဆယ်တော့ မြို့နယ် ပညာရေးဌာနတွေကို အကြောင်းကြားထားတယ်။ လူနေအိမ်တွေက ကိုယ့်ကို ပြင်လို့ရတယ်။ စာသင်ကျောင်းက အရေးကြီးနေတော့ ကျောင်းကို ဦးစားပေးအနေနဲ့ ကူညီဖို့ လိုအပ်နေတယ်။”ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ဗန်းမောက်ရွာသည် သျှမ်း-ကယားနယ်စပ်တွင် တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကော်မရှင်တပ်၊ PNO/PNA ပြည်သူ့စစ်တပ်တို့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နှစ်ကျော်နီးပါး စစ်ဘေးရှောင်ခဲ့ရသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ကမ်းရှိ ကန်ခေါင်းရွာနှင့် ဟတ်ပုံးရွာတွင် ယမန်နေ့ (ဩဂုတ်လ ၂၆) ရက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၀၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အင်းလေးဒေသ ပတ်ပုံးရွာတွင် အိမ်ခြေ ၁၁၃ အိမ်ရှိပြီး လေပြင်းတိုကခတ်ခြင်းကြောင့် တစ်ရွာလုံးနီးပါး နေအိမ်များ ခေါင်မိုးလန်ပျက်စီးခဲ့ကာ ကန်ခေါင်းကျေးရွာတွင်လည်း နေအိမ် ၆၅ အိမ် ပျက်စီးသွားကြောင်း အင်းလေး လူထု လှုပ်ရှားမှု မှတစ်ဆင့် သိရသည်။

“မနေ့က လေအရမ်းပြင်းတော့ အိမ်တွေဆို အမိုးလန်တဲ့ အိမ်က လန်နဲ့။ ဝါးအိမ်ဆိုရင် တစ်ချို့ဆို အမိုးလည်းမရှိတော့ဘူး။ နေလို့မရအောင် ယိုင်ကျသွားတာ။ ခုခေတ် ကုန်ဈေးနူန်းနဲ့ ဝါးအိမ်တစ်လုံး ပြန်ဆောက်မယ်ဆိုရင်တောင် သိန်း၁၀၀လောက်ရှိမှ တော်ကာကျတာ။ လောလောဆယ်တော့ မပျက်သွားတဲ့ အိမ်တွေမှာ လိုက်နေကြတယ်။”ဟု အင်းလေး ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အင်းလေး ဒေသတွင် ငလျင်ဘေး၊ ရေဘေး အပြင် လေဘေး စသည့် သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့နေရပြီး နလန်ထူနိုင်ဖို့ ခက်ခဲနေသည်။

ယခုလက်ရှိ အင်းလေးတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေထပ်မံ တက်လာမည်ကို စိုးရိမ်ကြောင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် အကူညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ အထက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်လာသည့် ကာဂျီကီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ သျှမ်းပြည်နယ် အပါဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...