အောင်ပန်း စစ်ဘေးရှောင် နှစ်ထောင် ကျော် စားနပ်ရိက္ခာ၊ဆေးဝါးများ လိုအပ်

သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် စစ်ဘေးရှောင် နှစ်ထောင် ကျော်အတွက် အလှူရှင်များ မရှိ၊စားနပ်ရိက္ခာမျာ နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင်ကျော်သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအောင်ပန်းစစ်ဘေးရှောင် နှစ်ထောင်ကျော်ထဲမှ အချို့သည် ကြုံရာကျပန်းကို လုပ်ကိုင်ပြီးစားဝတ်နေရေး ကိုဖြေရှင်း နေရသော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲများရင်ဆိုင်နေရသည်။

“အခုချိန်က အလုပ် လုပ်ဖို့ကလည်း ရှာရခက်တယ် အခုချိန်က။လက်ထဲမှာ ပိုက်ဆံလေးမရှိတော့ ဟိုနားက မန်ကျည်းရွက်တွေခူး ဒီနားက အရွက်တွေ ခူးနဲ့ ဖြစ်သလိုပဲ မကျဥ်းရွက်လေးနဲ့ ထမင်းလေးနဲ့ လူကြီးတွေကို အဆင်ပြေအောင် ကျွေးရတာတွေရှိတာပေါ့။စားနပ်ရိက္ခာတွေလည်း လိုတာပေါ့။”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် မိသားစုများသည့်သူများထဲတွင် ကျန်းမာရေးမကောင်းသည့် လူကြီးများပါရှိပါက ဆေးဝါး ဝယ်သောက်ရန် အခက်ဖြစ်နေကြောင်းလည်း ၎င်းကပြောသည်။

လက်ရှိ မှာ အောင်ပန်းသို့ရောက်ရှိနေသည့် စစ်ရှောင် နှစ်ထောင်ကျော်သည် ၎င်းတို့ နေရပ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် နေအိမ်ပြန်ရန် အဆင်မပြေသေးကြောင်း၊ စစ်ရှောင်ဦးရေများပြီး ကြုံရာကျပန်း အလုပ်နည်းပါးမှုကြောင့် လည်း အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင် ကူညီသူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့တွေက အဆင်မပြေတာတွေရှိတယ်။မိုးတွင်းမရောက်သေးတော့ အလုပ်ကလည်း ပါးတယ်လေ။ ဘုန်းကြီး ကျောင်းမှာ မနေတဲ့ သူတွေကတော့ ကြုံတဲ့အလုပ်လုပ်ပြီး ဖြေရှင်း ချွေသာသုံး နေရတာ‌ပဲ။သူတို့ ပြန်လို့လည်း မရ အလုပ်ကလည်းပါး တချို့ကလည်း ကလေးတွေနဲ့ဆိုတော့ စားဝတ်နေရေးအတွက် စိုးရိမ်ရတာပေ့ါ။”ဟု သူက ဆက် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ မှစ၍ စစ်ဘေးရှောင်များအတွက် ကူညီသည့် အဖွဲ့များမရှိသည့် အပြင် စားနပ်ရိက္ခားနှင့် ဆေးဝါးများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ တစ်ဦက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ဘေးရှောင်တွေနဲ့ ချိတ်ထားတာတွေရှိတယ်။ သူတို့မလားဘူးလေ။တချို့အဖွဲ့အစည်းတွေကြတော့ လာမယ်ပြောပြီး မလာတာတွေလည်းရှိတာပေါ့။ စားနပ်ရိက္ခာတွေကတော့ လိုတာပေါ့။အလှူရှင်မရှိတာတောင် ၂ လရှိပြီ။” ဟု စစ်းဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦး ကပြောသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ၂၀၂၃ နိုဝင်ဘာလ ဒုတိယပတ်မှ ထွက်ပြေးလာကြပြီး၊ လက်ရှိ စစ်ဘေးရှောင် နှစ်ထောင် ကျော်သည် သျှမ်းပြည် အောင်ပန်းမြို့ရှိ ဘုန်းကြီးကျောင်းများ နှင့် ဆွေမျိုးအိမ် များ သို့ လာရောက် စစ်ဘေးရှောင် နေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...