Friday, April 26, 2024

သီပေါမြို့နယ် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၊ ခြေထောက်ဖြတ်ရ စား၀တ်နေရေးခက်ခဲ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိသွားသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း သီပေါမြို့နယ်မှ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းရာမှာ လမ်းတစ်ဝက်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။

မြေမြုပ်မိုင်းနင်းမိသူ

“ သူက ဖြစ်တာတော့ကြာပြီ၊ ဖေဖော်ဝါရီလအတွင်းမှာ နင်းမိတာ။ ပြီးတော့ သူ့ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရတယ်။ စဖြစ်တုန်းကတော့ သူ့အတွက် စားဝတ်နေရေးက အဆင်ပြေနေသေးတယ်။ အခုကသူအလုပ်မလုပ်နိုင်တော့ဘူး” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားသည် အသက် ၃၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ အသက် ၆၀ မိခင် နှင့် နှစ်ဦးသာ နေထိုင်ကြောင်း သိရသည်။

မြေမြုပ်မိုင်းနင်းမိသူ

“ သူကအခု သူ့အမေနဲ့နေတာ။ သူ့မှာ အမေပဲရှိတာတဲ့။ သူ့အမေက အသက် ၆၀ ကျော်ရှိနေပြီ။ သူကအမေကို ရှာကျွေးနေတဲ့ သူဖြစ်တာ။ အခု ခြေထောက်ပြက်သွားတော့ မရှာကျွေးနိုင်တော့ဘူး။ သူ့အမေလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ အဲကြောင့်သူတို့အခုက ခက်ခဲနေကြတာပါ” ဟု အထက်ပါ အမျိုးသားက ပြောပြသည်။

ရပ်စောက်မြို့နယ် ‌ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာအနီးတွင် ဒေသခံပြည်သူများက မကြာခဏ မြေမြုပ်မိုင်းနင်းမိမှုဖြစ်ပွားလျက်ရှိနေကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article