Wednesday, May 1, 2024

မြေမြုပ်မိုင်းနင်းမိ

ကျောက်မဲ အမျိုးသားတစ်ဦး မိုင်းနင်းမိ ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာနေ အမျိုးသားတစ်ဦးသည် ခြံသွားနေစဥ် မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး ခြံသွားနေစဥ် မြေမြုပ်မိုင်းနင်းမိကာ ထိုနေရာတွင် ပွဲချင်းပြီး...

နောင်ချိုမြို့ ဂုတ်ထိပ်တံတားအောက်တွင် ဒေသခံတစ်ဦးက မိုင်းနင်းမိ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာနေထိုင်သည့် အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲသွားကျောင်းရာမှ မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဇွန် ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ဂုတ်ထိပ်တံတားအောက် မိုင်းဆွဲထားသည့်နေရာကို ကျွဲသွားကျောင်းသည့် အသက် (၄၈) နှစ် အရွယ်ရှိ ဦးစိန်ဝင်းသည်...

သီပေါမြို့နယ် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၊ ခြေထောက်ဖြတ်ရ စား၀တ်နေရေးခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိသွားသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း သီပေါမြို့နယ်မှ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းရာမှာ လမ်းတစ်ဝက်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ “ သူက ဖြစ်တာတော့ကြာပြီ၊ ဖေဖော်ဝါရီလအတွင်းမှာ...

ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း...

မိုင်းကိုင်မြို့နယ် မြေမြုပ်မိုင်းဒဏ် မိသားစု(၃)ဦး ထိခိုက် တစ်ဦးသေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် မိသားစုလိုက် မြေမြုပ်မိုင်းနင်းမိပြီး အမျိုးသား သေဆုံးသွားကာ အမျိုးသမီးနှင့် ကလေး ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်တွင် မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် နေထိုင်သည့် မိသားစု (၃)ဦးသည် ကုန်းပေါင်းကျေးရွာသို့ လမ်းလျှောက်သွားရာ မြေမြုပ်မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူက...

မိုင်းကိုင်မြို့နယ် ဝါးသွားခုတ်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ဆေးကုသရန် အခက်ခဲရှိနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု၊ မောင်လျန်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး ကျောင်းကာရံရန်အတွက် ဝါးသွားခုတ်စဉ် မိုင်းနင်းမိခဲ့ပြီး ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ (၁၇)ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် ဝါးသွားခုတ်စဉ် မိုင်းနင်းမိခဲ့သောကြောင့် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “သူက ကျောင်းကာရံဖို့...

ကျေးသီးမြို့နယ် ဆယ်ကျော်သက် လူငယ် တစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အသက် (၁၅)နှစ်အရွယ် ယောက်ျားလေး တစ်ဦး ခြံသွားရင်း မြေမြုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ် ဝမ်ခုန့်ကျေးရွာအုပ်စု ကောင်းမူးကျေးရွာမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃)ရက် မနက် ၈ နာရီခွဲတွင် ပြောင်းခြံအသွား မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးသီးဒေသခံ တစ်ဦး...

ကျောက်မဲ မိုင်းနင်းမိ တစ်ရက်တည်း ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) တစ်ရက်တည်း မိုင်းနင်းမိမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ကျောက်မဲမြို့နယ် ပန်ဆန် ကျေးရွာနှင့် မန်ပင့်ကျေးရွာဒေသခံတို့ မိုင်းနင်းမိခဲ့တာဖြစ်ပြီး ပန်ဆန် ဒေသခံ တစ်ဦးနှင့် မန်ပင့် ဒေသခံ...

ဖယ်ခုံ အမျိုးသမီးတစ်ဦး ပြောင်းသွားချိုးရင်း မြေမြုပ်မိုင်းနင်းမိ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အေလာကွင်းအနီး ယနေ့ (ဒီဇင်ဘာ ၂ ရက်) မနက် ၉ နာရီဝန်းကျင်က ပြောင်းအငှားလိုက်သွားချိုးသည့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက်လောက်ဖြစ်မယ်။ ပြောင်းဖူးခင်းမှာ မြေမြှုပ်မိုင်း နင်းမိတာ။ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ပြောတယ်။ အတိကျတော့ မသိရသေးဘူး။ အခုတော့...

ရက်တပတ်အတွင်း မြေမြုပ်မိုင်း နင်းမိမှု ဆက်တိုက်ဖြစ်နေ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း ရက်တပတ် အတွင်း ဆက်တိုက် မြေမြုပ်မိုင်း နင်းမိကာ သေဆုံးသူ၊ ဒဏ်ရာရသူများဆက်တိုက်ဖြစ်နေ ကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ မကြာခဏ ထိတွေ့မှုဖြစ်ပွားသည့်နေရာဖြစ်သည်။ ဒီဇင်ဘာ ၁၄ရက်နေ့တွင်...

Latest news