သိန္နီမြို့ ခရစ်ယာန်ဘုရားကျောင်းဝန်း သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦးမိုင်းနင်းမိ၊  ၁ ဦးသေဆုံး 

သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု ဟိုတာရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင်

သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိပြီး၊ ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ 

ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၆ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသူ အမျိုသား ၂ ဦးထဲမှ ၁ ဦးသည် ပြင်းထန်သည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကချင် ဘုရားကျောင်းလုပ်အားပေးရင်း မိုင်းထိတာ။ အစတော့ သူတို့နှစ်ယောက်ကို ဆိုင်ကယ်ပေါ်တင်ပြီး ဆေးရုံခေါ်သွားသေးတယ်။ ကံမကောင်းစွာနဲ့ဘဲ တစ်ယောက်ကတော့ ဆုံးသွားတယ်” ဟု ၎င်းကပြောသည်။ 

သေဆုံးသွားသူမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနာမည်နှင့် နေရပ်လိပ်စာ အတိအကျမသိရှိရကြောင်း ဆိုသည်။ အလားတူ ထိခိုက်ဒဏ်ရာသူ အမျိုးသားတစ်ဦးကိုလည်း လက်ရှိတွင် သိန္နီမြို့ဆေးရုံမှာ ဆေးကုသနေရသည်ဟု သိရသည်။ 

သိန္နီမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲပြီးသည့်နောက် ၄ လကျော်ကာလမှာ ဒေသခံများနေရပ် ပြန်လာနိုင်ကြသော်လည်း မည်သည့် အဖွဲ့အစည်းများမှ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သကဲ့သို့ မြေမြုပ်မိုင်းအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းမရှိခဲ့ကြောင်း ဒေသခံများကပြောကြသည်။

“အခုဘယ်အဖွဲ့အစည်းမှ မရှင်းပေးဘူး။ သိန္နီမှာအခုဆို ကိုးကန့်တပ်ဖွဲ့ MNDAA တစ်ဖွဲ့ပဲရှိတာ။ မိုင်းကတော့ အများဆုံးသိန္နီတောင်မြို့မှာ ကျန်နေတာ။ စစ်ဖြန်တုန်းကလည်း ဟိုဘက်ကမ်းတွေပဲ အများကြီး၊ အကြာကြီး ဖြစ်တော့ဘယ်သူတွေမိုင်းထောင်ထားလဲ၊ ဘယ်နေရာလဲဆိုတာ ဘယ်သူမှမသိဘူး။ ပြည်သူတွေအတွက် အန္တရာယ် ပိုဖြစ်တာပေါ့။ အခုဆိုအိမ်ပြန်လာတဲ့ရွာသူ၊ ရွာသားတွဆို မိုင်းအသိပညာလည်းမရှိဘူး” ဟု သိန္နီမြို့ဒေသခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။ 

ထို့အပြင် နေရပ်သို့ပြန်လာသည့် ပြည်သူအများစုသည် နဂိုလမူအတိုင်းကောင်းမွန်သည့် နေအိမ်ထဲတွင် နေရသည်မဟုတ်ဘဲ လက်နက်ကြီးကြောင့် ယိုယွင်းပျက်စီးသွားသည့် အိမ်ပျက်ကြီးထဲမှာသာ နေထိုင်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင်လည်း သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် နေထိုင်သူ စိုင်းအောင်မင်းသည်လည်း ၎င်းအိမ်ခြံနောက်ဖေးသို့သွားပြီး ဟင်းရွက်သွားခူးနေစဉ် မြေမြုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာနှင့် သေဆုံးခဲ့ရသည်။

၂၀၀၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သျှမ်းပြည်တွင် မိုင်းနှင့်ပေါက်ကွဲစေတတ်သော ပစ္စည်းများကို မသိဘဲ ကိုင်မိပေါက်မိ၍ သေဆုံးမှု ၂၆.၅၅ ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း မြေမြုပ်မိုင်းနှင့်ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine & Cluster Munition Monitor မှ ၂၀၂၃ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲတတ်သော စစ်အကြွန်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူ သိသိသာသာတိုးလာနေပြီး မြို့နယ်ပေါင်းတစ်ဝက်ကျော်မှာ မြေမြုပ်မိုင်းအန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...