Saturday, May 11, 2024

မိုင်းနင်းမိ

သိန္နီမြို့ ခရစ်ယာန်ဘုရားကျောင်းဝန်း သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦးမိုင်းနင်းမိ၊  ၁ ဦးသေဆုံး 

သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု ဟိုတာရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိပြီး၊ ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။  ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၆ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသူ အမျိုသား ၂...

ကွတ်ခိုင် လမ်းခင်းလုပ်သား ၆ ဦး မိုင်းနင်းမိ၊ တစ်ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်ရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးအပါအဝင် လမ်းခင်းလုပ်သား ၆ ဦးသည် မြေမြှုပ်မိုင်း နင်းမိ၍ တစ်ဦး သေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၇ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ တိုးဂိတ်အကျော်ရှိ ခရစ်ယာန်သုဿာန်အနီး၌...

ငွေတောင်းကြမ်းသည့် လားရှိုး ခမရ (၆၈) တပ်က ဗိုလ်ကြီး မိုင်းနင်းမိ ခြေထောက်ဖြတ်လိုက်ရ

သျှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှ မိုင်းယော် အထွက်ဘက်ရှိ စစ်ကောင်စီ ခမရ (၆၈) တပ်ရင်းမှ ဗိုလ်ကြီး ဦးဆောင်၍ မိုင်းခင်းပြီးနောက် ဦးဆောင်သူ ဗိုလ်ကြီး မိုင်းနင်းမိသဖြင့် ခြေထောက် ဖြတ်လိုက်ရကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်တွင် ခမရ...

သီပေါမြို့နယ် အမျိုးသားတစ်ဦး ကျွဲသွားရှာရင်း မိုင်းနင်းမိပြီး ညာခြေထောက်ပြတ်ခံရ

သျှမ်းပြည် သီပေါမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လည် ၁ နာရီကျော်တွင် သီပေါမြို့နယ် မိုးတေကျေးရွာမှ အသက် ၂၈ နှစ်အရွယ်ခန့်ရှိ စိုင်းအောင်ကြံ ဆိုသူသည် မိုးတေတံတားအနီး ကျွဲသွားရှာရင်း မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ်...

ပင်လောင်း စစ်ရှောင်လူငယ် မိုင်းနင်းမိ၊ ဆေးဝါးကုသရန် အကူညီလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ စစ်ရှောင်လူငယ် အမျိုးသားတစ်ဦး နေရပ်ပြန်သွားစဥ် မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ပင်လောင်းမြို့နယ် ဝါးလီးစစ်ဘေးရှောင်စခန်းမှ လုံးပျဉ်ကျေးရွာအုပ်စု ပင်ပုံရွာသို့ နေရပ်ပြန်သွားသည့် အသက် ၂၀ အရွယ်ရှိ စစ်ရှောင်လူငယ်တစ်ဦးသည် ရွာအနီးရောက်စဥ်...

မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင် မြေမြှုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းယွမ်းကျေးရွာအုပ်စု နောင်ပတ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး ခြံသွားရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် နောင်ပတ်ကျေးရွာတွင် စက်တင်ဘာ ၁၃ နေ့လည် ၃ နာရီဝန်းကျင်၌ အသက် (၂၆)နှစ် အရွယ်ရှိ စိုင်းကုဆလ သည် ခြံသို့သွားစဉ်...

သီပေါမြို့နယ် အမျိုးသားတစ်ဦး တောလိုက်ရင်း မိုင်းနင်းမိသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထန်စန့်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးသည် တောလိုက်နေစဥ် အတွင်း လက်ကျန်မြေမြုပ်မိုင်းနင်းမိကာ သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၀ )ရက် ညနေ ၄ နာရီဝန်းကျင်တွင် ထန်စန့်ကျေးရွာနေ ရွာသား ၁၄ ဦးခန့်သည် တောလိုက်နေစဥ်တွင် လူစုခွဲသွားပြီးတောင်စောင်းဘက်သို့ သွားသည့် အမျိုးသားတစ်ဦးမှ မိုင်းနင်းမိခြင်း...

မိုင်းကိုင်မြို့နယ် အမျိုးသား (၂) ဦး အမဲလိုက်သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု တွန်ကျိုင်းကျေးရွာမှ ဒေသခံ (၂) ဦး အမဲလိုက်ရန် သွားနေစဉ် မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ (၁၆) ရက် သင်္ကြန်အတက်နေ့တွင် အသက် (၄၀) ကျော်အရွယ် လုံးဆမ် နှင့် လုံးလမ် တို့...

သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်ယန်းအုပ်စု ကောင်းဟုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံးခဲ့ပြီး ကျန်ရစ်သူ မိသားစုဝင်များ စားဝတ်နေရေးအတွက် များစွာ အခက်အခဲ ရှိနေကြောင်း သတင်းသိရသည်။ မတ်လ ၂၆ ရက် မနက် ၆ နာရီကျော်တွင် ကောင်းဟုန်းကျေးရွာမှ စိုင်းဘရွှေ နှင့် တခြားဒေသခံနှစ်ဦးတို့သည် ကောင်းဟုန်းကျေးရွာအပြင်ဘက်ရှိ...

သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန် ရရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယာခင်းထဲ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်းသတင်းသိရသည်။ ယမန် (မတ်လ ၁၈) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကြံခင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦး ယာခင်းသို့သွားစဥ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်များကို...

Latest news