ကွတ်ခိုင် လမ်းခင်းလုပ်သား ၆ ဦး မိုင်းနင်းမိ၊ တစ်ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်ရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးအပါအဝင် လမ်းခင်းလုပ်သား ၆ ဦးသည် မြေမြှုပ်မိုင်း နင်းမိ၍ တစ်ဦး သေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၇ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ တိုးဂိတ်အကျော်ရှိ ခရစ်ယာန်သုဿာန်အနီး၌ လမ်းခင်းလုပ်ငန်း ဆောင်ရွက်နေသည့် အလုပ်သမားနှင့် မိသားစုဝင်များသည် နေ့လယ်စာ ထမင်းစားနားရန် ပြင်ဆင်နေချိန် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးနှင့် ကလေး အပါအဝင် စုစုပေါင်း ၆ ဦး ဒဏ်ရာပြင်းထန်ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“ကလေးငယ်ကော ထိတယ်ဆိုတော့ ၆ ယောက်ပေါ့။ ၇ နှစ်ကလေးတော့ မိုင်းအစအန သေးသေးလေးတွေ ထိတာ၊ ကျောက်ပေါက်သလို အပေါက်တွေ ဖြစ်တာ။ ကျန်တဲ့ ၅ ယောက်မှာ မိန်းကလေး ၁ ယောက်က မျက်လုံးတစ်ဘက် ကန်းသွားတဲ့ သဘောရှိတယ်။ သူတို့က မိုင်းစတွေ ဝင်တာ၊ အဲ့တာ ခွဲစိတ်ဖို့ လိုနေတာ”ဟု ကွတ်ခိုင်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့ တိုးဂိတ်အနီးတွင် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ရသူများမှာထဲမှ နမ့်ပါချီးကျေးရွာတွင် ယာယီနေထိုင်သည့် အသက် ၄၈ နှစ် အရွယ်ရှိ ဦးစိုးဝင်း သည် ခြေထောက်ပြတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ပြီး ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“ဒီမနက်ဆုံးသွားတဲ့ ဦးလေးကျတော့ သွေးလွန်တာပေါ့။ ခြေထောက်တစ်ဘက်က လုံးလုံးပြတ်ထွက်သွားပြီး ဘယ်ရောက်သွားမှန်း မသိဘူး။ နောက်တစ်ဘက်ကလည်း ပြတ်လုဆဲဆဲပဲ၊ အရိုးပဲ ကျန်တော့တာ အသားတောင်မရှိတော့ဘူး။” ဟု ကွတ်ခိုင် အမျိုးသမီး ကဆိုသည်။

မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သူများမှာ နန်းစန္ဒီလင်း (၂၅)နှစ်၊ မဇာခြည်ထွေး (၂၃)နှစ်၊ မသင်းသင်းခိုင် (၁၈)နှစ်နှင့် မခိုင်သဇင်အေး (၁၃)နှစ်တို့ ဖြစ်ကြပြီး လက်ရှိတွင် ခွဲစိတ်ကုသမှုခံယူရန် ငွေကြေးအကူအညီ လိုအပ်နေကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“ပုဂ္ဂလိကဆေးခန်း သွားကုရင် တစ်ယောက်ကို ၁၀ သိန်းလောက်ကျမှာ၊ ၄ယောက် ကျန်တာဆိုတော့ သိန်း ၄၀ လောက် ကုန်မယ် သူတို့က ပိုက်ဆံမရှိကြဘူး။ တစ်နေ့လုပ် တစ်နေ့စားတဲ့ လမ်းခင်းအလုပ်သမားတွေဆိုတော့ ငွေကြေးအခက်အခဲ ရှိတာပေါ့။ ဆေးကုတာ မတတ်နိုင်ဘူးဖြစ်နေတာ၊ အကူအညီ လိုနေတယ်။ လားရှိုးပို့နိုင်ဖို့ကလည်း လမ်းခရီးအခက်အခဲ ဖြစ်နေတာ”ဟု မိုင်းနင်းမိသည့် ဒဏ်ရာရလူနာများကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နန်းစန္ဒီလင်း၏ သမီးဖြစ်သူ အသက် (၇)နှစ်အရွယ်ရှိ မမေစစ်နိုင်သည် မိုင်းစများ ထိမှန်ခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရကြောင်း သိရသည်။

အလားတူ မတ်လ ၁၂ ရက်နေ့ တစ်ရက်တည်းတွင် ကွတ်ခိုင်မြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့ရပ်ကွက် (၅)မှ ထင်းသွားရှာသည့် အမျိုးသားတစ်ဦးနှင့် ပန်ဆေးရွာမှ လယ်တောထဲ ကျွဲသွားရှာသည့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီး နှစ်ဦးစလုံးမှာ မိုင်းနင်းမိ၍ ခြေထောက်တစ်ဘက်စီ ဖြတ်လိုက်ရကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ၅ လနီးပါး ကာလအတွင်း ကွတ်ခိုင်မြို့နယ် တစ်ခုတည်းတွင် အရပ်သား (၁၃)ဦးထက်မနည်း မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦးသေဆုံးခဲ့ကာ အများစုမှာ ခြေထောက်ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ Non-CDM ကျန်းမာရေးဝန်ထမ်းများ ကုသပေးခဲ့ပြီး လက်ရှိတွင် TNLA တပ်ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများနှင့် လုပ်ငန်းလည်ပတ်နေကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...