ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင် MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ချမှတ်နိုင်ရန် ဒေသခံများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများ MNDAA ထံ လက်နက်အပ်နှံရန်နှင့် ဆေးဝါးကုသမှု ခံယူရန် ပြောဆိုစည်းရုံးခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“အတင်းအဓမ္မ ဝင်ခိုင်းတာမဟုတ်ဘူး၊ သူရှင်းပြတာက ရှင်းရှင်းပဲ။ တကယ်လို့ ပလောင်စစ်တပ်ထဲမှာ ဝင်ဖူးတယ်၊ အဲဒီမှာ တာဝန်မထမ်းဆောင်ချင်တော့ဘူး ဆိုရင် အိမ်မှာ နေမယ်ဆိုရင်လည်း အိမ်မှာနေမယ်လို့ ပြောပေါ့နော်။ လောလောဆယ် တချို့က တောထဲမှာ သေနတ်ဖွက်ပြီးမှ တစ်ခါတည်း ပြေးကုန်ကြတယ်၊ ဒဏ်ရာရပြီးမှ မထွက်လာရဲတဲ့ လူတွေလည်း ထွက်လာဖို့ ဆေးကုပေးမယ်ပေါ့”ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MNDAA ဗဟိုခေါင်းဆောင်များကြား လောက်ကိုင်မြို့တွင် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူနိုင်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ မီဒီယာများသို့ မတ်လ ၂၀ ရက်တွင် ဖြေကြားထားသည်။

“ကိုးကန့်ဘက်က တကယ်လို့ လုပ်ချင်တဲ့လူဆိုရင် လမ်းဖွင့်ထားတယ် အဲ့လိုပြောတယ်၊ လစာကတော့ လုပ်ပြီဆိုရင်တော့ သူ့ဟာနဲ့သူတော့ ပေးမှာပဲ။ ဟိုဘက်(TNLA)မှာ အလုပ်လုပ်ချင်သေးတယ် ဆိုရင်လည်း သူတို့နယ်မြေ ကန့်သတ်တဲ့နေရာထိ ပို့ပေးမယ်ပေါ့။ တကယ်လို့ သူတို့ဆီမှာ တာဝန်ထမ်းဆောင်ချင်တယ် ဆိုရင်လည်း လက်ခံတယ် ဆိုပြီးမှ အဲ့လိုရှင်းပြတာ။ အတင်းအဓမ္မ ဝင်ဖမ်းတာတော့ မဟုတ်ပါဘူး” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် အဆိုပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပြင်းထန်ခဲ့သည့် ကွတ်ခိုင်တိုက်ပွဲ နှစ်ရက်အတွင်း TNLA ဘက်မှ ထိခိုက်ဒဏ်ရာရသူ (၁၈) ဦးနှင့် လက်နက်ချ ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိပြီး ၎င်းဖမ်းဆီးခံရသူများထဲမှ အချို့ကို မတ်လ (၂၄) ရက်တွင် MNDAA ဘက်မှ ပြန်လည်လွတ်ပေးခဲ့ကြောင်း စစ်ရေးသတင်းမြစ်ထံမှ သိရသည်။

“အခုလောလောဆယ် ပုန်းအောင်းနေတဲ့ လူတွေ သုံးရက်အတွင်း မြန်မြန်ထွက်လာဖို့၊ တောထဲမှာ အိမ်ထဲမှာ ဖွက်ထားတဲ့ လက်နက်တွေ လာအပ်ပေးပေါ့။ တကယ်လို့ လာစစ်လို့ မိရင်တော့ အရေးယူမှာပေါ့နော်။ လောလောဆယ် ဒီသုံးရက်အတွင်းမှာ သူတို့နေရာဘက် သွားရင်သွား၊ အဲ့လို ဖွက်ထားတာ မလုပ်နဲ့လို့ပြောတယ်။ သိန္နီတဝိုက်မှာ ရှေ့နှစ်က သျှမ်းတပ်တွေကို လုပ်သလို ကိုးကန့်က ပလောင်တပ်ကို အဲ့လိုပြန်လုပ်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

အလားတူ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာဆိုင်းဘုတ်များကိုလည်း အောက်ခံ ဆေးအဖြူပေါ်တွင် လူမျိုးအလိုက် သက်ဆိုင်ရာ စာပေနှင့် မြန်မာစာဖြင့် ရေးသားရန် MNDAA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

“မုခ်ဦးနဲ့ ဆိုင်းဘုတ်တွေ ရွာအလိုက်မှာ ပလောင်ရွာဆိုလည်း ပလောင်အလံဒီဇိုင်းနဲ့ အပေါ်မှာ စာရေးတဲ့ဟာ ဖြုတ်ခိုင်းတာ။ အောက်ခံမှာ ဆေးအဖြူ သုတ်ပြီးမှ ပလောင်လို ရေးပြီး အောက်မှာ ဗမာလိုလည်း ရေးပေါ့နော်။ ကချင်ဆိုရင် အပေါ်မှာ ကချင်လိုရေးပြီးမှ အောက်မှာ ဗမာလိုရေး၊ တရုတ်ဆိုရင်လည်း အပေါ်မှာ တရုတ်လိုရေးပြီးမှ အောက်မှာ ဗမာလို ပြန်ရေးထားပေး။ အစည်းအဝေးမှာ အဲ့လိုလုပ်ခိုင်းတယ်” ဟု မုံးစီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA တာဝန်ရှိသူများမှ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကာ လူထုတွေ့ဆုံပွဲများတွင် တရုတ်၊ မြန်မာနှင့် တအာင်း(ပလောင်) ဘာသာစကား ၃ မျိုးဖြင့် ပြောကြားခဲ့ကြောင်း၊ တက်ရောက်လာသည့် ဒေသခံများကို နို့မှုန့်နှင့် ပုလဲဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း MNDAA သတင်းများ ဖော်ပြနေသည့် ကိုးကန့်သတင်းကွန်ရက်မှ ယနေ့ (မတ်လ ၂၆ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...